ကမ္ဘောဇတိုင်း
.
လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းများအကြားတွင် ပဋိပက္ခ အဆုံးသတ်ရေးအတွက်
ငြိမ်းချမ်းရေး ယဉ်ကျေးမှု ထွန်းကားရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါသည်။
.
နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့တွင် ပြုလုပ်သော အာရှပစိဖိတ် အစည်းအဝေး၌
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း
ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိခဲ့သည့်အချိန်မှ စတင်၍ ယနေ့တိုင်
နှစ်ပေါင်း ၇ဝ ကျော် ကြာမြင့်လာသည်အထိ ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို မတည်ဆောက်နိုင်သေးဘဲ
အထူးသဖြင့် ရှမ်းပြည်နယ်ဒေသတွင် ယမ်းခိုးများက ဝေနေဆဲ၊ ဒေသခံများ ငိြုေ<ွကးနေရ ဆဲပင်
ဖြစ်သည်။
ခေတ်အဆက်ဆက် အုပ်ချုပ်သူ အစိုးရများမှ ဦးဆောင်၍ ပြည်တွင်းငြိမ်းချမ်းရေးအတွက်
နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသော်လည်း သိသာထင်ရှားသည့် အောင်မြင်မှုမျိုးကို
မတွေ့ရသေးဘဲ လက်ရှိမြေပြင်တွင် တိုက်ပွဲများက ဖြစ်ပွားနေဆဲဖြစ်သည်။ ပြည်သူ များမှာလည်း
ကျီးလန့်စာစားဘဝမှ မလွတ်မြောက်နိုင်သေးပါ။
.
ခေတ်စနစ်များ ပြောင်းလဲနေသော်လည်း မပြောင်းလဲသေးသည့် ဘဝများက တောင်
ပေါ်မြေတွင် ရှိလို့နေဆဲဖြစ်သည်။ လွတ်လပ်ရေး
ရရှိပြီးစ ကာလတွင်လည်း ယမ်း ခိုးများဝေခဲ့ရသည်။ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတခေတ်၊
နယက ခေတ်၊ ယခု ဒီမိုကရေစီခေတ် မည်သို့ပင် ခေတ်တွေပြောင်းပြောင်း ရှမ်းကုန်းမြေမြင့်တွင်
ယမ်းခိုးများ ဝေနေဆဲဖြစ်သည်မှာ မပြောင်းလဲပေ။
.
ပြီးခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက်တွင်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (ဃြဗ) ကို အကောင်အ ထည် ဖော်နိုင်ခဲ့သည်။
ယခုြီူ အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ခေါ် ၂၁ ရာစု ပင်လုံညီလာခံကို
ကျင်းပလျက် ရှိသည်။
.
သို့သော် ၂၁ ရာစုပင်လုံမှာလည်း
ထင်သလောက် ခရီးမပေါက်နိုင် ဖြစ်နေရသည်။ နိုင်ငံတော်အတိုင်ပင်ခံ၏ စကားကို ပြန်ကောက်ရသော်
ငြိမ်းချမ်းရေးယဉ်ကျေးမှုကို မတည်ဆောက်နိုင်ခြင်းသာ ဖြစ်သည်။ တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန်
မယုံ ကြည်မှုများ၊ အမုန်းအာဃာတများ ကြီးစိုးနေကြသည်။
.
တိုင်းပြည်တစ်ခု ကြီးပွားတိုးတက်ရေးတွင်
ပြည်တွင်းစစ်မှာ အဓိကအကျဆုံးသော ခလုတ်ကန်သင်း ဖြစ်သည်။ ဆယ်စုနှစ် ၇ ခုကျော် ကြာမြင့်နေပြီဖြစ်သော
စံချိန်တင် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန်အတွက် ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို မဖြစ်မနေ
တည်ဆောက်ရမည့် အချိန်အခါ တစ်ခုကို ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ရှမ်းကုန်းမြေ မြင့်တွင်
ယမ်းငွေ့မပါသည့် မြူခိုးရနံ့များကို ဒေသခံတိုင်းရင်းသား ပြည်သူအားလုံးက ရှူရှိုက်လိုသည့်
ဆန္ဒများ ပြင်းပြနေကြသည်ကို သတိပြု၍ ငြိမ်းချမ်းရေး ယဉ်ကျေးမှု ဖော်ဆောင်နိုင်ကြပါစေကြောင်း။
။
.
.
.
#KBZTai #Shan