ရွာငံလွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့အား လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုသူမှ ပြန်လည်တောင်းပန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, December 22, 2018

ရွာငံလွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့အား လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုသူမှ ပြန်လည်တောင်းပန်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ တွင် ဒီဇင်ဘာလ ၅ ရက်က စ တင်ဖွင့်လှစ်ခဲ့သည့် လွှတ်တော် ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက် ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေး အဖွဲ့ချုပ်အား ဂုဏ်သိက္ခာကျဆင်း စေသည့် အသုံးအနှုန်းများဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုခဲ့ သူကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ရန်စီစဉ်ခဲ့သော် လည်း ခံဝန်ဖြင့်သာ တောင်းပန်မှု ပြုစေခဲ့ကြောင်း ရွာငံမြို့၊ လွှတ် တော်ပြင်ပ အဂတိလိုက်စားမှု တိုက် ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင် ရေးအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးမြတ်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
'' ပထမတော့ ၆၆ (ဃ) နဲ့ အမှု ဖွင့်ဖို့ ရဲစခန်းကို စာပို့ခဲ့ပေမယ့် တစ်မြို့တည်းသားချင်းဖြစ်နေပြီး၊ စခန်းမှူးကလည်း ကြားကနေ ခံဝန်နဲ့ ဖြေရှင်း ပေးခဲ့တဲ့အပြင် အသင်းရုံး ဖွင့်တာလည်း မနေ့တစ်နေ့ကဆိုပြီး ခံဝန်ကို ကျေနပ်လိုက်တာပါ။ ဒါပေမဲ့ နောက်နောင် ဘယ်သူမဆို အသင်း အဖွဲ့ကို စော်ကားလာမယ်ဆိုရင်တော့ အရေးယူဖို့ လုပ်ဆောင်သွားမှာဖြစ် ပါတယ်။ အမှုကတော့ ကျေအေးတဲ့ သဘော မဟုတ်ပါဘူး။ အချိန်မရွေး အမှုဖွင့်ဖို့ ပြင်ဆင်ထားပါတယ်''ဟု ဦးစိုးမြတ်လွင်က ပြောသည်။
.
 အဆိုပါ လူမှုကွန်ရက်တွင် ရေးသားခဲ့သူမှာ ရွာငံမြို့၊ မင်္ဂလာ ကျောင်းကြီးတွင် ဒီဇင်ဘာ ၅ ရက်က လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့် တင်ရေးအဖွဲ့ရုံး ဖွင့်လှစ်မှုနှင့် လူထု တွေ့ဆုံပွဲ ပြုလုပ်မှု သတင်းများကို ခွင့်ပြုချက် ရယူခဲ့ခြင်း မရှိဘဲ ¤င်း ၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် အပြင်၊ ''တွေ့ဆုံပွဲဆိုပဲ၊ ရတော့ ရခဲ့ တယ်'' ဟု မှတ်ချက်စာသား (Comment)၌ ရေးသားမှုအား အခြား မိတ်ဆွေတစ်ဦးမှ ''ဘာရခဲ့လဲ''ဟု မေးမြန်းသည့်အပေါ် ''နောင်တ''ဟု ရေးသားခဲ့ခြင်းဖြစ်သည်ဟု ဦးစိုးမြတ် လွင်ထံက သိရသည်။
.
'' ကျွန်တော့် အနေနဲ့ နစ်နာ စေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ လူမှုရေး လုပ်နေတဲ့သူ တစ်ဦး အနေနဲ့ အစကတည်းက ဒီအသင်းကို ဝင်ချင်မိပေမယ့် အခုလို လူထုနဲ့တွေ့မှ ဝင်ခွင့် မလျှောက်ခဲ့ရတာကို နောင်တ ရခဲ့တယ်လို့ ရေးခဲ့တာပါ။ ပုံတွေကို ခွင့်ပြုချက် မယူဘဲ ယူသုံးခဲ့လို့လည်း တောင်းပန်ခဲ့သလို အကောင့် ကနေလည်း ၈ ရက်နေ့ကနေ ၉ ရက် နေ့အထိတင်ပြီး တောင်းပန်ထားခဲ့ပြီး ဖြစ်ပါတယ်''ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သူ ကိုဇော်ဝင်းက ပြော သည်။
.
ကိုဇော်ဝင်းမှ ၎င်း၏ လူမှုကွန် ရက် စာမျက်နှာ (Facebook အကောင့်)တွင် ''မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမှ ကျွန်ုပ် ထိခိုက်စေလိုသော ရည်ရွယ်ချက် မရှိပါ။ အကယ်၍ ကျွန်ုပ် ၅.၁၂ . ၂ဝ၁၈ နေ့တင် Post များမှ နားလည် မှု လွဲခဲ့လျှင် ဝန်ချတောင်းပန်ပါသည်''ဟု ပြန်လည်ရေးသား တောင်းပန်ခဲ့ ကြောင်း သိရသည်။
.
ယင်းကိစ္စနှင့်ပတ်သက်၍ နေပြည်တော်ရှိ လွှတ်တော်ပြင်ပ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည် သူ့ဘဝမြှင့်တင်ရေးအဖွဲ့ချုပ်၏ ဥက္ကဌ ဖြစ်သူ ဦးစိုးမြင့်ဦးက ''အများပြည်သူ အထင်အမြင် လွဲမှားစေမယ့် ဘယ် ကိစ္စမျိုးကိုမှ လက်ခံလို့ မရပါဘူး။ အဖွဲ့ကို ထိခိုက်စေမယ့် ကိစ္စတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွား မှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့ သည်။
.
လွှတ်တော်ပြင်ပ အဂတိလိုက် စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့မှာ အသင်းအဖွဲ့ စည်းမျဉ်း လျှောက်ထားဆဲဖြစ် သော်လည်း ဒီဇင်ဘာလ ၁၁ ရက် အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရုံး ခွဲပေါင်း ၈၇ ရုံးအထိ ဖွင့်လှစ်ထား ရှိနိုင်ခဲ့ပြီးဖြစ်ကာ ရှမ်းပြည်နယ် တောင်ပိုင်းတွင် အောင်ပန်း၊ လွိုင် လင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ရွာငံ မြို့များ၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိ ကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan

Recent Tube