နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်ဒေသ၊ နားမခေါ်ကျေးရွာအုပ်စုအတွင်း
တိုက်ပွဲများဖြစ်ပွားနေ ခြင်းကြောင့် ဟိုနားကျေးရွာမှတိုက်ပွဲရှောင် ၅၀၀ ဝန်းကျင်မှာ
နားမခေါ်ကျေးရွာဘုန်းကြီးကျောင်းသို့ ဒီဇင်ဘာ ၁၀ ရက်တွင် တိုက်ပွဲရှောင် ရောက်ရှိလာကြောင်း
သိရှိရသည်။
.
.
ဟိုနားကျေးရွာအနီး ယင်းနေ့နံနက်ပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့်
ဟိုနားဘုန်းကြီးကျောင်း တွင်စုနေသောရွာသားများအား ပရဟိတအသင်းများက နားမခေါ်ကျေးရွာဘုန်းကြီးကျောင်းသို့
ပို့ဆောင်ပေးခဲ့ရ ကြောင်း သိရသည်။
“မနက်ပိုင်း ၈ နာရီလောက်က ပစ်ခတ်မှုတွေပြန်ဖြစ်လို့ သူတို့က ဟိုနားကျေးရွာဘုန်းကြီးကျောင်းမှာ
စုနေကြ တာပါ။ နေ့လယ်ပိုင်းကမှ နားမခေါ်ဘုန်းကြီးကျောင်းကို ပြောင်းချင်တယ်ဆိုလို့ ရွှေ့ပေးတာပါ။
နမ့်လန်ပရဟိတ အဖွဲ့တွေနဲ့ပူးပေါင်းပြီးသွားကြတာပါ” ဟု နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှ
ကိုမျိုးကပြောသည်။
.
အဆိုပါကျေးရွာမှရွာသားများအား သီပေါမြို့မှ နယ်စည်းမခြားပရဟိတအသင်းမှ
ယာဉ်များ၊ နမ့်လန်မှ ဒီးယား ရိန်းဂျားအသင်းတို့မှယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“မနက်ပိုင်းမှာဖြစ်နေပြီးတော့ ရွာထဲမှာပိတ်မိနေကြတာကိုခေါ်ခဲ့တာပါ။
သူတို့ ဆိုင်ကယ်တွေ၊ ကားတွေနဲ့လာ တယ်။ ရွာသားကားတွေ အပစ်ခံရတယ်လို့လည်း ပြောတာကြားမိတယ်။
ရွာသားတွေထိခိုက်တာတော့ မရှိပါဘူး"ဟု ဒီးယားရိန်းဂျားအသင်း(နမ့်လန်)မှ ကိုညီညီကပြောသည်။
.
လက်ရှိတွင် နားမခေါ်ကျေးရွာဘုန်းကြီးကျောင်း၌ တိုက်ပွဲရှောင် ၅၀၀
ဝန်းကျင်ခိုလှုံနေသကဲ့သို့ သီပေါမြို့နယ်၊ မန်ဆန်ကျေးရွာအုပ်စု၊ မန်ဆန်ကြီးဘုန်းကြီးကျောင်း၌လည်း
တိုက်ပွဲရှောင်ရွာသား ၅၀၀ ကျော် ရောက်ရှိခိုလှုံ နေကြောင်း သိရသည်။
.
.
.
#KBZTai #Shan