ကျိုင်းတုံ-တောင်ကြီး ကားလမ်းဘေးရှိ ရေချောင်းများ တိမ်ကောမှု ဖြစ်ပွားနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံ-တောင်ကြီး ကားလမ်းဘေးရှိ ရေချောင်းများ တိမ်ကောမှု ဖြစ်ပွားနေ


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ကျိုင်းတုံ-တောင်ကြီး လမ်းဘေး ၌ စီးဆင်းလျက်ရှိသော နမ့်အော် ချောင်းနှင့် နမ့်ခင်ရေချောင်းများသည် သဲနုန်းမြေ ပို့ချမှုကြောင့် တိမ်ကော လျက်ရှိပြီး ကျိုင်းတုံမြို့နယ် ဆည် မြောင်းဦးစီးဌာန၏ တိုင်းတာချက်အရ နမ့်ခင်ချောင်းကြမ်းပြငှ်နေူနလနူ မြင့်တက်လာမှုမှာ အမြင့် ၅ ပေ ရှိ ကြောင်း သိရသည်။
.
 
.
ယင်းကဲ့သို့ နမ့်ခင် ရေချောင်း ကြမ်းပြင် မြင့်တက်လာခြင်းကြောင့်  ၂ဝ၁၈ ခုနှစ်၊ မိုးရာသီမှ စတင်၍ချောင်း ဘေးဝဲယာရှိ ဥယျာဉ်ခြံမြေ၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေး လုပ်ငန်းများ သဲ နုန်းမြေများ ပို့ချမှုကြောင့် ထိခိုက် ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ကျိုင်း တုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု ရှိ ပတ်ဝန်းကျင်မှ လယ်မြေများမှာ ချောင်းရေ စီးဆင်းမှု၏ အောက်အနိမ့် ပိုင်းသို့ ရောက်ရှိကာ နစ်မြုပ်ပျက်စီး နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ သည်ဟု ဒေသခံ လယ်သမားများထံ မှ သိရသည်။
.
''ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေ ဖြစ်စေ၊ သဘာဝ ဘေးစီမံ ရန်ပုံငွေ ဖြစ်စေ တင်ပြတောင်းခံပြီး ချောင်းကြမ်းပြင်မှာ ရှိနေတဲ့ သဲနုန်း တွေကို တူးဖော်ဖို့ ရည်ရွယ်ထားပါ တယ်။ လာမယ့် မိုးရာသီမှာ ဆိုရင် ရေမျက်နှာပြင် ပိုမြင့်တက်လာပြီး လယ်တွေ ပျက်စီးမှာ စိုးရိမ်ရပါတယ်'' ဟု ကျိုင်းတုံခရိုင် စီမံခန့်ခွဲမှုကော်မ တီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦး ဝင်းမင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပြောကြားချက်နှင့် ပတ် သက်၍ နမ့်ခင်ချောင်းဘေးတွင် စိုက် ပျိုးရေး လုပ်ငန်း လုပ်ကိုင်နေရသည့် ဒေသခံ တစ်ဦးက ''တောင်ကြီးလမ်း မှာ လမ်းချဲ့နေတော့ မြေစာတွေကို ချောင်းဘက်ခြမ်းကို အလွယ်တကူပစ် ချနေတာ ရှိပါတယ်။ ကျောက်ထုတ် လုပ်ငန်းရှင် တချို့ကလည်း လုပ် ငန်းခွင်က ထွက်တဲ့ မြေစာတွေ ကို ချောင်း ဘက်မှာပဲ လာစွန့် ပစ်နေတာကြောင့် အခုလို ချောင်း ကောနေတာ ဖြစ်ပါတယ်။ ဒါတွေ ကို မထိန်းသိမ်းနိုင်ဘဲနဲ့တော့ အစိုး ရရန်ပုံငွေ ဆိုတာက အိတ်ပေါက်နဲ့ ဖားကောက်သလိုပဲ ဖြစ်နေမှာပါ''ဟု ¤င်း၏ အမြင်ကို ပြောကြားခဲ့သည်။
.
နမ့်ခင်ချောင်းကြမ်းပြင် မြင့်တက် လာမှုကြောင့် ဖြစ်ပေါ်လာသည့် ရေ လျှံ နစ်မြုပ်မှုအား ကာကွယ်ရန် အတွက် ကျိုင်းတုံမြို့ရှိ တွဲဘက် ပြည်နယ်ဆည်မြောင်း ဦးစီးဌာနမှ ချောင်းအတွင်း အရှည်ပေ ၉ဝဝဝ အား သဲနုန်းဆည်ယူရန် လိုအပ် သည်ဟု တွက်ချက်တင်ပြထား ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats