ကျိုင်းတုံတွင် ဆစ်ခ်လူမျိုးများ နေထိုင်ခဲ့သည့် ရှေးဟောင်းသမိုင်းအထောက်အထားများ ရှိခဲ့သော်လည်း လက်ရှိတွင် လူဦးရေ အနည်းငယ်သာ ကျန်ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, December 28, 2018

ကျိုင်းတုံတွင် ဆစ်ခ်လူမျိုးများ နေထိုင်ခဲ့သည့် ရှေးဟောင်းသမိုင်းအထောက်အထားများ ရှိခဲ့သော်လည်း လက်ရှိတွင် လူဦးရေ အနည်းငယ်သာ ကျန်ရှိ



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ လွိုင်မွေကျေးရွာတွင် လွတ်လပ်ရေး မရမီ ခေတ်က လက်ကျန်ဖြစ်သည့် ဆစ်ခ်လူမျိုးများ နေထိုင်ခဲ့သည့် သ မိုင်းအထောက်အထား အဆောက်အဦများ ရှိနေသော်လည်း လက်ရှိတွင် ကျိုင်းတုံမြို့နယ်အတွင်း၌ နေထိုင် လျက်ရှိသော ဆစ်ခ်လူမျိုး ဦးရေမှာ ရာဂဏန်း ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့၊ အမှတ် (၂)ရပ် ကွက်တွင် ဆစ်ခ်ဘုရားကျောင်းရှိပြီး ဆစ်ခ် လူမျိုးများ နေထိုင်လျက်ရှိ သော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး နှီးနှောဖလှယ်ပွဲတွင် ဆစ်ခ်လူမျိုးအရေအတွက် ရာဂဏန်းခန့်သာ ရှိနေကြောင်း သိရသည်။
.
ဆစ်ခ်လူမျိုးများ နေထိုင်ခဲ့သည့် သမိုင်းအထောက်အထားအဖြစ် မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ ၁၉ဝ၈ ခုနှစ်၌ လွိုင်မွေမြို့ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့သည့် စကော့တလန်နိုင်ငံသား Sir.James George Scott ဆိုသူ တည်ထောင် ခဲ့သည့် သဲကျောက်တုံး များဖြင့် ဆောက်လုပ်ထားသည့် အ ဆောက်အဦများမှာ ယနေ့တိုင် ရှိနေ ဆဲ ဖြစ်ကြောင်း သိရသည်။
.
''ခေတ်တွေ ကြာလာတော့ ဆစ်ခ်လူမျိုးတွေ ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့သွားရင်းနဲ့ အခုတော့ ကျိုင်းတုံမှာ လူနည်းနည်းပဲ ကျန်ပါ တော့တယ်။ သမိုင်း အထောက်အ ထားတွေကို ထိန်းသိမ်းဖို့အတွက် လည်း ငွေရှိမှ ဖြစ်မှာဆိုတော့ အခု လက်ရှိမှာ မိသားစုအချင်းချင်း ကူညီ ရိုင်းပင်းဖေးမတာလောက်ပဲ လုပ်နိုင် ပါတယ်''ဟု ကျိုင်းတုံမြို့၊ အမှတ် (၂) ရပ်ကွက်နေ ဦးသိန်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ လွိုင်မွေရပ်ကွက်နေ ဒေသခံ တိုင်းရင်းသူတစ်ဦးမှလည်း ''ကျွန်မအဖွားနဲ့ ရွယ်တူလူကြီးတွေ ကတော့ အခုပြောတဲ့ နေရာကို ကုလားကျောင်းလို့ခေါ်တာ ကြားခဲ့ဖူးပါ တယ်။ ဆစ်ခ်ဆိုတာ လူမျိုးတစ်ခုမှန်း အခုမှပဲ သိရပါတယ်''ဟု ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
လွိုင်မွေရှိ ဆစ်ခ်လူမျိုးများ နေ ထိုင်ခဲ့သော အဆောက်အဦ၏ ဝင် ပေါက်တွင် OFFICE ဟု စာတမ်း ရေးထိုးထားပြီး ထိုစဉ်က မြို့အုပ်ချုပ် ရေးမှူး ဖြစ်ခဲ့သော J.G.Scott ဆို သူသည် မြန်မာနိုင်ငံတွင် ဘောလုံး အားကစားနည်းနှင့် အတူ ဘောလုံး ကွင်းများကို ဖော်ဆောင်ပေးခဲ့သူဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube