ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်မည်


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အ စည်းအဝေးကို တောင်ကြီးမြို့ရှိ ပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမတွင် ဒီဇင်ဘာလ ၁၂ ရက်၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
လွှတ်တော်အစည်းအဝေး တက်ရောက်နိုင်ရေးအတွက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြားထားပြီးဖြစ် ကြောင်းလည်း သိရသည်။
.
''ဒီဇင်ဘာလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁ဝ နာရီမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အစည်းအဝေးက ပုံမှန် ကတော့ ၃/၄ ရက်ပါပဲ။ ဒုတိယ အ ကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်''ဟု ရှမ်း ပြည်နယ်လွှတ်တော်ရုံးမှ ဦးစီးအရာရှိ ဦးစိုးထိုက်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ပြီးခဲ့သည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်  ၁၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်မှ ၂၅ ရက်ထိ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်  ၃၂ ဦးမှ ကြယ် ပွင့်ပြမေးခွန်း ၇၃ ခု မေးမြန်းခြင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြေ ကြားခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး အဆို ၄ ခု တင်သွင်းရာအဆို ၃ ခုအား အတည်ပြုနိုင်ခဲ့ပြီး လိုင် စင်မဲ့ယာဉ်များအား အခြားနည်း လမ်းတစ်ရပ်ရပ်ဖြင့် မှတ်ပုံတင်ပြု လုပ်ပေးရေး ပြည်ထောင်စု အစိုးရ သို့ တင်ပြပေးပါရန် ရှမ်းပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း အ ဆိုကို လွှတ်တော်တွင် မှတ်တမ်းအ ဖြစ်သာ ထားရှိခဲ့ကြောင်း သိရသည်။
.
''အခုကျင်းပမယ့် ရှမ်းပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာတော့ နမ့်စန်လေယာဉ်ကွင်းကို မြို့ပြလေကြောင်းလိုင်း အဖြစ် ဆင်းသက်ခွင့်နဲ့ပတ်သက်တဲ့ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းသွားပါ မယ်။ အဆိုအနေနဲ့တော့ တင်သွင်းဖို့ မရှိပါဘူး''ဟု ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ နမ့်စန် မြို့နယ် မဲဆန္ဒနယ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်း အောင်ဆွေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းမွန်းလိန်ကလည်း မိုးနဲမြို့ သမိုင်းဝင် စေတီဘုရား ပုထိုး များအား ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် ပတ်သက်သော မေးခွန်းများ မေးမြန်းရန် ရှိကြောင်းကိုလည်း ပြော ဆိုခဲ့သည်။
.
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မဲ ဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးဆွေ သိန်းသည် စက်တင်ဘာလ ၂၇ ရက်က တောင်ကြီးမြို့၊ သစ်တော ရပ်ကွက်ရှိ ¤င်း၏ နေအိမ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ် လုံအား လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး အဖြစ် လည်းကောင်း၊ ပြည် နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်အား စီမံကိန်း၊ စီး ပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး အဖြစ် လည်းကောင်း ရှမ်းပြည် နယ်အစိုးရအဖွဲ့၏ျွှနဘျငအန စာ မျက်နှာတွင် ရေးသား ဖော်ပြနေခြင်း များကြောင့် ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ ဝန်ကြီးဌာနများ ပြောင်းလဲ သတ်မှတ်ခြင်း (သို့မဟုတ်) ပြည် နယ်ဝန်ကြီး တစ်ဦး ရွေးချယ်ခြင်းများ ကို လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်နိုင်ကြောင်းကို အတည်မပြု နိုင်သော သတင်းများအရ သိရသည်။
.
''ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နဲ့ စက်မှုဝန်ကြီးနေရာအတွက် တရားဝင် အမိန့်တော့ မထွက်လာသေးဘူး။ အဲဒီအတွက် အတိအကျ ပြောလို့ မရသေးပါဘူး''ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုး ဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် လွှတ်တော်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  စုစုပေါင်း ၁၄၃ ဦး ရှိပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ် စားလှယ် ၃၁ ဦး၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ် စားလှယ် ၂၈ ဦး၊ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၂၅ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် မှ ကိုယ်စားလှယ် ၆ ဦး၊ လားဟူအ မျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ  ကိုယ်စားလှယ်၂ ဦး၊ ''ဝ'' ဒီမိုကရက် တစ် ပါတီမှ ကိုယ်စားလှယ် ၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ် ၁ ဦး၊ ကိုး ကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါ တီမှ ကိုယ်စားလှယ် ၁ ဦး၊ ''ဝ''အ မျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ၁ ဦး၊ အာခါအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ် စားလှယ် ၁ ဦး၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စား လှယ် ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၃၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats