တို့မှားသလား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, December 22, 2018

တို့မှားသလား



နွန်းနွန်းနော်(ဇမ္ဗူသီဟ)
.
.
ခင်မိုးမိုးနွယ်ရေ
.
ရွာရိုးကိုးပေါက်လျှောက်သွားတဲ့ တို့ကိုယူ က စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်အကြောင်း လေးရှင်းပါအုံးဆိုလို့ ဦးဆုံးစင်္ကာပူအကြောင်း ရေးလိုက်ပါတယ်။
.
မမိုးရေ စင်္ကာပူဆိုတာ တို့များအာဆီယံ ၁ဝ နိုင်ငံများထဲမှာ အသေးငယ်ဆုံးနိုင်ငံပါ။ အ ကျယ်ဝန်းက ၇၂၁ စတုရန်းကီလိုမီတာဖြစ်ပါ တယ်။ ရန်ကုန်တိုင်းဒေသကြီး ကိုကိုကျွန်းမပါ ၄၄ မြို့နယ် အကျယ်အဝန်းက ၁ဝ၂၃၉ စတု ရန်းကီလိုမီတာဖြစ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၁၄ ပုံ ၁ ပုံလောက်ပဲ ရှိပါသတဲ့။ ကမ္ဘာ့မြေပုံ ထဲကြည့်ရင်း နှမ်းစေ့တစ်စေ့လောက်တောင် မရှိတဲ့ ကျွန်းငယ်လေးပါ။ မလေးရှားနိုင်ငံရဲ့ တောင်ဘက်စွန်းမှာ တည်ရှိပြီး စင်္ကာပူနဲ့ မလေးရှားကိုဂျိုဟိုးရေလမ်းကြားက ခြားထားပြီး နှစ်နိုင်ငံကို တံတားရှည်ကြီးနဲ့ ဆက်သွယ်ထားပါတယ်။
.
စင်္ကာပူဆိုတာ ခြင်္သေ့မြို့လို့ အဓိပ္ပာယ်ရပါ သတဲ့။ စင်္ကာပူနိုင်ငံမှာ စင်္ကာပူမြို့ဆိုပြီး မြို့တစ် မြို့တည်းသာ ရှိတဲ့နိုင်ငံဖြစ်တယ်။ ရှေးအခါက စင်္ကာပူနဲ့မလေးရှားဟာ တစ်နိုင်ငံတည်းပါ။ ဗြိ တိသျှကိုလိုနီ နယ်ချဲ့ လက်အောက်မှာနေခဲ့ရပြီး ၁၉၅၉ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ စင်္ကာပူဟာ မလေးရှား ပြည်ထောင်စုက ခွဲထွက်ခဲ့ပါတယ်။ အာဖရိကနဲ့ ဥရောပကနေ အာရှကိုလာသမျှ ပင်လယ်ကူး သင်္ဘောတွေ ဆိုက်ကပ်ရာဖြစ်လို့ နိုင်ငံတကာ ကုန်သွယ်ရာ ဆိပ်ကမ်းမြို့ကြီးဖြစ်တယ်။ ဆိပ် ကမ်းခွန်က အလိုလိုရတာပေါ့။
.
အီကွေတာ ရာသီဥတုဖြစ်ပြီး နွေနဲ့ မိုးဥတု  နှစ်လီပဲရှိတယ်။ နိုင်ငံလေးက ပင်လယ်ပတ်ရံ ဝိုင်းနေတော့ မိုးကြီးထစ်ချုန်းတယ်။ မိုးကြိုးမ ကြာမကြာပစ်တယ်။ မြေပေါ်မြေအောက် ဘာသယံဇာတမှမရှိ၊ ဟင်းရွက်သားငါးကအစ သောက်ရေအဆုံး မလေးရှားက တင်သွင်းပါတယ်။ အခုတော့ ရေဟောင်းကို ပြန်လည်သန့် စင်တဲ့ ရီဆိုက်ကယ်စီမံကိန်းအောင်မြင်တာ ၇ နှစ်လောက် ရှိနေပါပြီ။ ဒါကြောင့် သူတို့သုံး ရေဟာ အမြဲဆေးနံ့ရနေ တယ်။ စင်္ကာပူမှာ ချမ်းသာတဲ့လူမှ အသီးအနှံ ဖောဖောသီသီစားနိုင်တယ်။ တို့များ ရွှေနိုင်ငံမှာတော့ လူတိုင်း လောက် သစ်သီးသစ်ဥ မျိုးစုံဝယ်စားနိုင်တယ်။ ဒါကွာခြားချက်ပဲ။
.
ယခု ဝန်ကြီးချုပ်လီရှန်လွန်းရဲ့ ဖခင် လီကွမ်ယုဟာ ၁၉၆၁ ခုနှစ်မှာ မြို့တော်ရန်ကုန်ကို အလည်လာပါသတဲ့။ အရှေ့တောင်အာရှမှာ အသန့်ရှင်းဆုံးနဲ့အလှပဆုံးဆိုပြီး ကျော်ကြားတဲ့ ရန်ကုန်ရွှေမြို့တော်ကို အားကျပါသတဲ့။ တို့မြို့တော်ရဲ့ စီမံခန့်ခွဲမှုတွေကို နည်းနာယူပြီး ပညာ ရှင်တွေရဲ့ စွမ်းအားနဲ့ စင်္ကာပူဟာ ယနေ့ကမ္ဘာမှာ အသန့်ရှင်းဆုံး အလှပဆုံးဖြစ်နေတယ်လို့ (စင်္ကာပူရီယန်)စင်္ကာပူနိုင်ငံသားက ဆိုပါတယ်။ သူတို့ကို Chinese တရုတ်လို့ပြောရင် ခါးခါးသီးသီးပဲ မကြိုက်ကြဘူး စင်္ကာပူရီယန်းပါတဲ့လေ။
.
မစ္စတာလီကွမ်ယုဝန်ကြီးချုပ်ဖြစ်စဉ်က ဝန်ထမ်းကို ခန့်ထားရာမှာ ပညာရှင်များရဲ့ ကိုယ်ရေးအကျဉ်းကိုအချိန်ယူပြီး ဖတ်ပါတယ်။ သင့်၏ မသင့်၏ လူမှန်နေရာမှန်ဖြစ်အောင်လည်း စီမံပါသတဲ့။
.
အသေးအဖွဲဟူသည်မရှိ အလေးအနက် ထားရမယ်ဆိုတာ လီကွမ်ယုက တို့နိုင်ငံက စကားကို ယူသုံးသလားမသိ၊ ဥပမာ အိမ်သာ ကိစ္စစီမံခန့်ခွဲရာမှာ ယခင်ပါရာလီဘာဆိုတဲ့ လေဆိပ်ရဲ့ အိမ်သာအခြေအနေကို အပတ်စဉ် အစီရင်ခံစာတင်ပြဖို့ လေကြောင်းအာဏာပိုင် ညွှန်ချုပ်ဆီညွှန်ကြားပါသတဲ့။ ဒါကြောင့် ညွှန်ချုပ်က အပတ်စဉ်တင်ဖို့ လေဆိပ်ဒါရိုက်တာကို နေ့စဉ်အစီရင်ခံစာ တောင်းပါသတဲ့။ လေဆိပ် ဒါရိုက်တာလည်း လုပ်ငန်းကြီးကြပ်သူထံ တစ် နာရီတစ်ကြိမ်ကျ အစီရင်ခံခိုင်းပါသတဲ့။ ဒါကြောင့် လေဆိပ်သန့်ရှင်းမှုဟာ အစဉ်အလာ တစ်ခုလိုဖြစ်ပြီး ချန်ဂီလေဆိပ်ကြီးလည်း ယနေ့ထိ ဒီနည်းအတိုင်းကျင့်သုံးပါတဲ့။ ကဲ ဘယ့်နှယ် ရှိစ ချန်ဂီလေဆိပ်တင်မကဘူး စင်္ကာပူတစ်မြို့ လုံးရှိ စူပါမားကတ်တိုင်း ဘူတာရုံတိုင်းမှာရှိတဲ့ အိမ်သာများဟာ သန့်ရှင်းသော အိမ်သာဖြစ် ကြောင်း ရောက်ဖူးသူရွှေမြန်မာများ သိကြပါ တယ်။ အထက်က ဂရုစိုက်မှတော့ အဆင့်တိုင်း အောက်ထိ ဂရုမစိုက်ဘဲနေလို့ မရတော့ဘူးလေ အိမ်သာတောင် ဂရုစိုက်မှတော့ စီမံကိန်းလုပ် ငန်းကြီးဆို ပြောဖွယ်မရှိဖြစ်မှာပေါ့။ ဒါကြောင့် တိုးတက်တာမဆန်းပါ။
.
တို့မြန်မာပြည်ကိုလာတဲ့ ကမ္ဘာလှည့်ခရီး သွားများ မရောက်မဖြစ် ရန်ကုန်စီးပွားရေးမြို့တော်က (စကော့မားကတ်) ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီးက အိမ်သာများကို အဆင့်မြင့်ပြုပြင်ဖို့ သိပ်လိုအပ်ပါတယ်။ အထင်ကရသိမ်ကြီးဈေး အိမ်သာခန်းကကျဉ်း မီးပျက်ရင် စင်္ကြံက လမိုက်ညဖြစ်နေတယ်။ တို့နိုင်ငံအကြီးဆုံးရန်ကုန် ဘူတာကြီးရဲ့ အိမ်သာကလည်း လုံးဝမသားနား ပါ။ မြေနေရာရှိပါတယ်။ အဆင့်မြင့်ပြုပြင်သင့်ပါတယ်။
.
ထိုနိုင်ငံရဲ့ မြို့နယ်များမှာရှိတဲ့ မြို့မဈေးအိမ် သာတွေကို တစ်နှစ်တစ်ကြိမ် လေလံပစ်ပြီး ဈေးကြီးကြပ်သူများက ဈေးအိမ်သာကို တစ် နှစ် တစ်ကြိမ် စစ်ဆေးဖူးပါသလား၊ အိမ်သာ အဆောက်အအုံ လေဝင်လေထွက် ကောင်း/မ ကောင်း၊ သဘာဝအလင်းရောင် ရ/မရ၊ တိုင်ကီရေယိုနေသလား အခန်းမလုံလောက်လို့ ကြာ ကြာတန်းစီနေရသလား လျှောက်လမ်းက အမြဲ ရေစိုနေသလား၊ ဈေးကောက်လေလံပစ်ရုံ ဆိုင် ခန်းလခလစဉ်ကောက်နေရုံနဲ့ မပြီးသင့်ဘူးလေ။ စည်ပင်ဥက္ကဌညွှန်ကြားရေးမှူးတို့(မာဖီ) သာ မန်လူလို ဈေးအတွင်း လှည့်လည်ပြီး ကြည့် ရှုသင့်ပါတယ်။
.
စင်္ကာပူတစ်မြို့လုံး ဘယ်နေရာမှ အိမ်သာ ဝင်ခမပေးရဘူး၊ သန့်ရှင်းမှုအတွက် ဆပ်ပြာ ရည်နဲ့ တစ်ရှူးစက္ကူအလုံအလောက်ထားပေး တယ်။ သန့်ရှင်းရေးကို ဝန်ဆောင်မှုအပြည့်ပေး တာ ဒီတစ်ခုတော့ အားကျတယ်။
.
စင်္ကာပူနိုင်ငံသားတွေက မလေးရှားမှာစိုက် ပျိုးမွေးမြူရေးသွားရောက်မြှုပ်နှံကြတယ်။ မြေနေရာ ရှားပါးတော့ ဘယ်ပဲကြည့်ကြည့် ၂၄ ထပ်၊ ၃ဝ ထပ် အထပ်မြင့်တွေချည်းပဲ ထူးခြားတာက မြေငညေ ပြှေညျေိ ကှုပ ဏမေု ပါ(၅၇) ထပ်အထပ်မြင့်ရှိတဲ့ ဟိုတယ်သုံးလုံးပေါ် သ င်္ဘောပုံစံကြီးတင်ထားတဲ့ အဆောက်အအုံပါ တယ်။ မိုးပျံသင်္ဘောကြီးပေါ်မှာ ရေကူးကန် လည်းရှိတယ်။ ဝင်ခွင့်က စင်္ကာပူဒေါ်လာ ၂၃ ပါ။ ရန်ကုန်မြို့ကြီးမှာ ၃၄ ထပ် အဆောက်အ အုံဆို သုံးလုံးပဲရှိသတဲ့၊ တို့က မြေကျယ်ဝန်း တယ် အထပ်မြင့်သိပ်မလိုပါဘူး။
.
အရှေ့တောင်အာရှရဲ့နာမည်ကျော် Garden by the Bay ပင်လယ်အော်နားကဖန်ပေါင်း ချောင်းပန်းခြံမှာလည်း ရာသီအလိုက် သစ်သီး နဲ့ပန်းပင်တို့ကို စိုက်ပျိုးထားတာအလွန်လှပေါ့။ Flower Domeနဲ့ Cloud Forest ဝင်ခွင့်က ၂၈ ဒေါ်လာ ဘာမှမထူးဆန်းပါဘူးမမိုးရေ တောင်အတု၊ ရေတံခွန်အတု၊ တိမ်တွေမြူတွေ အတု ဖန်တီးတာတွေ အကုန်အတုအပပါ။ ဒါများ လာလိုက်တဲ့တိုးရစ်တွေ တို့နိုင်ငံက ဇင်း ကျိုက်ရေတံခွန်၊ ကျိုင်းတောင်းရေတံခွန်၊ ဓာတ် တော်ချိုင့်ရေတံခွန်တို့ကို ပြလိုက်ချင်ပါတယ်။ OCBC Sky Walk ဆိုတာလည်း သစ်ပင်အ ကြီးကြီးပုံစံ လုပ်ထားပြီး အပေါ်မှာ ဟိုဖက်ကို ကူးဖို့ တံတား ထိုးထားတယ်။ Mt.Faber ကနေ Cable Car စီးပြီး စင်္ကာပူမြို့ဖွံ့ဖြိုးတိုး တက်မှုကို အပေါ်စီးက ရှုစားနိုင်တယ်။ စေတီ ပုထိုးရှုခင်းနဲ့နေထွက်နေဝင် ပုဂံမြို့တော်အလှကို မမီပါဘူး။
.
စင်္ကာပူမြို့က မကျယ်ဝန်းတော့ သွားလေ ရာမှာ တို့များရွှေနိုင်ငံက ရွှေတွေနဲ့ပဲ ဆုံရတယ်။ ငါရောက်နေတာ ရန်ကုန်မြို့ကြီးလားလို့ တစ်ခါတစ်ခါ ထင်ယောင်မိတယ်။ သစ်ပင်ပန်းပင်များ  ခူးဆွတ်ခွင့်လုံးဝမရှိ၊ လမ်းပေါ်လမ်းကြားအမှိုက် ဆိုတာ နတ္တိ၊ မီးဖိုချောင်အမှိုက်ကိုြ<ွကပ်ြ<ွကပ် နဲ့ထုတ် ပန်းကန်စင်နားကအပေါက်ထဲ ပစ်ထည့် လိုက်ရုံပဲ။ သူတို့လမ်းမှာ ခွေးဆိုလို့ တစ်ကောင် တစ်မြီးမှ မတွေ့ရပါ။ ကြောင်လေကြောင်လွင့် တော့ ရှိပါတယ်။ ၂၄ နာရီ ရေမီးရတယ်။ မီ တာခက တို့နိုင်ငံထက် ဈေးကြီးတယ်တဲ့။ မမိုးတို့နိုင်ငံလည်း လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက မီးမရတဲ့ ကျေးလက်တွေအတွက် ရေအားလျှပ် စစ်ကြိုးပမ်းအားထုတ်နေတာ မမိုးသိပါတယ်။ တို့နိုင်ငံက ဧရိယာကျယ်တယ်၊ ကြီးတယ်၊ စင်္ကာပူလိုသေးသေးမှမဟုတ်ဘဲ ဒီလိုပြောတော့ တို့မှားလား။
.
တို့နိုင်ငံက အမှိုက်ပစ်အားများတယ်။ လုပ်သားတွေက မနိုင်ဝန်ထမ်းနေရတယ်။ လာမည့် ဘဏ္ဍာရေးနှစ်မှာ မြို့နယ်စည်ပင်သာယာရေးက ရန်ပုံငွေအခြေအနေကို ချိန်ထိုးပြီး သန့်ရှင်းရေး ကိရိယာတန်ဆာပလာကိစ္စ၊ ဝန်ထမ်းကိစ္စ၊ အမှိုက်ပုံကိစ္စတို့ကို ဦးစားပေးပြီး အခြားသိပ်မလို အပ်တဲ့ နေရာလျှော့ပြီး ခန့်မှန်းပြုပြင်ရေးဆွဲဖို့ မသင့်ဘူးလား။ လူမှုဝန်းကျင်လှပသန့်ရှင်းစေ မည့် တင်းကြပ်တဲ့စည်းကမ်းကို ချမှတ်ပေးဖို့ အစီအစဉ် ရှိမရှိ ဘယ်သူ့ကို မေးရပါ့မလဲ တန် ဖိုးဆိုတာ တန်ဖိုးထားတတ်သူအတွက်ပဲဖြစ်ပါတယ်။
.
(၁၂-၁၁-၂ဝ၁၈)ရက်နေ့ ကျင်းပတဲ့ ဒု- အကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်း အဝေးပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တစ်ပြည်လုံးသန့်ရှင်းသပ်ရပ် သာယာလှပစေဖို့ စွန့်ပစ်အမှိုက်ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြတာ ကြားသိရလို့လည်း ဝမ်း သာစရာပါ။ စင်္ကာပူမှာ အမှိုက်တစ်စ ပစ်တာနဲ့ ဒေါ်လာ ၃ဝဝ ဒဏ်ရိုက်တယ်။
.
အခွန်ကိစ္စနဲ့ပတ်သက်ပြီး တူမလေးနဲ့အခွန်ရုံးလိုက်သွားတာ သူတို့ကိုတော့ အားကျမိ တယ်။ ငါဝန်ထမ်းဆိုပြီး ဟိတ်ဟန်မလုပ်ဘူး။ နားဝင်အောင်စိတ်ရှည်ရှည်နဲ့ရှင်းပြတယ်။ ပိုက် ဆံမပေးရပါဘူး။ တို့များတွေက ရုံးတို့ဌာနတို့ သွားဖို့ ကျားမြီးပဲ ဆွဲချင်ကြတယ်။ ရဲစခန်းတို့ တရားရုံးတို့ဆို ပိုပြီးမပတ်သက်ချင်ကြဘူး။ ဝန်ထမ်းဆိုတာ ပြည်သူ့ဘဏ္ဍာက ပေးတဲ့လစာပါ။ မပြုံးချင်နေပါ။ ပြေပြေပြစ်ပြစ်ဆက်ဆံရင် ကျေ နပ်ကြပါတယ်။ တို့မှားသလား။
.
သူတို့သယ်ယူပို့ဆောင်ရေးကဏ္ဍကလည်း မိုက်တယ် ဘတ်စ်ကားကို နားအေးပါးအေး ဂုဏ်သိက္ခာရှိရှိလေအေး ပေးစက်နဲ့ စီးရပါတယ်။ မြေအောက်ရထားစီမံကိန်းကိုလည်း အများ ပြည်သူကန့်ကွက်တဲ့ကြားက ပြောင်းလဲမှုကို ဝန်ကြီးချုပ် လီကွမ်ယုက ခက်ခက်ခဲခဲလုပ်ခဲ့ရ ပါသတဲ့။ အခု ရန်ကုန် YBS ဘတ်စ်ကားကို စဖော်ဆောင်တုံးကလည်း ဝေဖန်လိုက်တာ ကဲ့ရဲ့လို့မဆုံးပါ။ အခုတော့ စီးရတာ အဆင်ပြေ လို့ စင်္ကာပူဘတ်စ်ကားအတိုင်းပါပဲ။ တချို့ရန်ကုန် ဘတ်စ်ကားတွေ ဆိုက်ရောက်မှတ်တိုင် အသံနဲ့ ပြောတယ်။ LED မှာလည်း မှတ်တိုင်အမည်စာတန်းထိုးပေးတယ်။ ရန်ကုန်နဲ့စင်္ကာပူ သိပ်မကွာတော့ဘူး။ အမှိုက်မပစ်ဖို့ ကွမ်းတံ တွေး မထွေးဖို့ဒါပဲလိုတော့တယ်။
.
စင်္ကာပူသွားဖို့တော့ အားမပေးပါဘူး။ အ စစအရာရာဈေးကြီးလို့။ တို့များဆီက ပုဂံဗိသု ကာရှေးမြန်မာမှုလက်ရာနဲ့ ပုဂံနံရံဆေးရေးပန်း ချီလက်ရာများဟာ အံ့သြဖွယ် ခံထားလောက် တယ်နော်။ နောက်ပြီး အာရှမှာ မဆိုထားနဲ့ ကမ္ဘာပေါ်မှာတောင် ဘယ်နေရာမှာမှမရှိတဲ့ စေ တီပုထိုးပေါင်း ၃၈၂၂ ဆူကို ပုဂံနယ်မြေမှာ တစ်စုတစ်ဝေးတည်း တွေ့မြင်ရတာ တို့မြန်မာ နိုင်ငံမှာပဲရှိတယ်။ ပုဂံရောက်ဖူးသူ ကမ္ဘာလှည့် ခရီးသွားများ ရင်သပ်ရှုမော အံ့သြကြတယ်။ မုံ ရွာမိုးညှင်းသမ္ဗုဒ္ဓေကို အင်ဂျင်နီယာမပါဘဲ မိုး ညှင်းဆရာတော်ကြီးတည်ထားပါတယ်။ မုံရွာ ဗောဓိတစ်ထောင်ဆရာတော်တည်ထားတဲ့ ရပ် တော်မူဘုရားထီးရဲ့ ကိုယ်တော်အတွင်းက အ ထပ်ပေါင်း ၃၂ ထပ်ပါရှိပါတယ်။ တို့များနိုင်ငံ တော်အစိုးရက ၂၇ ကီလိုမီတာအရှည်ရှိတဲ့ ရန် ကုန်မြို့မိုးပျံအမြန်လမ်းမကြီး စီမံကိန်းကိုလည်း ဖော်ဆောင်ပါတော့မယ်။ နောက်ပြီး တို့နိုင်ငံက စက်မှုဝန်ကြီးဌာနနဲ့ ဟန်ဂေရီနိုင်ငံတို့ပူးပေါင်းပြီး လျှပ်စစ်ဘတ်စ်ကားများလည်း ထုတ်လုပ်ပါ တော့မယ်။ အိန္ဒိယ၊ သီရိလင်္ကာနဲ့ စင်္ကာပူနိုင်ငံ များကို လျှပ်စစ်ကားအစီး ၇ဝဝဝ တင်ပို့ဖို့ စာ ချုပ်ချုပ်ဆိုထားပါတယ်။ တို့နိုင်ငံအဝေးပြေး လိုင်းအတွက်လည်း အစီး ၃ဝဝ ထုတ်လုပ်ပါ မယ်။
.
လျှပ်စစ်ဘတ်စ်ကားဟာ သယ်ယူပို့ဆောင် ရေးကို အထောက်အကူပြုသလို မော်တော်ကား စက်သုံးဆီအခက်အခဲကိုလည်း ဖြေရှင်းသွားပါ မယ်။ မမိုးရေ စာလည်းရှည်သွားပြီ မမိုးက သိချင်တယ်။ သွားချင်တယ်ဆိုလို့ စင်္ကာပူနိုင်ငံ အကြောင်းရေးရင်း တို့များနိုင်ငံတော်အစိုးရရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်များကိုလည်း သိရှိဖို့ ပြောရင်း နိဂုံးချုပ်ပါရစေ။
.
.
.
#KBZTai #Shan

Recent Tube