ပင်းတယမြို့နယ်ရှိ ကျေးရွာများ အားလုံး ၂ဝ၂၅ မတိုင်မီ လျှပ်စစ်မီး ရရှိစေရန် ဆောင်ရွက်လျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယမြို့နယ်ရှိ ကျေးရွာများ အားလုံး ၂ဝ၂၅ မတိုင်မီ လျှပ်စစ်မီး ရရှိစေရန် ဆောင်ရွက်လျက်ရှိ


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ကျေးရွာများ အားလုံး တွင် ၂ဝ၂၅ ခုနှစ်မတိုင်မီ လျှပ်စစ် မီးရရှိစေရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.
.
''ပင်းတယမှာ အရင်ကတည်းက လျှပ်စစ်မီးရရှိပြီးသား ကျေးရွာတွေ လည်းရှိတယ်။ မရရှိသေးတဲ့ ကျေး ရွာတွေလည်း တော်တော် များများ ရှိတယ်။ ကျွန်မတို့က ရွာတွေကို ကွင်းဆင်းတဲ့အခါ ပြည်သူလူထု က လမ်းရယ်၊ လျှပ်စစ်မီးရယ်၊ တံ တားရယ်ကို လိုချင်နေတာ တွေ့ရ ပါတယ်။ အဲဒါကလည်းတစ်နိုင်ငံ လုံးက ပြည်သူတွေရဲ့ အသံပါပဲ။ အ ရင်အစိုးရ လက်ထက်ကတည်းက ပင်းတယမှာ ကျေးရွာ ၁ဝ ရွာ မီး လင်းရေးဆိုပြီး အကောင်အထည် ဖော်ခဲ့တယ်။ အဲဒါကိုပြဿနာတက်ပြီး မီးကမလင်းခဲ့ဘူး။ ပံ့ပိုးမှုတွေကို မ ထည့်ဝင်ကြဘူး။ အစိုးရသစ် တက် လာတဲ့ခါမှာ ရွာတွေကနေ အကူအညီ တောင်းတယ်။ အဲဒါကြောင့် ကျွန်မ တို့ကနေပြီး ဆက်လက်ဆောင်ရွက် ခဲ့တယ်။ ၂ဝ၂၅ မတိုင်မီမှာတော့ ကျေးရွာအားလုံးမီးလင်းဖို့ အကောင် အထည် ဖော်သွားမှာပါ''ဟု ရှမ်းပြည် နယ် မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသအချို့တွင် လျှပ်စစ်မီးလိုအပ် ချက်ရှိနေပြီး နှစ်စဉ်စီမံကိန်းများ ချမှတ် ဖြည့်ဆည်းဆောင် ရွက်လျက် ရှိရာ ၂ဝ၂၅ ခုနှစ်မတိုင်မီ ကျေးရွာ အားလုံး လျှပ်စစ်မီး ရရှိနိုင်မည် ဖြစ် ကြောင်း သိရသည်။
.
ထို့အပြင် ယခု ၂ဝ၁၈ ခုနှစ်အ တွင်း ဂျာမနီနိုင်ငံ၏ ပံ့ပိုးကူညီမှုများ ဖြင့် ကျေးရွာအချို့တွင် မီးလင်းစေ ရန်ဆောင်ရွက်လျက်ရှိပြီး လွှတ်တော် ရန်ပုံငွေ ရရှိလာသည့် ငွေကြေးများကို သက်ဆိုင်ရာ ဒေသတွင်းရှိ လွှတ် တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေး တိုင်ပင်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
ပင်းတယမြို့၏ မြောက်ဘက်ရှိ သိမ်ကုန်းကျေးရွာတွင် ဂျာမနီနိုင်ငံ ၏ချေးငွေဖြင့် ၃၃ KV လျှပ်စစ်ဓါတ် အားခွဲရုံအား တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းဓါတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ပင်းတယ မြောက်ပိုင်းဒေသတစ်ခုလုံး လျှပ်စစ်မီးများ ရရှိလာမည်ဖြစ်ကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats