တရုတ်ကြက်သွန်နီများ ဝင်ရောက်မှုကြောင့် ရှမ်းပြည်နယ်ရှိ ကြက်သွန်နီစိုက် တောင်သူများ အခက်အခဲ ဖြစ်လာနိုင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, December 23, 2018

တရုတ်ကြက်သွန်နီများ ဝင်ရောက်မှုကြောင့် ရှမ်းပြည်နယ်ရှိ ကြက်သွန်နီစိုက် တောင်သူများ အခက်အခဲ ဖြစ်လာနိုင်



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်အတွင်းရှိ ကြက်သွန်နီဈေးကွက်တွင် တရုတ်ကြက်သွန်နီများ ဝင်ရောက်နေမှုကြောင့် ရေရှည်၌ ပြည်တွင်းကြက်သွန်နီဈေးကွက် မယှဉ်ပြိုင်နိုင်ဘဲ ကြက်သွန်နီ စိုက်တောင်သူများအတွက် အခက်အခဲ ဖြစ်ပေါ် လာနိုင်ပြီး ကြက်သွန်နီစိုက်ပျိုးမှု လျော့နည်းလာနိုင်သည်ဟု ရှမ်းပြည်နယ်အတွင်းရှိ ကြက်သွန်နီစိုက် တောင်သူများထံမှ သိရသည်။
.
.
''တရုတ်ကြက်သွန်နီတွေက အရင်ကတည်းက ပြည်တွင်းဈေးကွက်ကို ဝင်ရောက်နေတာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာ ဝင်ရောက်မှု ပိုများလာတယ်။ အသုံးပြုရလွယ်ကူ တဲ့အတွက် စားသုံးသူတွေကလည်း ပိုမိုများပြားလာတယ်။ တရုတ်ကြက်သွန်နီတွေက တောင်သူတွေဈေးကွက်ကို ထိခိုက်စေပါတယ်။ တောင်သူတွေ ချည်းမဟုတ်ဘူး ကုန်သည်တွေလည်း ထိခိုက်လာနိုင်တယ်။ ရေရှည်မှာဆိုရင်တော့ စိုက်ပျိုးတဲ့ တောင်သူတွေက ဈေးကွက် မယှဉ်ပြိုင်နိုင်တဲ့အတွက် အခက်အခဲတွေ ဖြစ်လာမယ်။ စိုက် ပျိုးမှုတွေ လျော့နည်းလာမယ်လို့ ထင်ပါတယ်''ဟု ပင်လောင်းမြို့မှ ကြက်သွန်နီစိုက် တောင်သူ ကိုခွန်လှဝင်းက ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ တရုတ်ကြက်သွန်နီများ ရှမ်းပြည်နယ်အတွင်းသို့ ပေါများစွာ ဝင်ရောက်နေမှုကြောင့် အနာဂတ် ကာလတွင် ကြက်သွန်နီစိုက်တောင် သူများပါမက ကုန်သည်များကပါ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပြီး ပြည်နယ် အတွင်းရှိ အောက်ခြေလူတန်းစားများ အတွက် အခက်အခဲ ဖြစ်လာနိုင်သည် ဟု ¤င်းက ဆက်လက်ပြောကြားခဲ့ သည်။
.
''နောင်လာမယ့် နှစ်တွေဆိုရင်တော့ စိုးရိမ်စရာပါပဲ။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်က တက်လာတယ်။ ကျွန်တော်တို့ စိုက်ပျိုးတဲ့ဒေသတွင်း ကြက်သွန်နီက အရသာ ကောင်းတယ်။ အရည်အသွေးပိုင်းလည်း ကောင်းတော့ စားသုံးသူတွေ ကြိုက်တယ်။ ဒါပေမဲ့ ဈေးနှုန်းအရဆိုရင်တော့ ထက်ဝက်လောက် ကွာနေတော့ ကြာလာရင် တောင်သူတွေအတွက် အခက်အခဲဖြစ်လာပြီး စိုက်ပျိုးမှုတွေ လျော့နည်းသွားနိုင်တယ်''ဟု ပင်လောင်းမြို့မှ ကြက်သွန်စိုက် တောင်သူ ဦးခွန်လှဝေက ပြောသည်။
.
တရုတ်ကြက်သွန်နီများသည် ပြည်တွင်းသို့ စတင်ဝင်ရောက်စဉ်က ပြည်တွင်းကြက်သွန်နီများထက် ဈေး နှုန်းချိုသာစွာ ဝင်ရောက်လာခဲ့သော် လည်း ယခုနှစ်ပိုင်းများတွင် ဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး နောင်နှစ်များတွင် ပြည်တွင်းကြက် သွန်နီဈေးများနှင့် တန်းတူဖြစ်သွားနိုင်ပြီး တောင်သူများအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း ပြောဆိုလျက်ရှိသည်။

Recent Tube