ကျိုင်းတုံတွင် ကျူးကျော်ဈေးရောင်းချမှု မရှိစေရေးအတွက် ဆောင်ရွက်ထားသော်လည်း ဈေးပြင်ပ ယာဉ်များ ရပ်နားမှု စည်းကမ်းရှိရန် လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် ကျူးကျော်ဈေးရောင်းချမှု မရှိစေရေးအတွက် ဆောင်ရွက်ထားသော်လည်း ဈေးပြင်ပ ယာဉ်များ ရပ်နားမှု စည်းကမ်းရှိရန် လိုအပ်နေ



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မဈေးကြီးအတွင်း၌ ဈေးရောင်းချလျက်ရှိသည့် ဆိုင်ခန်းများအား လမ်းမပေါ်သို့ ကျူးကျော်ရောင်းချမှု မရှိစေရေးအတွက် မျဉ်းဝါ အမှတ်အသားတား၍ စည်းကမ်းစနစ်တကျ ဆောင်ရွက်ထားသော်လည်း ဈေးပြင်ပတွင် ယာဉ်များရပ်နားမှု စည်းကမ်းရှိရန် လိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။
.
.
ပွင့်လင်းရာသီတွင် ကျိုင်းတုံမြို့မဈေးကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဈေးရောင်းချသူ၊ ဈေးဝယ်သူများနှင့် ပြည်ပခရီးသွားဧည့်သည်များ လာရောက်လေ့ရှိသဖြင့် ဈေးအတွင်းလမ်းဘေး၌ ဈေးခင်းရောင်းချနေသည့် ဈေးသည်များသည် ဆိုင်ရှေ့လမ်းပေါ်သို့ ကျူးကျော်ခင်းကျင်း ရောင်းချနေမှုကြောင့် လမ်းသွားလမ်းလာခက်ခဲ ခဲ့သဖြင့် နိုဝင်ဘာလ ၂၃ ရက်တွင် မျဉ်းဝါအမှတ်အသား စည်းတား၍ ကျူးကျော်ရောင်းချမှု မရှိစေရေးအတွက် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းဈေးကော်မတီ ဥက္ကဌ ဦးစိုင်းလာထံမှသိရသည်။
.
''ဈေးရဲ့ အရွယ်အစားက အရင်ကတော့ အဆင်ပြေခဲ့ပေမယ့်အခုကမ်း စနစ်တကျလေးဖြစ်အောင် လုပ်ပေးတာ ဖြစ်ပါတယ်''ဟု ဈေးခေါင်းရုံးတာဝန်ခံ ဦးမနားရွှီးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
''ဈေးထဲမှာ စည်းကမ်းတကျရှိလာတာ ကောင်းပါတယ်။ ဒါပေမဲ့ဈေးပတ်လည်မှာ ဆိုင်ကယ်တွေ၊ ကားတွေ၊ ၃ ဘီးတွေနဲ့ လမ်းပိတ်နေတာကို ဖြေရှင်းပေးစေ ချင်ပါတယ်''ဟု ကျိုင်းတုံဒေသခံအိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်အယ်ဖောက ၄င်း၏ အမြင်ကို ပြောသည်။
.
ကျိုင်းတုံမြို့မဈေး ပြင်ပရှိ ဈေးပတ်လည်လမ်းအား အသုံးပြု၍ ရပ်ဝေးမှ ကုန်တင်ယာဉ်ကြီးများဖြတ်သန်း သွားလာမှုများ၊ ကုန်တင်ယာဉ်မျိုးစုံ ရပ်နား၍ ကုန်တင်ကုန်ချပြုလုပ်ခြင်း၊ဈေးရောင်း၊ ဈေးဝယ်လာသူများ၏ ယာဉ်များရပ်နားထားခြင်းနှင့် မြို့တွင်းလမ်းအဖြစ် အသုံးပြုသွားလာနေကြသည့် ယာဉ်မျိုးစုံတို့ကြောင့် လမ်းပိတ်ဆို့မှုနေ့စဉ်ကြုံတွေ့နေရသည်ဟု ကျိုင်းတုံမြို့မဈေးအနီး နေထိုင်သူများထံမှ သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats