မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ဒီဇင်ဘာလ ၁၇ ရက်၊
နံနက်ပိုင်းက မော်တော်ဆိုင်ကယ် စီးနင်းသူ များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးအတွက်
ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်နှင့် ရောင်ပြန်စတေကာများ တပ်ဆင်ခြင်း လူထုအသိပညာပေးလုပ်ငန်းကို
လုပ်ဆောင်ခဲ့ကြောင်း အမှတ် (၁၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ကလော-အောင်ပန်းတပ်စိတ်မှ သိရသည်။
.
.
“ဆိုင်ကယ်ဦစီးးထုပ်ကို မေးသိုင်းကြိုးတပ်ပြီး သေချာစွာဆောင်းဖို့နဲ့
ညဘက်တွေမှာ ဆိုင်ကယ်နောက်မီးတွေ မကောင်းလို့ မမြင်ရတဲ့အတွက် ယာဉ်မတော်တဆမှုတွေ မဖြစ်စေဖို့
ရောင်ပြန်တွေကို ဦးထုပ်နဲ့ ဆိုင်ကယ် နောက်ဘက်တွေမှာ ကပ်ပေးတဲ့လုပ်ငန်းကို မြို့ပေါ်
ဌာနဆိုင်ရာတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဈေးနေ့တိုင်းလုပ်ဖို့လည်း စီမံထားရှိပါတယ်။
အဓိက ကတော့ ဆိုင်ကယ်မတော်တဆမှုတွေ လျော့နည်းလာပြီး ပြည်သူလူထု အသက်အန္တရာယ် မရှိစေဖို့ပါ။
လူထုကလည်း အသက်ကိုကာကွယ်တဲ့အနေနဲ့ လိုက်နာစေချင် ပါတယ်”ဟု အမှတ်(၁၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊
ကလော-အောင်ပန်းတပ်စိတ်မှ တာဝန်ခံရဲအုပ် နေလင်းဦး ပြောသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးပြုလုပ်မှုကို အောင်ပန်းမြို့၊
မင်္ဂလာကန်လမ်းဆုံတွင် နံနက် ၉ နာရီ မှ ၁၀ နာရီခွဲအထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၊
နယ်မြေရဲတပ်ဖွဲ့၊ မီးသတ်၊ ထွေ/အုပ်၊ စည်ပင်နှင့် လမ်းဦးစီးဌာနများမှ ပူးပေါင်းခဲ့ကာ
ဆိုင်ကယ်အစီး ၂၅၀ ကို ပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အောင်ပန်း-ကလောမြို့များတွင် ဒီဇင်ဘာလအတွင်း ဆိုင်ကယ်မတော်တဆမှုများကြောင့်
ပြင်းထန်/မပြင်းထန် ဒဏ်ရသည့်အမှုပေါင်း ၇ မှု ရှိခဲ့ပြီး ယာဉ်မတော်ဆမှု လျော့နည်းစေရန်
ဈေးနေ့တိုင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan