မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင်
ဒီဇင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းက အာခါ တိုင်းရင်းသားရိုးရာ ထိန်းသိမ်းရေးအဖွဲ့က ကြီးမှူးကျင်းပသည့်
(၁၁) ကြိမ်မြောက် အာခါ ခါးထောင်းဖားပွဲတော်နှင့် ဧည့်ခံပွဲကို စည်ကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ဖွင့်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်
ခင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အာခါ တိုင်းရင်းသားရိုးရာ ထိန်းသိမ်းရေးအဖွဲ့အကြီးအကဲ
ဦးမင်းညိုက နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြား ခဲ့သည်။
ထို့နောက် ဘိုးဘေးတို့အား အောက်မေ့ဆုတောင်းခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊
မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ အာခါတိုင်းရင်းသား လူငယ်မောင်မယ်များက ခါးထောင်းဖား
တေးသံနှင့် ရိုးရာယဉ်ကျေးမှု အကပဒေသာများ ကပြဖျော်ဖြေခြင်းတို့ဖြင့် အာခါ ခါးထောင်းဖားပွဲတော်
မင်္ဂလာအခါသမယကို ကြိုဆိုခဲ့ ကြကြောင်း သိရသည်။
.
အာခါဇန်း ခေါ် အာခါတိုင်းရင်းသားများ၏ မူလအစ ယုံကြည်ကိုးကွယ်မှု ဘာသာ
ဖွံ့ဖြိုးတိုးတက်စေရန်၊ ယဉ်ကျေးမှု အမွေအနစ်များဖြစ်သည့် ဘာသာ သာသနာ၊ စာပေနှင့် ဝတ်စားဆင်ယင်မှု
ရိုးရာဓလေများအား လေးစား ဂုဏ်ယူနိုင်စေရန် တိမ်မြှုပ်နေသော ရိုးရာယဉ်ကျေးမှုများအား ပြန်လည်ဖော်ထုတ်နိုင်ရန်နှင့်
အနယ်နယ်အရပ်ရပ် တွင် ပျံ့နှံ့နေသော အာခါတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန်
ပွဲတော်ကျင်းပခြင်း ဖြစ်ကြောင်း အာခါယဉ်ကျေးမှု ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဦးမင်းညိုက
ပြောသည်။
.
အဆိုပါ (၁၁) ကြိမ်မြောက် အာခါ ခါးထောင်းဖားပွဲတော်နှင့် ဧည့်ခံပွဲသို့
တြိဂံဒေသတိုင်း တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် စစ်ဖက်ဆိုင်ရာ အကြီးအကဲများ၊
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြန်မာ-ထိုင်းနယ်ခြားကော်မတီအဖွဲ့ဝင်များ၊
အာခါယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးမင်းညိုနှင့် ပွဲတော်ဖြစ်မြောက်ရေး
ကော်မတီဝင်များ၊ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့်
ဧည့်သည်တော်များနှင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan