တောင်ကြီးမြို့ရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာ၌ တရားမဝင် ဆောက်လုပ်နေသော အဆောက်အဦအား သက်ဆိုင်ရာဌာနမှ တားမြစ်စာ ထုတ်ပြန်သွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, December 20, 2018

တောင်ကြီးမြို့ရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာ၌ တရားမဝင် ဆောက်လုပ်နေသော အဆောက်အဦအား သက်ဆိုင်ရာဌာနမှ တားမြစ်စာ ထုတ်ပြန်သွားမည်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာဖြစ်သည့် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး- ဟိုပုံးသွားကားလမ်း ညာ ဘက်အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးရုံးအနီး၌ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဆောက်လုပ်နေသော အ ဆောက်အဦအား တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ တားမြစ်စာ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
.
.
''ဒီအဆောက်အဦနဲ့ ပတ်သက်လို့ တားမြစ်တဲ့စာတွေ ထုတ်ရမှာပေါ့။ နည်းဥပဒေအရလုပ်ထုံးလုပ်နည်း အတိုင်း လုပ်ဆောင်သွားမှာပါ''ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့နယ်စည် ပင်သာယာရေးဌာနမှ နယ်မြေခံအင်ဂျင်နီယာ ဦးစိုင်းထွန်းအောင်ကလည်း ''အဆောက်အဦကို ဆောက်လုပ်ခွင့် မတင်ထားဘူးဆိုရင် ကျွန်တော်တို့က တားမြစ်မယ်။ နောက်တစ်ခုက မြေ ကြီး ပိုင်ဆိုင်မှု ခိုင်မာတယ်ဆိုရင် ဆောက်လုပ်ခွင့် ကျွန်တော်တို့နားကို ပြန်တင်လို့ ရပါတယ်။ မြေပိုင်ဆိုင်မှု လည်း မခိုင်မာဘူး။ ဆောက်လုပ်ခွင့်လည်း မတင်ထားဘူးဆိုရင် စည်ပင် သာယာရေးဥပဒေအရ ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ကတော့ ဆောက်ထား တဲ့ အဆောက်အဦနဲ့ ပတ်သက်လို့ ပေါ့''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ သက်ဆိုင်ရာဌာနများ သို့ အကြောင်းကြားခြင်း မရှိဘဲ အစိုး ရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာ၌ သုံးထပ်တိုက် အဆောက်အဦဆောက် လုပ်နေခြင်းကို တောင်ကြီးခရိုင်/မြို့ နယ် အုပ်ချုပ်ရေးမှူးများ၊ တောင်ကြီး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ တာဝန်ရှိသူ များ၊ တောင်ကြီးမြို့နယ် စည်ပင်သာ ယာရေးဌာနမှ တာဝန်ရှိသူများ၊ ကံ ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာ ဝန်ရှိသူများက ဒီဇင်ဘာလဆန်းပိုင်း က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
.
လက်ရှိအချိန်တွင် အဆိုပါ အဆောက်အဦအား ဆက်လက်ဆောက်လုပ်ခြင်း မရှိတော့ဘဲ လုပ်ငန်းများရပ် ဆိုင်းထားကြောင်းနှင့် ပိုင်ရှင်ဖြစ်သူ မှာ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းရှိ အောင်အောင်သံဆိုင်ပိုင်ရှင် ဦးအောင်ဝင်း ဖြစ်ကြောင်း ကံကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသဖြင့် အောင်အောင်သံဆိုင်သို့ ကမ္ဘောဇ တိုင်းမှ ဒီဇင်ဘာလ ၁၄ ရက်က သွားရောက်မေးမြန်းခဲ့ရာ ''ဦးအောင်ဝင်း မရှိဘူး။ ခရီးသွားနေတယ်။ ဘယ်နှစ် ရက် ကြာမလဲဆိုတာလည်း မသိဘူး။ လာရင် ပြောပေးမယ်နော်။ ကျွန်တော်တို့ ဘာမှမသိဘူး''ဟု အောင်အောင် သံဆိုင်ရှိ အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။
.
''အဲဒီနေရာက အရင်တုန်းက ကျွန်တော်တို့ သိတာကတော့ သစ်တောမြေပဲ။ အခုနောက်ပိုင်း အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေဖြစ်တယ်လို့ သိရတယ်။ အဲ့လိုနေရာမျိုးမှာ ပုဂ္ဂလိက က လာဆောက်ထားတာ။ ဒါက ပွင့်လင်းမြင်သာမှု မရှိတာပဲ။ ပိုင်ရာဆိုင်ရာရှိလို့ လုပ်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ အစိုးရဌာနတွေ ဖြစ်တယ်ဆိုရင်တော့ ဒါက တစ်မျိုးပေါ့။ အခုက ပုဂ္ဂလိက က ဆောက်ထားတာဆိုတော့ တစ်ယောက်ယောက်နဲ့ ပိုင်လို့လုပ်တာဖြစ် နိုင်တယ်။ လက်ညိုးထိုးပြီး ရောင်းစားတဲ့ပုံစံ ဖြစ်နေတယ်။ ဒါကို အစိုးရက ထိထိရောက်ရောက် အရေးယူသင့် တယ်။ တခြား မျက်နှာမွဲ ပြည်သူတွေတော့ အဖျက်ခံရ။ သိမ်းဆည်းခံရ၊ ထောင်ချခံရ အဲ့လိုလုပ်တယ်။ သေ သေချာချာကို ရှင်းရမယ်။ အစိုးရအ နေနဲ့ ဘယ်နေရာက အစိုးရ စီမံခန့် ခွဲပိုင်ခွင့်ရှိတဲ့မြေ၊ ဘယ်နေရာကို ဘယ် လိုပုံစံနဲ့ ချပေးထားတယ်။ အစိုးရ ဘဏ္ဍာထဲကို ဘယ်လို ဝင်တယ်ပေါ့။ အခုဆိုရင် အဆောက်အဦက သေးသေး လည်း မဟုတ်ဘူး။ သုံးထပ်တိုက် တောင် ဆောက်ထားတယ်။ ဒါမျိုး ဆောက်တာက ပုံမှန်ဆိုရင် ဘယ်သူမှ မဆောက်ဘူး။ အဲဒီ အဆောက်အဦ ဆောက်တဲ့ ပိုင်ရှင်က အောင်အောင် သံဆိုင်ကလို့ သိရပါတယ်။ ဒါကို အ စိုးရအနေနဲ့လည်း ပြည်သူတွေ ရှေ့မှာ ချပြပြီး ပွင့်ပွင့်လင်းလင်း လုပ်သင့်ပါတယ်၊ တားမြစ်ရုံနဲ့လည်း မလုံ လောက်သေးဘူး၊ ဒါမျိုးတွေ ဆက်ပြီး ဖြစ်ပေါ်မလာဖို့အတွက် ရောင်းသူရော၊ ဝယ်သူရော၊ ဒီအဆောက်အဦကိစ္စမှာ ပါဝင် ပတ်သက်နေတဲ့ သူတွေကိုရော ထိထိရောက်ရောက် အရေးယူ ဆောင် ရွက်သင့်ပါတယ်။''ဟု ရှမ်းပြည်နိုင် ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုယဉ်ဌေးက ပြောသည်။
.
၎င်းမြေနေရာအား အစိုးရစီမံခန့် ခွဲပိုင်ခွင့်ရှိသော မြေအဖြစ် ထားရှိရန် နှင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိမှသာ အသုံးပြုခွင့်ရှိသော မြေနေရာအ ဖြစ် ထားရှိရန် ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ သတ်မှတ်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Recent Tube