မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာတွင် ဒီဇင်ဘာလ ၁၁ ရက်၊ ညပိုင်းက တူမီးသေနတ်ဖြင့်
ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း
ပုံပါကျင်နယ်မြေရဲစခန်းမှ သိရသည်။
.
.
“တရားခံဖမ်းမိဖို့
စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ပုံပါကျင် နယ်မြေရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ် ကျော်သောင်းအေး
က ကမ္ဘောဇတိုင်းသို့ ပြောသည်။
နားကောင်းမူးကျေးရွာ၊
အမှတ် (၂) ရပ်ကွက်နေ ကျခူ (၃၆ နှစ်)သည် နားကောင်းမူးကျေးရွာ တောင်ဘက် ၃ မိုင်ခန့်အကွာရှိ
ရေပူစမ်းလယ်တဲတွင် ကြက်သွန်ဖြူစိုက်ပျိုးပြီး ခြံစည်းရိုး ကာရံနေစဉ် သေနတ်ဖြင့် အပစ်ခံရသဖြင့်
သေဆုံးခဲ့ကြောင်း ၎င်း၏ ဦးလေးဖြစ်သူ ဦးအာဗေလမှ ပုံပါကျင်နယ်မြေရဲစခန်း တာဝန်ကျ ဒုရဲအုပ်
အောင်သူထွဋ်ထံသို့ လာရောက်သတင်း ပေးပို့သဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ
ကြက်သွန်ဖြူစိုက်ခင်းတောင်ဘက်ရှိ ကောက်ရိုးတဲဘေးတွင် ပက်လက်အနေအထားဖြင့် ဝဲဘက်ရင်အုံ၊
ဝဲဘက်နံဘေး၊ ဆီးခုံယာဘက်ခြမ်း၊ ဝဲဘက်ပေါင်ရင်းဘေး၊ နောက်ကျောဝဲဘက် တို့တွင် သေနတ်ထိမှန်
ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။
.
သို့ဖြစ်၍
တူမီးသေနတ်ဖြင့်အား ပစ်ခတ်သူအား နားကောင်းမူးနယ်မြေရဲစခန်းမှ (ပ)၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ
၃၀၂ ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးရှာဖွေမှုမျာ
ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.
.
.
#KBZTai
#Shan