မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ကျိုင်းတုံ-တာချီလိတ်ကားလမ်း၊ ကီလိုမီတာမိုင်တိုင်အမှတ်
၆၄၂/၅၀၀ အနီး၌ ကျိုင်းတုံမြို့ဝင် ဆိုင်းဘုတ်ကို ရှမ်း-မြန်မာ နှစ်ဘာသာဖြင့် ဒီဇင်ဘာ
၈ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
.
မြို့ဝင်ဆိုင်းဘုတ်
ဖွင့်ပွဲတွင် ကျိုင်းတုံရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဥက္ကဌ
ဦးစိုင်ဟောင်ခမ်းနှင့် အမှုဆောင်အဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု
ဥက္ကဌ ဦးစိုင်းလာနှင့် အဖွဲ့ဝင်များ၊ ဒေသခံ ရှမ်းတိုင်းရင်းသား များ တက်ရောက်ခဲ့ပြီး
ဦးစိုင်းဟောင်ခမ်းနှင့်အဖွဲ့က မြို့ဝင်ဆိုင်းဘုတ်အား အမွေးနံ့ သာရေများဖြင့် ပက်ဖြန်း
ဖွင်လှစ်ခဲ့သည်။
အဆိုပါ မြို့အ၀င်ဆိုင်းဘုတ်ဒာား
ကျိုင်းတုံမြို့ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရှမ်းပြည်နယ်
အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် မြန်မာ-ရှမ်းနှစ်ဘာသာဖြင့်
ရေးသားစိုက်ထူခဲ့ပြီး ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan