မောင်မောင်သန်း (တောင်ကြီး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ဒီဇင်ဘာလ ၁၃ ရက်၊ မွန်းလွဲပိုင်းက ပိုလန်နိုင်ငံ၏
Official Development Assistance - ODA အစီအစဉ်ဖြင့် ရှမ်းပြည်နယ်အတွက် ရရှိသည့် ခေတ်မီ
မီးငြိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်များအား သရုပ်ပြသခဲ့ကြောင်း
သိရသည်။
.
.
ပိုလန်နိုင်ငံ၏
Official Development Assistance - ODA အစီအစဉ်ဖြင့် အဆင့်မြင့် မီးသတ်ယာဉ်နှင့် ရှာဖွေ
ကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်အမျိုးအစား ၅ မျိုးအနက် ရှမ်းပြည်နယ်အတွက် လက်ခံရရှိသည့်
ခေတ်မီ မီးငြှိမ်းသတ်ယာဉ် နှင့် ရှာဖွေကယ်ဆယ်ရေး အဆင့်မြင့်လုပ်ငန်းသုံးယာဉ်အမျိုးအစား
၎ မျိုး၊ အစီးရေ ၈ စီး ရရှိခဲ့ကြောင်း သိရသည်။
လက်ခံရရှိခဲ့သည့်
ယာဉ်များအနက် Volvo (4×4) အမျိုးအစား Medium Rescue & Fire Fighting မီးငြှိမ်းသတ်ယာဉ်သည်
ယာဉ်အလေးချိန် ၂၁ တန်ဖြစ်ပြီး ပိုလန်နိုင်ငံမှ ထုတ်လုပ်ကာ မီးငြှိမ်းသတ်ရေးလုပ်ငန်းများနှင့်
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်၍
ရေဝင်ဆံ့မှုပမာဏ ၅၀၀ လီတာနှင့် Foam ဝင်ဆံ့မှုပမာဏ ၆၀၀ လီတာ ပါဝင်ကာ Low Pressure တွင်
10 bar ဖြင့် အသုံးပြုပါက တစ်မိနစ်တွင် 4000 Lits နှုန်းဖြင့် ရေပက်ဖျန်းနိုင်ပြီး
High Pressure တွင် 40 bar ဖြင့် အသုံးပြုပါက တစ်မိနစ်တွင် 400 Lits နှုန်းဖြင့် ရေပက်ဖျန်းနိုင်ကြောင်း၊
Low Pressure နှင့် High Pressure အား တပြိုင်နက်ထဲ အသုံးပြုနိုင်ပြီး BS type
coupling 21/2'' ၊ 11/2'' 3D Nozzle များဖြင့် အသုံးပြု ပက်ဖျန်းငြှိမ်းသတ်နိုင်ကြောင်း၊
ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ယာဉ်မတော်တဆမှု ကယ်ဆယ် ရေးပစ္စည်း Hydraulic
Rescue Tools များထွင်းဖောက်ဖြတ်တောက်ကိရိယာများ ဘေးအန္တရာယ်လုံခြုံမှုပစ္စည်းများလည်း
ပါဝင်ကြောင်း၊ Volvo (4×2) အမျိုးအစား Hydraulic Platform(25 meter) ယာဉ်သည် ယာဉ်အလေးချိန်
တန် ၂၀ ဖြစ်ပြီး အထပ်မြင့် မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးယာဉ်အမျိုးအစားဖြစ်ကာ
25 meter ထိ လှေကားဆန့်ထုတ်နိုင်၍ ဆုံလည်လှေကားမှာ ၃၆၀ ဒီဂရီလှည့်နိုင်ကာ 300 Kg တင်ဆောင်နိုင်သည့်
Cage ဖြင့် မီးငြှိမ်းသတ်ခြင်း၊ လူသယ်ဆောင်ခြင်း များ ပြုလုပ်နိုင်ပါ ကြောင်း၊ အများဆုံးလူ
၅ ယောက်တင်ဆောင်နိုင်ပြီး အမြင့်သို့ သွားရာတွင် ၁ မိနစ်လျှင် ၁၁ မီတာနှုန်းဖြင့် သွားနိုင်ပြီး
အောက်သို့ချရာတွင် ၁ မိနစ်လျှင် ၂.၅ မီတာနှုန်းဖြင့် ဆင်းနိုင်ကြောင်း၊ Volvo (8×4)
အမျိုးအစား Heavy Rescue & Towing ယာဉ်သည် ယာဉ်အလေးချိန် ၄၂ တန်ဖြစ်ပြီး ငလျင်ကဲ့သို့သော
သဘာဝဘေးအန္တရာယ်များအား ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လေးလံသော အရာဝတ္ထုများအား
ဆွဲယူခြင်း၊ မတင်ခြင်း၊ ရွှေ့ပြောင်းခြင်းနှင့် ယာဉ်မတော် တဆမှုကယ်ဆယ်ရေးလုပ်ငန်းများတွင်
တိမ်းမှောက်ယာဉ်များနှင့် ချောက်ထဲကျနေသော ယာဉ်များအား ဆွဲတင်ခြင်း၊ သယ်ယူ ခြင်းများဆောင်ရွက်ရာတွင်
ထိရောက်စွာအသုံးပြုနိုင်သော ယာဉ်များဖြစ်ကြောင်း၊ Volvo (8×4) အမျိုးအစား Heavy
Rescue & Lifting ယာဉ်သည် ယာဉ်အလေးချိန် ၄၄ တန်ဖြစ်ပြီး သဘာဝဘေး အန္တရာယ်နှင့် အခြားမတော်တဆမှု
ဖြစ်စဉ် များအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ခေတ်မီမီးငြှိမ်းသတ်ယာဉ်နှင့်
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်များ သရုပ်ပြပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊
ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား
ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူတို့က တက်ရောက်လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။
.
.
.
#KBZTai
#Shan