အောင်ကျော်လှ
.
.
ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးရုံဆေးခန်းများ၌ ဆေးစစ်မှုကို
ခံယူကြရာ တွင် ကင်ဆာ (Cancer)ဟူသော စစ်ဆေးမှတ်တမ်း အခြေခံဝေါဟာရအား ကြားမိခဲ့ပါက ထို
ဆေးစစ်ဆေးမှုအား ခံရသူအဖို့ကား မရဏမင်း ကြီးက သေမင်းတမန် ခံတွင်းဝဆီသို့ သွား ရောက်ရန်
ပါမစ်လက်မှတ်ထုတ်ပေး ရရှိလိုက် သည့် အလား ကြက်သီးမွေးညင်းတွေ တဖိန့် ဖိန့်ထကာ ထိပ်လန့်ကြောက်ရွံ့ခံစားသွားကြရ
မည်မှာ အမှန်ပင် ဖြစ်ပေ၏။ ထို့ကြောင့် ဤ သေမင်းတမန်ဖြင့် နဖူးတွေ့ဒူးတွေ့ စစ်ခင်းကြ
ရတော့မည်။ ဤကင်ဆာရောဂါရပ်သည် ကျွန်ုပ်တို့ ကမ္ဘာ့လူသားများဆီသို့ မည်သို့မည်ပုံ မိတ်ဆက်
ဝင်ရောက်လာရသနည်း၊ ကမ္ဘာ့ လူသားတို့မှ ဤကြောက်မက်ဖွယ် ကင်ဆာရော ဂါဆိုးကြီးအား မည်သို့မည်ပုံ
ကာကွယ်တားဆီး ကျော်လွှားကြမည်နည်း ဟူသည့် အကြောင်း ရင်းခံရပ်တို့အား ကျွန်ုပ်တို့ ဉာဏ်မီသလောက်
လေ့လာကြည့်ကြပါစို့။
.
ရှေ့ခေတ်သမိုင်းတွင် ကမ္ဘာ့လူသားများတို့သည် ဤကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းအထူးပင်
နည်းပါးခဲ့သော်လည်း စက်မှုခေတ်ပြောင်းတော်လှန်ရေး ပေါ်ပေါက်လာပြီးသည့် အချိန်ကာလများ၌
ဤရောဂါ ဖြစ်ပွားမှုနှုန်း သိသာစွာတိုး တက်ဖြစ်ပွားလာရသည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့်
ဤကင်ဆာရောဂါ ဖြစ်ပွားမှုသည် စက်လည်စွမ်းအားဖြင့် ပတ်သက်နေမှုအား အဖြေရှာ ဖော်ထုတ်ကြည့်လိုက်ပါက
ထိုခေတ်ထို အချိန်ခါက ဘွိုင်လာအိုးအပူပေး စနစ်ဖြင့် လည် ပတ်ရသော စက်မှုစွမ်းအားတွင်
ကျောက်မီး သွေးလောင်စာအား အရင်းခံအသုံးပြုမှုကြောင့်ပင် ဖြစ်ပေသည်။ ထိုအချိန်အခါက စက်လည်
စွမ်းအားများတို့တွင် သာမက ပို့ဆောင်ရေး ယာဉ်များဖြစ်ကြသော မီးရထား၊ မီးသဘောင်္တို့ တွင်ပင်
ဤကျောက်မီးသွေးလောင်စာအား အ ဓိကထား သုံးစွဲခဲ့ကြသည်။ ဤကျောက်မီးသွေး လောင်စာသုံး စက်ယန္တရား
ယာဉ်ရထားတို့ဆီ မှ ထွက်ပေါ်လာခဲ့သော မီးခိုးငွေ့လုံးကြီးများ၌ လေထု ပမာဏကို ညစ်ညမ်းစေသည့်
ကာ ဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ် နှင့် နိုက်ထရိုဂျင် ဓာတ်ငွေ့တို့အပြင်
¤င်းတို့၏ စွန့်ပစ်ပစ္စည်းတို့မှ မြေထုကို ညစ်ညမ်းစေသည့် ပြဒါးနှင့် ခဲတို့ပါ ထွက်ရှိလာသည့်အတွက်ယင်း
နှင့် ဆက်နွယ်နေသည့် ဒေသတစ်ခွင်ရှိ လေထု နှင့် မြေထုကိုသာမက ¤င်းမှတစ်ဆင့်ရေထုကို ပါ
ညစ်ညမ်းထိခိုက်မှု ရှိလာရပေသည်။
.
ဤတွင် ကာဗွန်၊ ဆာလဖာနှင့် နိုက်ထရိုဂျင်အောက်ဆိုဒ် ဓာတ်ငွေ့များ
ပါရှိသည့် ဤ ညစ်ညမ်းသော လေထုအား အစဉ်ထိတွေ့ ရှူ ရှိုက်နေသူများမှာကား နာတာရှည်ပန်းနာရင်
ကြပ် ရောဂါများ၊ အဆုတ်ရောဂါများအပြင် ခန္ဓာကို အသက်ရှူလမ်းကြောင်း တစ်လျှောက် လုံး၌
ကင်ဆာရောဂါဖြစ်ပွားစေခြင်း၊ ပြဒါးနှင့် ခဲတို့ပါဝင်နေသော မြေထုရေထုညစ်ညမ်းလာမှု ကြောင့်
ထိုဒေသတစ်ဝိုက်၌ စိုက်ပျိုးထုတ်လုပ် သော စားသုံးသီးနှံတို့နှင့်တကွ ညစ်ညမ်းရေ အား သုံးစွဲမိသူတို့ကိုပါ
အဆိုပါ ကင်ဆာရောဂါ နှင့်တကွ အခြားရောဂါများတို့အားလည်း ဖြစ် ပွားလာစေနိုင်ပါသည်။
.
သို့သော် ကမ္ဘာ့နိုင်ငံအများစုတို့တွင် မိမိနိုင် ငံအတွက် မရှိမဖြစ်
လိုအပ်နေသော လျှပ်စစ် ဓာတ်အားပမာဏတို့အား စရိတ်စက အသက် သာဆုံးဖြစ်သော ဤကျောက်မီးသွေးအား
အရင်းခံပြု၍ ထုတ်လုပ်သုံးစွဲနေရဆဲပင် ဖြစ်သော ကြောင့် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း
သက်ရှိများတို့အား ဘေးဥပါဒ်ဖြစ်စေနိုင်သော အဆိုပါဘေးထွက် စွန့်ပစ်ပစ္စည်းများ နည်းနိုင်
သမျှနည်းလာအောင် စက်မှုခေတ်ကိုကျော်လွှား ၍ နည်းပညာခေတ် အဆင့်ဆင့်တို့ဖြင့် ကြိုးပမ်း
တီထွင်လုပ်ဆောင်လာကြရာတွင် ဤကျောက် မီးသွေးလောင်စာအား အရင်းခံအသုံးပြုနေရဆဲ ပင် ဖြစ်သော
ဂျပန်ပြည်ကြီး၌ သိပ္ပံပညာရှင်၏ ကိုယ်စွမ်းဉာဏစွမ်းအားတို့ဖြင့် စဉ်ဆက်မပြတ် တီထွင်ကြံဆ
နိုင်ခဲ့မှုကြောင့် (Cleam Coal Technology- CCT) စနစ်ဖြင့် အဆိုပါ လေ ထု၊ မြေထု၊ ရေထုတို့အား
ညစ်ညမ်းစေနိုင်သည့် ဘေးထွက်ဆိုးကျိုး ပမာဏအနည်းဆုံးနှင့် အ ကင်းရှင်းဆုံးဖြစ်အောင်
အကောင်အထည်ဖော် သက်သေပြ လုပ်ဆောင်ပေးနိုင်ခဲ့ပေပြီ။
.
ဤသို့ အဆုပ်နှင့် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရောဂါများ ဖြစ်ပွားစေတတ်သည့်
ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုတို့တွင် စွန့်ပစ် ပစ္စည်းများဖြစ်သော ရာဘာနှင့် ပလပ်စတစ်
ပစ္စည်းတို့အား မီးရှို့ခြင်း၊ မြို့ကြီးပြကြီးများ၌ များပြားစွာ အသုံးပြုနေရသော ယာဉ်များ၏
အိတ်ဇောပိုက်တို့မှ ထွက်ရှိသော မီးခိုးငွေ့များ၊
စက်ရုံအလုပ်ရုံများ၏ မီးခေါင်းတိုင်မှ ထွက်ရှိ သော မီးခိုးငွေ့များ၊ တောမီး
လောင်ရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့များနှင့် အခြား သောပတ်ဝန်းကျင် မသန့်ရှင်းမှုကြောင့်
ဖြစ်ပေါ် လာရသော လေထုညစ်ညမ်းမှုများတို့ ပါဝင်ပေ သည်။ ဤသို့ အကြောင်းကြောင့် နောက်ဆုံး
ပေါ် ခေတ်မီထုတ်လုပ်အသုံးပြုသော မော်တော် ကားများတွင် ¤င်းတို့၏ အိတ်ဇောပိုက်များမှ
ထွက်ရှိလာသည့် မီးခိုးငွေ့များအား အဆင့်ဆင့် စနစ်ကျသော သန့်စင်စနစ်ဖြင့် ထုတ်လွှတ်ပေး
ခြင်း စက်ရုံများ၏ မီးခေါင်းတိုင်များတို့တွင်လည်း ဤကဲ့သို့ မီးခိုးသန့်စင် စနစ်အား
အသုံးပြုလာ ခြင်းစသည့် နည်းလမ်းရပ်များတို့ဖြင့် လေထု ညစ်ညမ်းမှု ပမာဏအနည်းဆုံး ဖြစ်အောင်ကြိုးပမ်း
ဖြေရှင်း ကာကွယ်ပေးလျက် ရှိနေကြပေပြီ။
.
ဤတွင် လေထုညစ်ညမ်းမှုကို ကာကွယ် ရာ၌ ကမ္ဘာ့သစ်တောကြီးများ ပြုန်းတီးမှုအား
ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးခြင်းသည် လည်း အဓိကသော့ချက်မှ ပါဝင်နေပေသည်။ သဘာဝ
သစ်တောကြီးများသည် အဆိုပါလေ ထုအား ညစ်ညမ်းမှုပေးနေသော ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့
ပမာဏ၏ (၂ဝ)ရာနှုန်း ကျော်မျှအား သဘာဝအလျောက် စုပ်ယူထိန်း သိမ်းကာကွယ်နိုင်စွမ်းရှိ၍
ဤသို့ ကမ္ဘာတစ် လွှား သဘာဝသစ်တောကြီးများ တစ်နေ့တစ် ခြား သိသာထင်ရှားစွာ ပြုန်းတီးလာရခြင်းမှာ
လည်း လေထုညစ်ညမ်းမှုကို ပိုမိုဖြစ်ပွားစေနိုင် သည့် အရင်းခံအကြောင်းတစ်ရပ်ပင် ဖြစ်ပေ၏။
¤င်းအပြင် ဤသဘာဝ သစ်တောကြီးများသည် သဘာဝမြေဆီလွှာအား ကောင်းစွာထိန်းသိမ်း ပေးခြင်း၊
ရေစီးကြောင်းများအား ထိန်းသိမ်းပေး ခြင်း၊ နွေရာသီ၌ မြစ်ချောင်းများတို့၏ အရင်းခံ စိမ့်စမ်းရေနှင့်
မြေအောက်ရေများအား ထိန်း သိမ်းပေးခြင်း၊ ပတ်ဝန်းကျင် သဘာဝ၏ရာသီ ဥတုအား သမမျှတအောင်
အထူးထိန်းသိမ်းပေး နိုင်ခြင်း စသည့် အလွန်ကြီးမားကျယ်ပြန့်လှသော ကျေးဇူးအကြောင်းရပ်
တို့ကြောင့် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ ဖြိုးဆဲကမ္ဘာနိုင်ငံ အများစုတို့တွင် ဤသဘာဝ သစ်တောကြီးများအား
စိုက်ပျိုးထိန်းသိမ်းစောင့် ရှောက်ကာကွယ်ရန် အမျိုးသားရေး တာဝန်ရပ် များဖြင့် ချမှတ်ကာ
အထူးအလေးပေး ဆောင် ရွက်လာကြသည်ကို တွေ့မြင်ရပေသည်။
.
သက်ရှိလူသားများအား ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်ကို ပေးလျက် ဆိုးရွားလှ
သည့် ကင်ဆာရောဂါကိုပါ ဖြစ်ပွားစေနိုင်သည့် နောက်ထပ် အကြောင်းရင်းတစ်ရပ်မှာကား လူ သားတို့၏
စားသောက်ပြုမူမှုဖြင့် တိုက်ရိုက်ပတ် သက်နေပါ၏။ ကျွန်ုပ်တို့သည် သဘာဝအတိုင်း ထုတ်လုပ်ထွက်ရှိသော
စားသောက်ကုန်များ အား သဘာဝကျကျသာ မှီဝဲစားသုံးကြမည်ဆို ပါက ဤကင်ဆာရောဂါနှင့် တကွအခြားအခြား
သော ရောဂါရပ်တော်တော်များများတို့မှပင် ရာ နှုန်းပမာဏ တော်တော်များများဖြင့် တစ်ထစ်ချ
ကာကွယ်ကင်းဝေးနိုင်ရမည်မှာ ဧကန်ပင်ဖြစ်ပါ ၏။ သို့သော် ယခုခေတ် အချိန်ကာလတွင်မူ ကား
ကျွန်ုပ်တို့နေ့စဉ်စားသုံးနေကြရသော အ စားအစာများတို့တွင် သဘာဝဖြစ်ရပ်များအား ကျော်လွန်ဆန့်ကျင်လျက်
ဓာတုပစ္စည်းများ ပါ ဝင်နေသည့် အရောင်၊ အနံ့၊ အရသာတို့နှင့်အ တူ မပုပ်မသိုးရလေအောင် ပိုမိုတာရှည်ခံစေ
နိုင်သည့် ဆေးများက သစ်သီးသစ်ရွက်များတို့ အား မြန်မြန်ကြီးထွား ရင့်မှည့်နိုင်စွမ်းရှိသော
ဆေးများတို့အား စားသုံးသူဈေးကွက်များ၌ တွင်ကျယ်စွာ အသုံးပြု ထုတ်လုပ်လာကြသည် ကို တွေ့မြင်နေရပေ၏။
.
အချိုရည်၊ အရက်၊ ငရုတ်မှုန့်၊ နနွင်းမှုန့်၊ ငါးပိ၊ ငါးခြောက်၊ ရွှေပုဇွန်ခြောက်၊
အသား ခြောက်၊ လက်ဖက်၊ ချိုချဉ်ထုပ်များ၊ စားသုံး ဆီများနှင့် မုန့်ပဲသွားရည်စာများတို့၏
အချို့ သော စားသောက်ကုန်များတို့တွင် အဆိုပါဓာ တုဆေး အမျိုးမျိုးတို့ဖြင့် ထုတ်လုပ်ရောင်းချပေး
နေသည်ကို စစ်ဆေးတွေ့ရှိနိုင်ပေသည်။ ဤ တွင် ကျွန်ုပ်တို့၏ စားသောက်ကုန်များ၌ ရော စပ်အသုံးပြုရန်
လူတို့၏ ကျန်းမာရေးကို မထိ ခိုက်စေနိုင်သော တစ်နည်းအားဖြင့် ဓာတုဆေး များကင်းသော သိပ္ပံနည်းစနစ်ကျကျဖြင့်
ထုတ် လုပ်ထားသော ဆေးများရှိကြသော်လည်း ဤ ကဲ့သို့ အန္တရာယ်ကင်းသော ဆေးများမှာ ဈေး ကွက်ထဲတွင်
ဈေးနှုန်းကြီးမြင့် ရှားပါးနေမှု ကြောင့်ပင် ပေါ့ပါးတန်စွာ လွယ်လင့်တကူ ထုတ်လုပ်ဝယ်ယူ
ရရှိနိုင်သော အဆိုပါ အန္တ ရာယ်ပြုနိုင်သော စပ်ဆေးတို့ဖြင့်ပင် နှစ်ပါးသွား ကာ ထုတ်လုပ်နေကြခြင်းပင်
ဖြစ်၏။ ဤတွင် မြန်မာပြည်မှ လက်ဖက်နှင့် အခြားစားသောက် ကုန်များအား ဝယ်ယူတင်သွင်းနေသော
နိုင်ငံ အချို့တို့တွင် အဆိုပါ စားသောက်ကုန်များ၌ စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်စေနိုင်
သည့် ဓာတုဆေးဖြင့် ဝယ်ယူတင်သွင်းမှုကို ချက်ချင်းရပ်တန့်ပစ်ခဲ့သည့် သာဓက မျိုးစုံတို့
ကလည်း ကျွန်ုပ်တို့အား သင်ခန်းစာကောင်း ကောင်းကြီး ပေးနိုင်ခဲ့ပါပြီ။
.
အတွေ့အကြုံ ရင့်ကျက်သော ဆရာဝန်ကြီး တစ်ဦး၏ ရှင်းလင်းတင်ပြချက်တွင်
၁၉၆ဝ ခု ဝန်းကျင် သူဆရာဝန် ဖြစ်ခါစအချိန်ခါက မြန် မာပြည်ရှိ သူတာဝန်ကျခဲ့ရာ ဆေးရုံကြီးများတို့
တွင် ကင်ဆာရောဂါ ဝေဒနာရှင်များအား တွေ့ ရှိရမှုမှာ အရေတွက် လွန်စွာနည်းပါးခဲ့ရကြောင်း
သို့သော် နောင်နှစ်ပေါင်း (၂ဝ)ကျော်လွန် သော (၁၉၈ဝ) ခုနှစ်ကျော်သော ကာလများ ဆီသို့
ရောက်လေသော် မြန်မာပြည်တွင် ဤ ကင်ဆာရောဂါ သိသာစွာ ဖြစ်ပွား တိုး ပွားလာသည်ကို တွေ့ရှိလာရကြောင်း
ဤ သို့ဖြစ်ပွားလာရခြင်းမှာလည်း အဆိုပါ လေထု၊ မြေထု၊ ရေထု၊ ပမာဏ ညစ်ညမ်းမှုနှင့်တကွ ဓာတုပစ္စည်းများဖြင့်
တုပ ထုတ်လုပ်ထားသည့် စားသောက်ကုန်များ တို့အား ဖန်တီးထုတ်လုပ် စားသုံးလာကြခြင်း ကြောင့်ပင်
ဖြစ်ကြောင်း မှတ်ချက်ပြု ပေးနိုင်ခဲ့ပေသည်။
.
ယခုချိန်ခါတွင် မြန်မာနိုင်ငံ၌လည်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနအောက်တွင်
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာန (FDA)ကို ဖွဲ့စည်းကာ ဤကဲ့သို့ စားသုံး
သူပြည်သူတို့အား အန္တရာယ်ပေးနိုင်သည့် ဓာ တုဆေးတို့ဖြင့် တုပထုတ်လုပ်ထားသည့် စား သောက်ကုန်များတို့အား
စစ်ဆေးတားမြစ်အရေး ယူခြင်း အန္တရာယ်ရှိနိုင်သော စားသောက်ကုန် များတို့အား မီဒီယာများမှတစ်ဆင့်
ပြည်သူအ များသိရှိအောင် တရားဝင် ထုတ်ပြန်ကြေညာ ပေးခြင်း၊ စားသောက်ကုန်များ၌ လူတို့အားအန္တ
ရာယ်ပြုစေနိုင်သော ဓာတုဆေးများ မပါရှိရလေ အောင် ထုတ်လုပ်သူများနှင့်တကွ စားသုံးသူ ပြည်သူများတို့ကိုပါ
အသိပညာပေးခြင်း စသည့် နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ နေပေပြီ။ သို့သော်
မြန်မာပြည်တစ်နံတစ်လျား ကျယ်ပြန့်များပြားလှသည့် မြို့ပြကျေးရွာ အနှံ့ အထိ ဤမူစနစ်အား
ထိရောက်စွာဆောင်ရွက် နိုင်ရန်မူကား ကျွန်ုပ်တို့ ပြည်သူလူထုတစ်ရပ် လုံးမှ အသိရှိရှိဖြင့်
လက်တွဲပူးပေါင်းလျက် တ လေးတစား အလေးထားလိုက်နာလုပ်ဆောင်ကြ ဖို့ရာ အထူးပင် အရေးကြီးပေ၏။
.
တစ်ဖန် ကျွန်ုပ်တို့ မြန်မာပြည်သူများ ရင်းနှီးမြတ်နိုးစွာ သုံးစွဲနေကြသော
ဆေးလိပ် သောက်ခြင်းနှင့် ကွမ်းယာစားသုံးနေကြခြင်း သည်လည်း ဤကင်ဆာရောဂါအား ဖြစ်ပွားစေ
တတ်သော အရင်းခံအကြောင်းရပ်တွင် ပါဝင် နေပေ၏။ ဆေးလိပ်စွဲမြဲစွာ သောက်သုံးခြင်း ကြောင့်
အဆုတ်နှင့် အသက်ရှူလမ်းကြောင်း တစ်လျှောက်တွင် ကင်ဆာရောဂါများ အလွယ် တကူ ဝင်ရောက်ဖြစ်ပွားတတ်ကာ
ဤသို့ဖြစ်ပွား မှုတွင် ဆေးလိပ်သောက်သုံးသူ ကာယကံရှင် ပုဂ္ဂိုလ်ကိုသာမက အနီးဝန်းကျင်ရှိ
¤င်းဆေး လိပ်ငွေ့အား ရှူရှိုက်ရမိသူတို့ကိုပါ ဆွဲဆောင် ရိုက်ခတ်ဒုက္ခပေးတတ်သည်ကိုပါ ကျွန်ုပ်တို့အ
ထူးသတိပြုရပေမည်။ ကွမ်းယာတမြုံမြုံစွဲမြဲစွာ စားသုံးခြင်းဖြင့် ခံတွင်းနှင့် အစာအိမ်
လမ်းကြောင်းတစ်လျှောက်တို့တွင် ကင်ဆာဖြစ်ပွား တတ်ပြီး ကျောက်ကပ်ကို ထိခိုက်စေတတ်ပါ
သည်။
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ စစ် တမ်းအရ ကမ္ဘာတစ်လွှား၌ အဆုတ်နှင့်
အသက်ရှူလမ်းကြောင်း တစ်လျှောက်တွင်ကင် ဆာဖြစ်ပွားမှု အများဆုံးကို ဆေးလိပ်သောက် သုံးသူများ၌
တွေ့ရှိရကြောင်း၊ ခံတွင်းနှင့် အစာ အိမ်လမ်းကြောင်း တစ်လျှောက်တွင် ကင်ဆာ ဖြစ်ပွားမှု
အများဆုံးကို အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ရှိ ကွမ်းယာစွဲ
မြဲ စားသုံးသူများ၌ တွေ့ရှိရကြောင်း၊ အသည်း ရောဂါအများဆုံး ဖြစ်ပွားမှုကို အရက်ယမကာ
စွဲမြဲ သောက်သုံးသူများ၌ တွေ့ရှိရကြောင်း စ သည်ဖြင့် ထုတ်ပြန်ကြေညာထားပေသည်။ ဤ သည်ကို
နမူနာယူ၍ ကျွန်ုပ်တို့ မြန်မာပြည်သူ များတို့သည် ရောဂါရပ်အထွေထွေနှင့် လူမှုဆိုး ကျိုးလက္ခဏာရပ်များ
အလီလီတို့အား ဆောင်ကျဉ်း ရိုက်ခတ်ပေးတတ်သည့် ဤဆေးလိပ်၊ ကွမ်းယာ၊ အရက်တို့အား ရှောင်သင့်
မရှောင် သင့်သည်ကို နှလုံးမူ၍ ယတိပြတ် ဆုံးဖြတ်ချက် ချရပေတော့မည်။
.
ကင်ဆာရောဂါနှင့်တကွ အခြားသော ကျန်း မာရေး ပြဿနာရပ်များကို ဖြစ်ပေါ်စေတတ်သည့်
နောက်ထပ်အကြောင်းရင်း တစ်ရပ်မှာ ကား စိုက်ပျိုးရေးလုပ်ငန်းတို့၌ ပိုးသတ်ဆေးများ နှင့်
ဓာတ်မြေသြဇာများတို့အား တွင်ကျယ်စွာ အသုံးပြုလာကြခြင်းပင် ဖြစ်ပေသည်။ ဤပိုး သတ်ဆေးနှင့်
ဓာတ်မြေသြဇာတို့အား နည်းစ နစ်တကျ အသုံးမပြုတတ်ပါက ¤င်းတို့အား အ သုံးပြုထားသော စားသောက်ကုန်များအပြင်
¤င်းဖြင့် ဆက်စပ်နေသော မြေထုရေထုများကိုပါ ညစ်ညမ်းသွားစေနိုင်သည်ကို စိုက်ပျိုးထုတ်လုပ်
သူများ အထူးဂရုပြုတတ်ဖို့ လိုအပ်ပေသည်။ တစ်ဖန် မြန်မာ့စိုက်ပျိုး ထုတ်ကုန်များတို့အား
ပြည်ပဆီမှ မှာယူတင်သွင်းရာတွင်လည်း ဤဓာ တုဓာတ်ြ<ွကင်း များဖြင့် ပါဝင်ဆက်စပ်နေသော
စားသောက်ကုန်များတို့အား အထူးအလေးအ နက်ထား၍ စစ်ဆေးပိတ်ပင်တားမြစ်မှု ရှိလာ သည်ကို ကျွန်ုပ်တို့
စိုက်ပျိုးတောင်သူများ အ ထူးသတိချပ်လာသင့်ပေ၏။ ဤတွင် နိုင်ငံတော် အစိုးရဘက်မှလည်း စိုက်ပျိုးထုတ်လုပ်သူများတို့
အား ပိုးသတ်ဆေးများ နည်းစနစ်ကျစွာ အသုံး ပြုတတ်စေရန်နှင့် ဓာတ်မြေသြဇာများနေရာတွင်
သဘာဝအော်ဂဲနစ် မြေသြဇာတို့အား ပြုလုပ်အ သုံးချတတ်လာစေရန် အလေးထားပညာပေး လျက်ရှိနေပေပြီ။
.
ခြုံ၍ ပြောရပါလျှင် ကမ္ဘာတစ်လွှားနှင့်တကွ ကျွန်ုပ်တို့ မြန်မာပြည်၌ပါ
ဤကင်ဆာနှင့် အခြားအထွေထွေ အရပ်ရပ်သော ရောဂါများ ဖြစ်ပွားမှုနှုန်း မြင့်မားနေချိန်တွင်
ဤရောဂါရပ် များ ဖြစ်ပွားမှု၏ အရင်းခံအကြောင်းရပ်များ ဖြစ်သည့် လေထု၊ မြေထု၊ ရေထုများ
ညစ်ညမ်း ခြင်း စားသောက်ကုန်များအား ဓာတုပစ္စည်းများ ဖြင့် တုပထုတ်လုပ်ခြင်း၊ ဆေးလိပ်ကွမ်းယာအ
ရက်တို့အား သုံးစွဲခြင်း၊ စိုက်ပျိုးရေး၌ ပိုးသတ် ဆေးနှင့် ဓာတ်မြေသြဇာတို့အား စနစ်တကျမ
သုံးစွဲတတ်ခြင်း စသည့်အကြောင်းရပ်တို့အား ကျွန်ုပ်တို့ စားသုံးသူနှင့် ထုတ်လုပ်သူ ပြည်သူ
တစ်ရပ်လုံးမှ သဘောပေါက်သိရှိနားလည်လိုက် နာကျင့်သုံးကြမှသာလျှင် အဆိုပါ ရောဂါရပ်ဆိုး
ကြီးများမှ ဧကန်မုချ ရှောင်ရှားကင်းဝေးနိုင်ကြ ရပေမည်သာ ဖြစ်ပေသည်။
.
ကျွန်ုပ်တို့ မြန်မာပြည်သူများ တစ်ရပ်လုံး ကိုးဆယ့်ခြောက်ပါးသော
ရောဂါဝေဒနာဆိုးကြီး များမှ ရှောင်ရှားကင်းဝေး ငြိမ်းအေးနိုင်ကြပါစေ။
.
.
.
#KBZTai #Shan