ကျိုင်းတုံမြို့၌ အခြေခံပညာကျောင်းပေါင်းစုံနှင့် အလွတ်တန်းစာပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့၌ အခြေခံပညာကျောင်းပေါင်းစုံနှင့် အလွတ်တန်းစာပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပ


မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ သံလွင်ခန်းမ၌ စွမ်းအင်ကုမ္ပဏီနှင့် တိုးတက် ဟိန်းဆောက်လုပ်ရေးကုမ္ပဏီတို့၏ ပံ့ပိုးမှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၈ ခုနှစ်၊ အခြေခံပညာကျောင်း ပေါင်းစုံနှင့်အလွတ်တန်းစာပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ကျင်းပြုလုပ်ခဲ့သည်။
.
 
.
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနု၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစိုင်းချစ်အောင်၊ အ.ထ.က (၂)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသန်း၊ စာပွဲတင်တင်းနစ်ဆပ်ကော်မတီဥက္ကဌ စွမ်းအင်ကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်နိုင်၊  တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အခြေခံပညာ အထက်တန်း/အလယ်တန်း ကျောင်းများမှ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြသည်။
.
အခမ်းအနားတွင် စာပွဲတင်တင်းနစ်ဆပ်ကော်မတီဥက္ကဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး အဖွင့်ပွဲစဉ်အဖြစ် ကြိဂံဒေသတိုင်းစစ်ဌာနချုပ်(က)အသင်းနှင့် ကျိုင်းတုံတက္ကသိုလ်အသင်း၊ အထက(၄)အသင်းနှင့် အထက(၃)အသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း ၂၄ သင်းတို့မှ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats