မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, December 18, 2018

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၁၆ ရက်၊ ညနေပိုင်းက ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ် တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်၊ ညနေပိုင်းက ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေးနေစဉ် ချစ်လှအောင် မောင်းနှင်ပြီး နိုင်လင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ နိုင်လင်း၏ ဘောင်းဘီအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၇၅ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်သတင်းအရ အဆိုပါဆေးပြားများအား ရောင်းချပေးသူ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာနေ စိုင်းဆိုင်အွမ်၏ နေအိမ်အား သွားရောက်စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ကိရိယာများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံရယူမည့် ကိုချစ် (ခ) အောင်စိုးချစ် အား ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းလမ်း၊ ရှုခင်းသာအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ နိုင်လင်း (၃၇ နှစ်)၊ ချစ်လှအောင် (၂၂ နှစ်)၊ စိုင်းဆိုင်အွမ် (၃၈ နှစ်) နှင့် ကိုချစ် (ခ) အောင်စိုးချစ် (၃၃ နှစ်) တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Recent Tube