မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အဆက်မပြတ်
ဝင်ရောက် လည်ပတ်လျက်ရှိရာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ နေ့ချင်းပြန်၊
ညအိပ်ခရီးစဉ်နှင့်ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားများ
အပါအဝင် စုစုပေါင်း ၆၄၅၃၆၂ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊
တာချီလိတ်ရုံးခွဲမှ သိရသည်။
.
.
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ
နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ ဝင်ရောက်လျက်ရှိရာ
တာချီလိတ် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ် ထိုင်းနိုင်ငံသား ၂၄၈၉၁ ဦး၊ တတိယ နိုင်ငံသား
၁၈ဝ ဦး၊ ကျိုင်းလပ်နေ့ချင်းပြန်ခရီးစဉ်သို့ ထိုင်းနိုင်ငံသား ၆ ဦး၊ မိုင်းဖုန်းနေချင်းပြန်ခရီးစဉ်သို့
ထိုင်းနိုင်ငံသား ၁ဝ ဦး၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ခရီးစဉ်သို့ ထိုင်းနိုင်ငံသားအများစုပါဝင်သည့်
တတိယ နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၄၂၇ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ)
နိုင်ငံသား အပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၈၁၃ ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့သည်။
အဆိုပါ ခရီးသွားဧည့်သည်များသည်
နေ့ချင်းပြန်ခရီးအဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင် ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊
ဝမ်ကောင်းရပ်ကွက်ရှိ မြို့မဈေး၊ရွှေတိဂုံ စေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊
ကိုးမြို့ရှင်နတ်နန်း၊ ပဒေါင်ကျေးရွာ၊ အာခါဈေး၊ ကွမ်ရင်မယ်တော်နှင့် တရုတ် ဘုံကျောင်း၊
မိုင်းလင်း ဆရာတော်ကျောင်း၊ လန့်တောင်းနှီးဘုရား၊ ရှေးဟောင်းတန်ခိုးကြီးစေတီပုထိုးများ၊
ရှမ်း၊ အာခါ၊ လားဟူတိုင်းရင်းသားကျေးရွာများသို့ လည်ပတ်ခဲ့ကြောင်းသိရသည်။
.
ညအိပ်ခရီးစဉ်အဖြစ်
မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ သမိုင်းဝင်ဆုတောင်း ပြည့်စွန်တောင်းစေတီ၊
ဘီလူးရှာ၊ ကျိုင်းတုံမြို့အဝင် ပန်ကွဲတောင်ရှိ ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ
မဟာ မြတ်မုနိဘုရား၊ ရပ်တော်မူဘုရား၊ ဟိုခုံကျောင်း၊ စွန်တောင်းစေတီ၊ ကျိုင်းရင်း ဘုန်းကြီးကျောင်း၊
ဝပ်အင်းကျောင်း၊ ကျော့မ်ဆရီစေတီ၊ ပါလျန်ကျောင်း၊ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ကမ္ဘာအေး
စေတီ၊ လွယ်မွေဒေသ၊ စံပြယန်းလောကျေးရွာ၊ ကိုးထပ်ရေတံခွန်နှင့် ပင်းတောက်ရေတံခွန်စသည့်
အထင်ကရနေရာ များသို့ သွားရောက်ကာ ဘုရားဖူးခြင်း၊ ရေမြေတောတောင်သဘာဝအလှရှုခင်းများနှင့်
တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာမှုများရှိကြောင်း သိရသည်။
.
ထို့အပြင်
တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ် တိုက်ရိုက်ပျံသန်းသည့်မြို့များဖြစ်သောဟဲဟိုး၊ ရန်ကုန်၊
မန္တလေး၊ မြစ်ကြီးနား၊ လားရှိုးမြို့များမှ တစ်ဆင့် ပြည်တွင်းရှိ အထင်ကရဒေသများသို့ ဝင်ရောက်လည်ပတ်မှုများလည်း
ရှိနေကြောင်း သိရသည်။
.
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၂ ရက်အထိ ထိုင်း နိုင်ငံသားနှင့် တတိယနိုင်ငံသားနေ့ချင်းပြန်ခရီးသည်
စုစုပေါင်း ၆၂၈၉၂၄ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံ ခရီးစဉ်အဖြစ် ခရီးသည် ၆၅၉၅ ဦး၊တာချီလိတ်မြို့မှ
ဗီဇာဖြင့် ပြည်တွင်းပိုင်းခရီးစဉ်သို့ ၉၈၄၃ ဦး၊ စုစုပေါင်း ၆၄၅၃၆၂ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း
သိရသည်။
.
.
.
#KBZTai
#Shan