အေးမင်းစိုး (မိုင်းခတ်)
.
.
သတိမမူ ဂူမမြင် သတိတရားလက်ကိုင်ထား၊ သတိဟူသည် ပိုသည် မရှိ။ သတိတရားအရေး
ကြီးပုံကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ရာ ဟုလာကို ဆုံးမတော်မူခဲ့ပေသည်။
.
ချစ်သားရာဟု ကြိုးစားပြုလော့။ မပြောမီ စဉ်းစား၊ စဉ်းစားပြီး ပြော၊
ပြောပြီးစကားပြန် စဉ်းစားလော့ဟု စကားပြောဆိုရာမှာပင် သတိ တရား လက်ကိုင်ထားဖို့ သွန်သင်ဆုံးမတော်မူ
ခဲ့ပေသည်။
ကျွန်တော်တို့ တရားရိပ်သာများ၌ တရား အားထုတ်သောအခါ အမှတ် ''သတိ''ဖြင့်
နေ ထိုင်ရသည်။ စားသတိ၊ သွားသတိ၊ လာသတိ၊ သတိ လက်မလွတ်အောင် အမှတ်တရားနှင့် နေထိုင်ပါမှ
သမာဓိ စွမ်းအားတက်လာပြီး ဓိပ ဿနာဉာဏ်သို့ ကူးပြောင်းရှုမှတ်လျှင် ဝိပဿ နာဉာဏ်စဉ်များ
အဆင့်ဆင့် တက်လာသည်ကို တရားအားထုတ်ဖူးသူတိုင်း အနည်းနှင့်အများ သိကြပါသည်။
.
စာရေးသူတို့ (၇ဝ)ကျော် အဖိုးကြီး အုပ်စု နံနက် (၅)နာရီဆို ထပြီး
တစ်စုတစ်ဝေး လမ်း လျှောက်ကြပါသည်။ တစ်နေ့သော် ရဲဘော် ဟောင်းကြီး ဦးအောင်တင် တစ်ယောက်
သတိ လက်လွတ် ငေးမောလျှောက်မိသဖြင့် လမ်းပေါ် ရှိ ကျောက်ခဲငယ်ကို ခလုတ်တိုက်မိ၍ လဲ သွားရာ
''ဒူးပြဲ''သွားသည်။ တစ်ပတ်ခန့်အနား ယူရသည်။ စာရေးသူမှ အဖိုးကြီးအုပ်စုကို သ တိပေးရသည်။
''ခင်ဗျားတို့ လမ်းလျှောက်ရင် သတိမလွတ်စေနဲ့၊ သတိလက်လွတ်ဖြစ်ရင် ''နဖူးကွဲ၊ ဒူးပြဲမည်''ဟု
နံနက်ခင်းတိုင်း သတိ ပေးစကား ပြောရသည်။ သတိအကြောင်းရေး နေရင်း မနှစ်က အဖြစ်အပျက်ကလေး
တစ်ခု ခေါင်းထဲရောက်လာသည်။ မနှစ်က ယခုလို ''နိုဝင်ဘာလ''ထဲမှာ မိုင်းခတ်မြို့နယ် မိုင်းဟန်
ကျေးရွာအုပ်စု ဖိုးငံကျေးရွာ ပေ ၃ဝ အရှည်ရှိ ချောင်းကူးတံတားတစ်ခုကို တာဝန်ယူဆောက်
လုပ်ခဲ့သည့် ဖိုးငံကျေးရွာသည် ပေ ၅ဝဝဝ ကျော်မြင့်ကြီးပေါ်တွင် တည်ရှိပြီး တောကြီး တောင်ကြီး
သစ်တောကြီးတို့ ဝိုင်းရံနေသော ကျေးရွာဖြစ်သည်။ ရာသီဥတုမှာ အမြဲအေးနေ ပြီး ''နိုဝင်ဘာလ''သည်
ဆောင်းကာလဖြစ်သ ဖြင့် အအေးဓာတ်အား အရိုးကွဲမတတ်။
.
ညဘက်အိပ်လျှင် အိပ်ယာဘေးတွင် မီးဖို ပြီး၊ ဂွမ်းကပ် နှစ်ထပ်လောက်
ခြုံရသည်။ နံ နက်စောစောထလျှင် လုပ်ငန်းမစကြသေး၊ မီးဖို ဘေးတွင် ဝိုင်းဖွဲ့ထိုင်ရင်း
လက်ဖက်ရည်သောက် ထမင်းစား၊ နေရောင်လာမှ လုပ်ငန်းခွင် ဝင်ရ သည်။ ''နေခြည်ဖြာမှာ နွေးသောကြောင့်''စာ
သားကို သတိရမိသည်။ နံနက်တိုင်း ကျွန်တော် တို့ လုပ်ငန်းခွင်စပြီဆိုလျှင် ဖားငံရွာသားလူကြီး/
လူလတ်/လူငယ် အမျိုးသမီးများ လုပ်ငန်းခွင် သို့ သွားကြသည်။ လုပ်ငန်းခွင် ဆိုသည်မှာ
''တောင်ယာ၊ လယ်တော၊ တောပစ်၊ ကျွဲအုပ်၊ နွားအုပ်'' ထိန်းကျောင်းခြင်း စသည့်ခေါင်းစဉ်
စုံလှသည်။
.
အမျိုးသားတိုင်း လုပ်ငန်းခွင် သွားကြလျှင် ပုခုံးတွင် ''တူးမီး''သေနတ်
ဒေါင့်ဖြတ်လွယ်၍ လွယ်အိတ်ကိုယ်စီ လွယ်လျက် လက်ထဲတွင် သရေဂွ၊ လောက်လေးပါလိုက်သေးသည်။
စာ ရေးသူ နံနက်ခင်းတိုင်း လုပ်ငန်းခွင်သွား သူတို့ ကို လေ့လာရင်း၊ ရင်းနှီးသော ''အားဟူ''ကို
ခေါ်၍ သူ့လွယ်အိတ်အတွင်း နှိုက်ကြည့်ရာ လောက်စာလုံးများ၊ ထမင်းဘူး၊ ရေဘူးနှင့် တူး မီးကြည်ဆံခဲလုံး''လေးများကို
တွေ့ရသည် မေး ကြည့်ရာ 'အားဟူ မှ
.
''လောက်လေးလောက်စာလုံးက ငှက်ပစ်ဖို့ တူးမီးသေနတ်ကတော့ တောထဲဝင်ရင်
လူကို အန္တရာယ်ပေးနိုင်တဲ့ ကျားတို့၊ ကျားသစ်တို့၊ ဝက်ဝံတို့၊ြေ>ွမကြီးတို့ ပစ်ဖို့
အဆိုးဆုံးကတော့ ဆရာရေ တောခွေးအုပ်စုနဲ့ တွေ့လိုက်တော့ အသက်လု ပြေးရင်ပြေး။ လုံခြုံတဲ့
နေရာရှာပြီး ပုန်းရင်ပုန်း ဒါမှမဟုတ် သစ်ပင်မြင့်မြင့်တက် ရှောင်ပေတော့၊ တောတောင်ထဲသွားတယ်ဆို
တာ သတိလက်မလွတ်ဘဲ အမြဲတန်း သတိရှိ နေရတယ်။ ဘယ်နေရာက ပေါ်လာမှန်း မသိတဲ့ ရန်သူ ဒါမှမဟုတ်
မိမိကို ရန်ပြုမည့် သတ္တဝါ ကို မျက်စိဖွင့်နားစွင့်ပြီး သွားလာရတာမျိုး ဆ ရာရေ'' လို့
ရှင်းပြခဲ့သည်။
.
အော် ဒါကြောင့် တောင်ပေါ်သားတွေတော ထဲဝင်လျှင် ''တူးမီး''သေနတ်က
သူတို့၏အ သက်အန္တရာယ်ကို ကာကွယ်ဖို့ အဓိကအားထားရာ လက်နက်ကြီးတစ်ခုပါလားဟု သိရှိလိုက်ရသည်။
.
နောက် (၂)ရက်လောက် အကြာနံနက်အိပ်ရာထ မီးလှုံနေစဉ် စာရေးသူတို့ မီးပုံနားသို့တူး
မီးလွယ်လျက် ကျောဘက်တွင် ပလပ်စတစ် အိတ်ကြီးကို ထမ်း၍ ''အားဟူ''ရောက်လာပါ သည်။
.
ပုခုံးပေါ်မှ အိတ်ကြီးကို ပစ်ချပြီး၊ မီးပုံနား လာထိုင်ရင်း-
.
''ဆရာရေ ညတုန်းက ကျွန်တော်နွားအုပ်ထဲ က နွားပေါက်လေး (၂)ကောင် တောခွေးအုပ်
ဝင်စားသွားလို့ ကျန်တဲ့အသားတွေ ဖျက်ယူလာ တာ။ ဆရာတို့ စားဖို့ပေးခဲ့ရအုန်းမယ်'' အိတ်
ထဲမှ နွားပေါက်ကလေးပေါင် (၂)ခု အားပေးပါ သည်။ ဝမ်းတွင်းသားနဲ့ ရင်အုပ်ပိုင်းကတော့ တောခွေးတွေ
စားသွားပြီ ''အားဟူ''စိတ်တိုစွာ ပြောနေသည်ကို ငေးကြည့်နေရင်း။
.
''ညနေကျရင်တော့ နွားအုပ်ကို ရွာနားပြန် မောင်းလာမှ ဖြစ်မယ်။ တော်ကြာနွားပေါက်တွေ
တော့ ခွေးစာဖြစ်သွားလိမ့်မယ်''
.
အားဟူပြောသည်ကို စိတ်မကောင်းစွာနား ထောင်နေမိသည်။ နောက်တစ်ပတ်လောက်
အ ကြာ နံနက် (၉)နာရီခန့်လောက်တွင် ''အား ဟူ'' ခေါင်းဆောင်၍ ရွာသား (၁ဝ)ဦး ခန့်စောင်
ပုခက်ကြီးနှင့် လူနာတစ်ဦးအားဝါးလုံးရှည်တွင် ရှေ့နောက်ကြိုးဖြင့် ချည်နှောင်၍ ထမ်းလာပြီး။
ကျွန်တော်တို့ လုပ်ငန်းခွင်ရှိတဲ့ အတွင်း ထိုင်၍ နားကြပါသည်။ စုံစမ်းမေးမြန်းကြည့်ရာ-
.
ဒီမနက်စောစော ''ဘူးညွန့်''တို့ ညီအစ်မ နှစ်ယောက် တောစပ်မှာရှိတဲ့ သူတို့ပြောင်းခင်း ကို ပြောင်းဖူးချိုး
သွားကြတာ။ ပြောင်းခင်းထဲ ရောက်သွားချိန် တောဝက်ကြီး တစ်ကောင်ပြေး ထွက်လာပြီး ''ဘူးညွန့်''ကို
သူ့ရဲ့ ချွန်ထက်နေ တဲ့ သွားကြီးနဲ့ ကိုက်ပြီး နှုတ်သီးနဲ့ တအားထိုး နေတာကို ညီမဖြစ်သူ
''ဘူးဆော့''က ကပျာ ကယာ အနားမှာရှိတဲ့ မြေကြီးခဲတုန်းကြီးနဲ့ တ အားပစ်ပေါက်လိုက်မှ တောထဲကို
ပြန်ဝင်ပြေး သွားတယ် ''ဘူးညွန့်''ရင်ဘတ်နဲ့ ပေါင်တွေမှာ ဒဏ်ရာတွေ ရသွားတယ် သွေးတွေ
တအား ထွက်နေတယ်။ ခု ဆေးရုံသွားပို့ မလို့-
.
ကြားရတဲ့ စကားက စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းက သနားစဖွယ်သို့ ခြုံပေးပြီး
မြန်မြန် သွားဆေးရုံ အချိန်မီ ရောက်ဖို့လိုတယ်။
.
မိန်းမသားတွေ အဖို့သူတို့ လုပ်ငန်းခွင်သို့ စောစောသွား စောစော အလုပ်လုပ်
သူတို့ကို အန္တရာယ်ပေးမည့် တောရိုင်းသတ္တဝါတို့နှင့် ရင်ဆိုင်တိုးမိလျှင် ခုခံစရာ လက်နက်မပါ
''အား ဟူ''ပြောသည့် စကားကို ပြန်လည် သတိရနေ မိသည်။
.
''ဆရာတောထဲ သွားတယ်ဆိုတော့ သတိ အမြဲတမ်း ထားနေရတယ်။ သတိလက်လွှတ်
ဖြစ်သွားရင် ကိုယ့်ကို အန္တရာယ်ပေးမည့် တောတောင်နှင့် တွေ့လျှင် အသက်ဆုံးရှုံးနိုင်သည်။
.
ကျွန်တော်တို့တတွေ သွားသတိ လာသတိ သတိဆိုသည်မှာ ပိုသည်မရှိ၊ လိုသည်သာ
ရှိသည်။ အဖိုးကြီး အုပ်စုနံနက်ခင်းတိုင်း လမ်း လျှောက်စဉ် သတိလက်လွတ်သွားမိပါက ''န
ဖူး ကွဲ၊ ဒူးပြဲ'' မည်သို့ပါတကား။
.
ခုတလော သတင်းတွေ ဖတ်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာ ဆိုင်ကယ်စီးသွားသော
အမျိုးသမီးအား လူငယ်များက ဆိုင်ကယ်ချင်း ယှဉ်မောင်း၍ ပိုက်ဆံအိတ်လုသူ ဆွဲကြိုးဖြတ်
သူ အနိဌာရုံ သတင်းတွေ လူငယ်တွေ မူးယစ် ဆေးဝယ်/ရောင်းတွေကလည်း နေ့စဉ်သတင်း မှာ တွေ့နေရပေသည်။
.
အဓိကမှာ ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေး စခန်းတစ်ခုကို သောင်းကျန်းသူတို့
ဝင်ရောက် တိုက်ခိုက်သည့် သတင်း ဖြစ်သည်။ တိုင်းပြည် ၏ လုံခြုံရေးတာဝန်ကို ယူနေရသော
ရဲဝန်ထမ်း များ၊ တပ်မတော်သားများ အားလုံးကို မေတ္တာ ရပ်ခံလိုတာက ဆိုင်ကယ်စီးလျှင် ဖြစ်စေ
တာဝန် ထမ်းဆောင်ရာမှာ ဖြစ်စေ သွား သတိ လာ သတိ
သတိလက်လွတ် မနေကြပါနဲ့လို့ စေတ နာ ရှေ့ထားလျက် အားလုံးဘေးရန် ကင်းပ စိတ်ချမ်းသာစွာဖြင့်
ဘဝကို ရပ်တည်နိုင်ကြပါ စေလို့ ဆန္ဒပြုရင်း ။
။
.
.
.
#KBZTai #Shan