မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း လျှပ်စစ်မီတာ
ယူနစ်များ ပြောင်းလဲမှုမရှိဘဲ တွက်ချက် ကောက်ခံမှု၊ ယူနစ်ပျောက်ဆုံးမှု၊ မီတာခများပြားစွာ
ပေးဆောင်နေရမှု များနှင့် မီတာကောက်ခံနေသော ဝန် ထမ်းအား ရွာသူ/ရွာသားများမှ လစာ ပေးဆောင်နေရခြင်းနှင့်
ပတ်သက်၍ ဒေသခံ ပြည်သူများမှ ဝေဖန်ပြောဆို လျက်ရှိကြောင်း သိရသည်။
.
.
''လျှပ်စစ်နဲ့ ပတ်သက်ပြီး မီတာ ယူနစ် ပျောက်တဲ့ ကိစ္စနဲ့ ပတ်သက်
ပြီး တခြားမြို့တွေမှာ မရှိပါဘူး။ ကျွန် တော်တို့ တာချီလိတ်၊ မိုင်းဖုန်း (ခ) မှာ ဘာလို့
လာရှိတာလဲ။ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး ဘယ်သူတာဝန်ယူ ထားတာလဲ။ ကုမ္ပဏီလား၊ အစိုးရလား
သိချင်ပါတယ်။ ကုမ္ပဏီက တာဝန်ယူတယ် ဆိုရင်လည်း စာရင်းကောက်သည်ဖြစ်စေ၊ ငွေကောက်သည်ဖြစ်စေ
သူတို့ တာဝန်နဲ့ သူတို့ ဖြစ်ရမှာပေါ့။ ရွာသူ ရွာသားတွေကို ပြန်ခိုင်းတဲ့ ပုံစံမျိုးနဲ့
တစ်အိမ်ကိုဘတ် ၂ဝ ပြန်ပေးနေရသေးတယ်။ မီတာ ဖတ်တာနဲ့ ပတ်သက်ပြီး အခုလက်ရှိ တာဝန်ယူနေတဲ့သူတွေ
ဘယ်လိုမျိုး နည်းစနစ်နဲ့ တွက်ချက်နေတာလဲ။ အထောက်အထားနဲ့ အပြစ်ရှာတာတော့ မဟုတ်ပါဘူး။
ဒါက အမှန်တရားဖြစ် နေတာပါ။ မီတာတိုးတာတို့၊ ငွေတိုး တောင်းတာတို့ အတွက်မှားတာတို့ ပြ ဿနာမျိုးတွေ အများကြီးပါ။လျှပ်စစ်
မီးကိစ္စနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော်ကိုစားလှယ် တွေ၊ ခရိုင်စီမံခန့်ခွဲမှု
ကော်မတီတွေ ကို တင်ပြထားပါတယ်''ဟု မိုင်းဖုန်း (ခ) အုပ်စုမှ ဒေသခံ ဦးစိုင်းဆုန်က ပြောသည်။
အဆိုပါ မိုင်းဖုန်း (ခ) အုပ်စုကျေး ရွာ မီးလင်းရေး ကော်မတီကို ၂ဝ၁၂
ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး နမ့်လွတ် အာခါရွာ၊ နမ့်လွတ်ရွာ ဟောင်း၊ နမ့်လွတ်ရွာသစ်၊
ပါခုတ်နို၊ ပါခုတ်တိုက်၊ ပါကောင်ကျေးရွာများရှိ အိမ်ခြေ ၆၂၈ အိမ် အတွက် လမ်းခ ရီးအကွာဝေး၊
ဓာတ်တိုင်နှင့် ဝါယာ ကြိုးအရေအတွက်၊ ထရန်စဖော်မာ တန်ဖိုးများ တွက်ချက်ကာ တစ်အိမ် လျှင်
၂၇ဝဝဝ ဘတ် ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် လျှပ်စစ်မီးရယူထား သော အိမ်ခြေ ၇၄ဝ ကျော် ရှိလာခဲ့ ပြီး
ကျေးရွာအတွင်း မီးကြိုးများနှင့် မလွတ်သော သစ်ပင်များခုတ်ခြင်း၊ မီ တာဖတ်ခြင်း၊ ပြေစာများ
စစ်ဆေးခြင်း လမ်းမီးကြိုးများစစ်ဆေးခြင်း ပြုလုပ် သည့် ဝန်ထမ်းများကို တစ်အိမ်လျှင်
ထိုင်းဘတ်ငွေ ၂ဝ နှုန်းဖြင့် ကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၇၄ဝ ကျော်မှထောက် ပံ့ကြေး ပေးနေရသည့်
ကိစ္စနှင့် စပ် လျဉ်း၍ တစ်အိမ်ကို ၁၉၉ ဘတ်နှုန်း နဲ့ ထပ်ကောက်ခံသည့် ကိစ္စများအ ပေါ် ဝေဖန်မှုများ
ရှိလာခဲ့သည်။
.
''တာချီလိတ်မြို့မှာ မီးလင်းရေး ကော်မတီက ပိုလျှံငွေ မြို့အတွက်အ
များကြီး ရှိပါတယ်။ အရင်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီးက မီးလင်းရေးကော်မတီကို ချိန်းခိုင်းပါတယ်။
ဒီနေ့အချိန်ထိ ဆောင်ရွက်ခြင်း မရှိသေးပါဘူး။ ထိုင်းနိုင်ငံကနေ ၃ ဘတ် ၇၅ ပြားနဲ့ဝယ်
ယူထားတယ်။ ပြည်သူကို ၆ ဘတ် ၂၅ ပြားနဲ့ ရောင်းတယ်။ရရှိတဲ့ အမြတ်ငွေကို မြို့အတွက် အကျိုးမပြုဘဲ
ကုမ္ပဏီရဲ့ သဘောထား တစ်ခုတည်း နဲ့ ဆောင်ရွက်နေတယ်။ မြို့မှာ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့
အနေ အထားရှိပြီး မှောင်ရိပ်ကျရောက်တဲ့ နေရာတွေမှာ မီးထွန်းပေးဖို့ အကြိမ်ကြိမ် ပြောတာ
ဆောင်ရွက်ပေးခြင်း မရှိဘူး။ နောက်တစ်ချက်က တာချီ လိတ်မြို့မှာ မီတာနဲ့ ပတ်သက်ပြီး ကိုယ့်ဓာတ်တိုင်
ကိုယ်စိုက်၊ ကိုယ့်ကြိုး ကိုသွယ်၊ ကိုယ့်မီတာ ကိုယ်ဝယ်ပြီး တော့ လုပ်နေရတာပြည်သူတွေ
နစ်နာပါတယ်။ မီတာထိန်းသိမ်းခပေးတယ်။ မီတာပျက်ရင် ဘတ် ၃ဝဝဝ နဲ့ ဘတ် ၄ဝဝဝ ကြားမှ ပြန်ဝယ်နေရ
တယ်။ မီတာ ထိန်းသိမ်းခ ပေးထားရင် ဓာတ်တိုင်မှာဖြစ်တဲ့ ကိစ္စကို မီးလင်းရေးကော်မတီက လုပ်ပေးရမှာ
ဖြစ်ပါတယ်။ အခုက ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဒီတစ်ကြိမ် မီးလင်းရေး
အနေနဲ့သက် တမ်းတိုးမယ်ဆိုရင် မီတာခကို အ တတ်နိုင်ဆုံး လျှော့ချပေးဖို့ လိုပါ တယ်။ ဒေသဖွံ့ဖြိုးရေးအတွက်
အဟန့်အတား ဖြစ်နေတဲ့ အတွက်ရှမ်း ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ အဓိ ကထား ဆောင်ရွက်ပေးဖို့
ပြောထားပါ တယ်''ဟု တာချီလိတ်မြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်တင့်က
ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်မြို့တွင် ဒီဇင်ဘာလ ၃ ရက်က
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ ဝင် ဝန်ကြီးများ
ဒေသခံ ပြည်သူများ နှင့် တွေ့ဆုံစဉ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က
ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
.
တာချီလိတ်မြို့တွင် လျှပ်စစ်မီး ရရှိရေးအတွက် ထိုင်းနိုင်ငံမှ တစ်ယူ
နစ် ၄ ဘတ် ၅ဝ ပြားဖြင့် ဝယ်ယူ ကာ ထိုင်းဘတ်ငွေ ၁ ဘတ်ခွဲ ရရှိနေ ကြောင်း သိရသည်။ ယင်းလျှပ်စစ်မီး
အား အိမ်သုံးမီတာ တစ်ယူလျှင် ၆ ဘတ် ဖြင့်လည်းကောင်း၊ လုပ်ငန်းသုံး ပါဝါမီတာအား ၇ ဘတ်ဖြင့်လည်း
ကောင်း၊ ရောင်းချခဲ့ပြီး ယခင်က ဝ ဒသမ ၂၅ ဘတ် လျှော့၍ ရောင်းချ ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့ မီးလင်းရေးကော်မတီ ဥက္ကဌ၊
တာချီလိတ် ခရိုင်အုပ်ချုပ်ရေး မှူး ဦးမြင့်နိုင်က ''မြို့မီးလင်းရေးကော်မတီကို စတင်ဖွဲ့စည်းကတည်းက
ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးက အတွင်းရေးမှူးနဲ့ မြို့မိမြို့ဖ၊
ရပ်မိရပ်ဖတွေနဲ့ ဖွဲ့စည်းခဲ့ ကြတာ ဖြစ်ပါတယ်။ ကျွန်တော်စတင် ရောက်ရှိတဲ့အချိန်မှာလည်း
ဥက္ကဌအလိုအလျောက် ဖြစ်ပါတယ်။ မီးလင်း ရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းမယ်ဆိုရင် လည်း ကျွန်တော်က
တာဝန်ရှိပါ တယ်။ ကျွန်တော် စတင်ရောက်ရှိတဲ့ အချိန်မှာ တာချီလိတ်မှာ မီတာခတွေ များတယ်။
ယူနစ်တွေ ပျောက်ဆုံး တယ်။ မီတာခတွေ အများကြီးဆောင် နေရတယ် ဆိုတာ သိရတဲ့အတွက် အဲဒါတွေကို
လေ့လာခဲ့ပါတယ်။ ကျွန် တော်လုပ်တဲ့ လုပ်ငန်းတိုင်းမှာ အစည်းအဝေးခေါ်ပြီး အများသဘောတူ
ဆုံးဖြတ်ပြီးမှ ဆောင်ရွက်တာ ဖြစ်ပါ တယ်။ မီးလင်းရေး ဖွဲ့စည်းထားတဲ့ ရုံးဝန်ထမ်းတွေကိုသာ
လစာပေးရတာ ဖြစ်ပြီး ကော်မတီအဖွဲ့တွေက လစာမ ယူပါဘူး။ ရရှိတဲ့ အမြတ်ငွေ ၁ ဘတ် ၅ဝ ပြားကို
ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် သုံးစွဲရပါတယ်။
ဒီသုံးစွဲတဲ့ ငွေကြေးကိုလည်း စာရင်းစစ်နဲ့ သေ ချာစစ်ဆေးခံပြီး ဆောင်ရွက်ရတာဖြစ် ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်မှာ ကျွန် တော်တို့ မီးလင်းရေးကော်မတီက အ ခွန် သိန်း ၅ဝဝ စတင်ပေးဆောင်ရတာ
ဖြစ်ပါတယ်။ တဆင့်ယူရတဲ့ အလူရာကုမ္ပဏီကလည်း သူရတဲ့အထဲ က နိုင်ငံတော်ကို အခွန်ထမ်းဆောင်ရပါတယ်။
တစ်ယူနစ်အပေါ်မှာ နိုင်ငံတော်ကို အခွန်နှစ်ခါဆောင်ရသလို ဖြစ်နေပါတယ်။ အဲဒီ အနေအထား ပေါ်မှာ
လျှော့ချမယ်ဆိုရင် ကျွန်တော် တို့အတွက် လစဉ်လက်ကျန်ငွေ နည်း ပါးတယ်''ဟု ပြောသည်။
.
အဆိုပါ အစည်းအဝေးသို့ ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့်
ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည် နယ်/မြို့နယ်အဆင့်
ဌာနဆိုင်ရာများ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ လူ မှုရေးအသင်းအဖွဲ့များနှင့်
ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိ ရသည်။
.
.
.
#KBZTai #Shan