၂ဝ၁၉ နှစ်ဆန်းပိုင်းမှစ၍ တောင်ကြီးမြို့ နယ်ရှိ အထင်ကရ ဘုရားပရဝဏ်များကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ အဖြစ် ကြေညာမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၂ဝ၁၉ နှစ်ဆန်းပိုင်းမှစ၍ တောင်ကြီးမြို့ နယ်ရှိ အထင်ကရ ဘုရားပရဝဏ်များကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ အဖြစ် ကြေညာမည်


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ အထင်ကရဘုရား ပရဝဏ်များတွင် ၂ဝ၁၉ နှစ်ဆန်း ပိုင်းမှစ၍ ဆေးလိပ်ငွေ့ ကင်းစင်နယ် မြေအဖြစ် ကြေညာနိုင်ရန် လုပ် ဆောင်လျက် ရှိကြောင်း သိရသည်။  
.
.
''တောင်ကြီးမြို့နယ် အတွင်းမှာ ရှိတဲ့ ရွှေဘုန်းပွင့်ဘုရား၊ စူဠာမုနိဘုရား၊ ကက္ကူဘုရားနဲ့ တောင်ကြီးမြို့လယ်ဓမ္မာရုံ နေရာတွေကို လာမယ့် နှစ်ဆန်းပိုင်းမှာ ဆေးလိပ်ငွေ့ကင်း စင်နယ်မြေအဖြစ် ကြေညာနိုင်ဖို့ လုပ် ဆောင်နေပါတယ်။ တချို့မြို့တွေမှာ အားကောင်းသလို၊ တချို့မြို့တွေမှာ အားနည်းနေသေးတဲ့အတွက် လိုအပ်ချက်တွေတော့ ရှိနေ ပါသေးတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေ ဆေးလိပ်ငွေ့ ကင်းစင်တဲ့ လေရှူခွင့်ရအောင်၊ ကျန်းမာကြံ့ခိုင်တဲ့သူတွေ ဖြစ်အောင်၊ မူးယစ်ကင်းစင်တဲ့ လူ့ဘောင်အသိုင်း အဝိုင်းဖြစ်အောင် ကြိုးစားပြီးတော့ လုပ်နေတယ်။ ဒီလုပ်ငန်း လုပ်တယ် ဆိုတာကလည်း တစ်ဦးတစ်ယောက် တည်းလုပ်လို့ မရပါဘူး။ အများပြည်သူ အားလုံး ပူးပေါင်းပါဝင် လုပ်ကိုင် ဆောင်ရွက်မှ အောင်မြင်မှာဖြစ်ပါတယ်။ ပြည်သူ၊ ပြည်သားတွေအကုန်လုံး ကျွန်တော်တို့နဲ့ ပူးပေါင်း ပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်။ ရှမ်းပြည်နယ်မှာရှိတဲ့ အထင်ကရနေရာ ၁ဝ၄ နေရာကိုလည်း ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ သတ်မှတ်နိုင်ရန် အဆင့်ဆင့် လုပ်ဆောင်သွားမှာပါ'' ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည် နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုး ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်တွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ် ထပ်မံကြေ ညာနိုင်ရန် လုပ်ဆောင်နေသည့် နေရာများမှာ ပင်လုံမြို့ရှိ ပင်လုံ ကျောက်တိုင်၊ နိုင်ငံခြားသားများ အလည်အပတ်များသော ကလောမြို့ နယ်ရှိ နှီးဘုရားနှင့် မြင်းမထိဂူ၊ သီ ပေါမြို့နယ်ရှိ ဘော်ကြိုဘုရား၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဘုရားတို့ ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ဆေးလိပ် ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ခေါင်း စဉ်ဖြင့် လူထုကျန်းမာရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၆ ရက်က ပင်း တယမြို့ရှိ ရွှေဥမင်ဘုရား ပရဝဏ် အား ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ အဖြစ် ကြေညာနိုင်ခဲ့ပြီး အဆိုပါလှုပ် ရှားမှုအတွက် (၆)ကြိမ်မြောက် အာ ရှ-ပစိဖိတ်ဒေသဆိုင်ရာ ဆေးလိပ် ငွေ့ကင်းစင်မြို့တော်များ ညီလာခံမှ  SEATCA Smoke Free Award  ဆုချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats