တရုတ်နိုင်ငံသို့ သွားရောက်မည့် ဘင်္ဂါလီ ၁၅ ဦးအား နောင်ချိုတွင် ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်နိုင်ငံသို့ သွားရောက်မည့် ဘင်္ဂါလီ ၁၅ ဦးအား နောင်ချိုတွင် ဖမ်းဆီးရမိ


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ အိုရီယမ်တယ် တိုးလ်ဂိတ်အနီးတွင် ဒီဇင်ဘာလ ၁၂ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ သွားရောက်မည့် ဘင်္ဂါလီ ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လဝကဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
 
.
နောင်ချိုနှင့် ကျောက်မဲမှ စရဖတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များ၊ လဝကဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာ ၁၂ ရက်က တိုးလ်ဂိတ်အနီးတွင်ပိတ်ဆို့စစ်ဆေးနေစဉ် မန္တလေးဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်း အေးမင်းထွန်း မောင်းနှင်ပြီး ဘေးတွင် မောင်မောင်တင်ဆိုသူ လိုက်ပါလာသည့် HIACE အမျိုးအစား ခဲရောင် မော်တော်ယာဉ်အားစစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
.
ခုထိစစ်ဆေးနေတုန်းဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာပါဟု နောင်ချို မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။
.
အဆိုပါ ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တက်ကပြင်ကျေးရွာမှဖြစ်ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၂၀ ပေး၍ သွားရောက်ရန်ကြိုးပမ်းစဉ် ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။
.
ယာဉ်ပေါ်၌ တွေ့ရှိရသည် မြန်မာစကားမပြောတတ်သော ဘင်္ဂါလီအမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂ ဦးအပြင် ယာဉ်မောင်းနှင့်အတူ လိုက်ပါလာသူ အမျိုးသားတို့အား နောင်ချိုမြို့မ ရဲစခန်း၌ ထိန်းသိမ်းထားပြီး လဝက အက်ဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
.
.
.
#KBZTai #Shan

Journal Download

Photo of three cats