ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို
ယနေ့ ဒီဇင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် ခန်းမတွင်
ကျင်းပပြုလုပ်လျက်ရှိရာ အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊
ရှမ်းပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေပြင်ဆင်ချက် နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး
လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၉ ဦးမှ ကြယ်ပွင့်ပြမေးခွန်း
၁၅ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း၊
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေပြင်ဆင်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး
လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခြင်း၊ ရှမ်းပြည်နယ်လျှပ်စစ်ဥပဒေ (မူကြမ်း) အား လွှတ်တော်သို့
တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ် ရယူခြင်း၊ ရှမ်းပြည်နယ်လွှတ်တော်
တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခြင်းတို့ကို
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပပြုလုပ်လျက်ရှိသော ဒုတိယအကြိမ်မြောက် ရှမ်းပြည်နယ်လွှတ်တော်
(၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
၁၄၁ ဦး ရှိသည့်အနက် လွှတ်တော် ကိုယ်စားလှယ် ၁၁၆ ဦး တက်ရောက်ပြီး ခွင့်ပန်ကြားသူ ၂၅
ဦး ရှိကာ ရာခိုင်နှုန်းအားဖြင့် ၈၂ ဒသမ ၂၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan