လျှပ်စစ်မီတာသုံးစွဲခ ကောက်ခံရာတွင် မီးဆက်ခကောက်ခံမှုနှင့် ပတ်သက်၍ အများပြည်သူမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်း မရှိဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လျှပ်စစ်မီတာသုံးစွဲခ ကောက်ခံရာတွင် မီးဆက်ခကောက်ခံမှုနှင့် ပတ်သက်၍ အများပြည်သူမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်း မရှိဟု ဆို


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အတွင်း၌ လျှပ်စစ်ဓာတ်အား မီးဆက်ခ ကောက်ခံနေခြင်းနှင့် ပတ်သက်၍ အများပြည်သူများ ကျယ် ကျယ်ပြန့်ပြန့် သိရှိနားလည်ခြင်း မရှိ ကြောင်း ဒေသခံ ပြည်သူများမှ ဝေ ဖန်ပြောဆိုလျက်ရှိသည်။
.
 
.
''ကျွန်တော်တို့ အိမ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်က လျှပ်စစ်ရုံးကို မီတာသွားဆောင်တယ်။ အဲဒီမှာ သူ တို့ သတ်မှတ်ထားတဲ့ ရက်လွန်သွား တယ်။ အဲဒါကို မီတာခ သွားသွင်း  တော့ သူတို့က ၃ဝဝဝ ဆိုပြီးတောင်း တယ်။ ရက်လွန်ကြေးလား ဒဏ်ကြေး လားဆိုပြီး မေးတော့ အဲဒီစာရေးမက ဒဏ်ကြေးလို့ ပြောတယ်။ ဒဏ်ကြေး က မဆောင်ရဘူးလို့ ဂျာနယ်တွေ၊ သတင်းစာတွေမှာ ဖတ်ရတယ်။ ဘာ အတွက် ကောက်တာလဲ ဆိုတာကို တာဝန်ရှိသူတွေက ရှင်းရှင်းမဖြေဘူး။ မီးဆက်ခ ကောက်တာဆိုရင်လည်း ပြည်သူသိအောင် ပြောသင့်ပါတယ်'' ဟု တောင်ကြီးမြို့နေ ဒေသခံဖြစ်သူ ဦးဇော်မိုးအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ခရိုင်အင်ဂျင်နီယာ ဦးသိန်းဝင်းက ''ကျွန်တော်တို့ လျှပ်စစ်ရုံး အနေနဲ့ကတော့ အရင်ကတည်းက လျှပ်စစ်ဓာတ်အားခအတွက် ရက်လွန်ကြေး ကောက်ခံခြင်း မရှိပါ ဘူး။ မီးဆက်ခပဲ ကောက်ခံတာ ဖြစ် ပါတယ်။ ဥပမာ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို လာရောက်မသွင်း ဘဲနေရင် တစ်လကို မီးဆက်ခ ၂ဝဝဝ ကျပ်၊ ၂ လဆိုရင် ၃ဝဝဝ ကျပ်၊ ၃ လဆိုရင် ၄ဝဝဝ ကျပ်ကောက်ခံတာ ဖြစ်ပါတယ်။ ၄ လ ဆိုရင်တော့ အဲ ဒီမီတာစက်ကို ယာယီအနေနဲ့ သိမ်း တယ်။ ကျသင့်တဲ့ငွေကို လာသွင်းမှ မီတာစက်ကို ပြန်ပေးတယ်။ ဒါက တော့ အိမ်သုံးမီတာ ဖြစ်ပါတယ်။ ဒါ ကို ပြည်သူတွေက နားလည်မှု လွဲနေ ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
မီတာဖတ်ရန်အတွက် မီတာဖတ် စာရေးဖြစ်သူမှ သွားရောက်စဉ် နေ အိမ်၌ လူမရှိခြင်းနှင့် မီတာစက်ကို အိမ်ရှေ့တွင် တပ်ဆင်ပေးထားသော် လည်း အဆောက်အဦတိုးချဲ့ ဆောက် လုပ်မှုများကြောင့် မီတာစက်မှာ နေ အိမ်အသွင်းသို့ ရောက်ရှိသွားခြင်းများ ကြောင့် မီတာဖတ်ရာတွင် အခက်အ ခဲများ ရှိနေကြောင်း ¤င်းမှ ဆက်လက် ပြောကြားခဲ့သည်။
.
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လျှပ်စစ်ဓာတ် အားခ ရက်လွန်ကြေး မကောက်ခံရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ် ငန်းရုံးများသို့ ညွှန်ကြားထားကာ လျှပ် စစ်ဓာတ်အားခ ကောက်ခံမှုနှင့် ပတ် သက်၍ ကျေနပ်မှု မရှိပါက တောင် ကြီးခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူးရုံး သို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းနံပါတ် ဝ၈၁၂၁၂၃၇၈၈ သို့ဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats