တာမိုးညဲတွင် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် လူ ၄ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာမိုးညဲတွင် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် လူ ၄ ဦး ဒဏ်ရာရ


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲတွင် ဒီဇင်ဘာလ ၇ ရက်၊ ည ၉ နာရီခွဲခန့်မှ ည ၁၁ နာရီခန့် အထိ လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ရပ်ကွက်များအတွင်းရှိ လူ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
 
.
“ညမရောက်ခင် ကတည်းက မြို့ကို ဝိုင်းပတ်နေရာယူထားတယ်လို့ ခန့်မှန်းရတယ်။ အင်အားလဲ တော်တော်များ တယ်။ အဓိက ကတော့ အမှတ်(၂)ရပ်ကွက်အစွန်ဘက်က တပ်စခန်းကို လာပစ်တာ ရပ်ကွက်တွေထဲကပစ်တော့ လူတွေ ထိကုန်တာပါ” ဟု တာမိုးညဲဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်နက်ကိုင်အဖွဲ့များမှ တာမိုးညဲမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းဆုံများတွင် ပစ်ခတ်မှုကြောင့် အမှတ် (၂) ရပ်ကွက်ရှိ ဒေသခံများ ဒဏ်ရာရရှိခဲ့ပြီး တပ်စခန်းဘက်မှ ပြန်လည်ပစ်ခတ်မှု မရှိကြောင်းနှင့် အဆိုပါပစ်ခတ်မှုကြောင့် ဦးခေါင်းဒဏ်ရာရရှိသူ အမျိုးသားနှင့် ရင်ဘတ်ထိမှတ်သူ အမျိုးသမီး တို့မှာ တရုတ်နိုင်ငံတွင် ဆေးဝါးကုသမှု ခံယူရန် အတွက် သွားရောက်ခဲ့ပြီး ကျန် ဒဏ်ရာရလူနာ ၂ ဦးမှာ မစိုးရိမ်ရဘဲ တာမိုးညဲဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
.
ဒီဇင်ဘာ ၆ ရက်၊ နံနက်ပိုင်းကလည်း အမှတ်(၆)ရပ်ကွက်အတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် နေအိမ်တစ်လုံးရှိ ရေခဲသေတ္တာနှင့်အိမ်နံရံများ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကာ တစ်လုံးမှာ မပေါက်ကွဲခဲ့ကြောင်း သိရသည်။
.
ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့၊ မကောက်တောင်တွင် ဒီဇင်ဘာလ ၆ ရက်က နံနက် ၇ နာရီမှ ၇ နာရီခွဲ အထိတစ်ကြိမ်၊ လွယ်ကန်ကျေးရွာအနီး တောင်ခြေတွင် နံနက် ၉ နာရီမှ ညနေပိုင်း ၆ နာရီခွဲအထိ တစ်ကြိမ်၊ ခလရ (၂၉၀) တပ်စခန်းအနီး တွင် မွန်းလွဲပိုင်း ၂ နာရီမှ ၂ နာရီ ၄၀ အထိ တစ်ကြိမ် တစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA မှ ထုတ်ပြန်ကြေညာထားသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats