သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းက အရေးကြီးပါသည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းက အရေးကြီးပါသည်


ကျော်လင်းဦး (ရှမ်းပြည်)
.
.
အချိန်ဖြုန်းနည်းတစ်ခုအနေဖြင့် လက်ဖက် ရည်ဆိုင်ထိုင်ခြင်းအဖြစ် လွန်ခဲ့သောနှစ်ပေါင်း များစွာ ကာလကပင် ခေတ်စားခဲ့သည်။ ထိုကာ လများက ကက်ဆက်ဆိုသည့် သီချင်းဖွင့်စက်ကို အိမ်တိုင်းမဝယ်နိုင်ကြသေးပါ။ မြန်မာစတီရီယိုခေတ်ဦးပိုင်းကာလများအထိ ကက်ဆက်ကို အိပ်မက်မက်နေသည့် မိသားစုများသန်းနှင့်ချီရှိပါသည်။ ထိုကာလများသည် ကာလရှည်ခဲ့ပါ သည်။ ကက်ဆက်ခွေလည်း ဈေးအသင့်တင့်၊ ဖွင့်ရသည့် ကက်ဆက်များလည်း ဈေးအသင့် တင့် ဖြစ်လာသည့် ကာလသည် ၁၉၈ဝ ဝန်း ကျင်ခန့်တွင်ဖြစ်မည်။ ယင်းသို့သော ကာလ တွင် မြန်မာတေးဂီတလောကသည်လည်း တစ် ဆစ်ချိုးပြောင်းလဲလာသည်။ တေးစီးရီးများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာသည်။ အဆိုတော်တွေ လည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာ သည်။ ထိုကာလများ ကုန်လွန်ပြီးနောက် ဆက်လက်ရှင်သန်နေသည်မှာ လက်ဖက်ရည်ဆိုင် ထိုင်သည့် ဓလေ့ဖြစ်သည်။
.
လက်ဖက်ရည်ဆိုင်ထိုင်ခြင်းကြောင့် ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးပေါ်ပေါက်ခဲ့သည်ဟု ဆိုနိုင်သည်။ ထိုအချိန်က အင်းစိန်ကြို့ကုန်းရပ် အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် အရပ် သားအချို့တို့ ကက်ဆက်ခွေဖွင့်ခိုင်းခြင်းမှ ပြဿနာဖြစ်ရသည်။ ယခုရေးလိုသည့်အကြောင်းမှာ လက်ဖက်ရည်ဆိုင် ထိုင်ခြင်း အကြောင်း ဖြစ်သည်။ မြို့ကြီးများတွင် တစ်ဦးနှင့်တစ်ဦး အချိန်းအချက်ပြုလိုလျှင် တွေ့ဆုံစကားစမြည် ပြောလိုလျှင် လက်ဖက်ရည်ဆိုင်တွင် ချိန်းဆို တွေ့ဆုံခြင်းသည် များစွာအဆင်ပြေလှသည်။ ယခုခေတ် လက်ဖက်ရည်ဆိုင်များသည် အရင် ခေတ်ဦးကာလ လက်ဖက်ရည်ဆိုင်ထက် များ စွာအဆင်ပြေလှသည်။ အရင်တုန်းကလို လက် ဖက်ရည်တစ်မျိုးတည်းသာ ရနိုင်သည်မဟုတ် တော့။ လက်ဖက်ရည်ဆိုင်များကလည်း နေရာ ကျယ်ကျယ်ဝန်းဝန်းဖြစ်လာသလို စားစရာတွေ ကလည်း နန်းကြီးသုပ်၊ ဆီချက်ခေါက်ဆွဲအပါ အဝင် မြန်မာမုန့်၊ ကုလားမုန့်၊ တရုတ်မုန့် အစုံ အလင်ဖြင့် ကြိုက်ရာကိုမှာစားယူလိုက်ရုံသာ။
.
လက်ဖက်ရည်ဆိုင် ထိုင်သည့် ရည်ရွယ် ချက်များလည်း ပြောင်းလဲကုန်ပါသည်။ စား ချင်သောက်ချင်လို့ ဝင်ထိုင်ခြင်းထက်၊ မိမိတို့  မိတ်ဆွေ သူငယ်ချင်းများကို မိမိအိမ်တွင် နေ ရာထိုင်ခင်း အဆင်မပြေခြင်းက ပိုများလာ သည်။ အိမ်တွင်ဧည့်ခံလျှင် ကရိကထများမည်။ စားရေးသောက်ရေးအတွက် တကူးတကစီစဉ် ရဦးမည်။ ထို့အပြင် အစားအသောက်ကလည်း အဆင်ပြေချင်မှပြေမည်။ လက်ဖက်ရည်ဆိုင် တွင်ဆိုတော့ လက်ဖက်ရည်ဆိုင် တာဝန်သာဖြစ် သည်။ ရေနွေးကြမ်းကလည်း စိတ်ကြိုက်မှာ သောက်လို့ရသည်။ ပြန်လျှင်လည်း ကျသင့်ငွေ ရှင်းပေးလိုက်ရုံသာ၊ ဘာမှတာဝန်မရှိ။ အဲ ဒါ ပေမဲ့ ပိုက်ဆံတော့ အနည်းအကျဉ်းပိုကုန်သည် ဟု ပေသီးတွက် တွက်လျှင်တော့ရသည်။ ထို သို့တွက်နေလျှင်လည်း လူမှုဆက်ဆံရေးကိုထိ ခိုက်ရုံသာရှိတော့မည်။ ခေတ်အနေအထားအရ ဧည့်သည်ကို လက်ဖက်ရည်ဆိုင်တွင် ခေါ်ယူ ဧည့်ခံခြင်းကို မည်သူကမျှ အပြစ်မတင်တော့ မိမိလည်းအဆင်ပြေ၊ အိမ်ရှင်လည်းအဆင်ပြေ သည့်နေရာမှာ ထိုလက်ဖက်ရည်တွင် ဧည့်ခံ ခြင်းသာဖြစ်သည်ဟု လူတိုင်းကလည်း သိထား ကြသည်။ ဤသို့နှစ်ဦးနှစ်ဖက်အဆင်ပြေသည့် ဧည့်ခံခြင်းကိုတော့ အပြစ်တစ်ခုအနေဖြင့် မြင် လျှင်တော့ အပြစ်မြင်သူသာ အလွန်ဖြစ်တော့ မည်။ ရန်ကုန်လို မန္တလေးလို မြို့ကြီးများတွင်  ထိုအကြောင်းအရာကို စကားလုပ်ပြီးထည့်မ ပြောတော့သည်မှာ ကာလအတော်ကြာခဲ့ပြီ ဖြစ်သည်။
.
လက်ဖက်ရည်ဆိုင်တွင် ဧည့်ခံခြင်းမှာ သင့်တော်၏ မသင့်တော်၏ဆိုသည်ကို ပြောဆို နေချိန်တွင် ခေတ်ယဉ်ကျေးမှုက ရပ်စောင့်မနေ ပါ။ အပြောင်းအလဲများစွာဖြစ်သွားသည်။ လက်ဖက်ရည်ဆိုင်နေရာတွင် ဘီယာဆိုင်က ဝင်ယူလာသည်၊ လက်ဖက်ရည်နေရာတွင် ဘီ ယာက ဝင်ယူလာသည်။ ဧည့်ခံပွဲများတွင် အ ရက်အစား ဘီယာကိုဖောဖောသီသီဧည့်ခံခြင်း များလည်း ရှိလာသည်။ နောက်ပိုင်းတွင် ဘီယာ သောက်ခြင်းကို မူးယစ်စေသော အရက် သောက်ခြင်းထက် လူအများက ပို၍ခွင့်ပြုလာ သည်။ ဘီယာသောက်ခြင်းသည် အရက် သောက်သကဲ့သို့အပြစ်မကြီးဟုယူဆလာ ခြင်း ဟု ဆိုရပေမည်။
.
လမ်းဆုံကို သွားပြီး မိတ်ဆွေအပေါင်းအ သင်းများနှင့် သို့မဟုတ် တစ်ဦးတည်းအေးအေး ဆေးဆေး ဘီယာသောက်ကြသည့်အလေ့အထ သည် ကမ္ဘာတစ်ဝန်းမှ တိုင်းပြည်များတွင် လူ တော်တော်များများ လုပ်ဆောင်ကြသည့် အလေ့အထ သို့မဟုတ် နှစ်သက်စွာ လုပ်ဆောင် လေ့ရှိသည့် အကျင့်တစ်ခုဟု ဆိုနိုင်သည်။ မြန်မာပြည်တွင်လည်း ပြောင်းလဲလာသည်။ ခေတ်ကာလနှင့်အညီ လူငယ်အမျိုးသား၊ အမျိုး သမီးများကြားတွင် ဘားဆိုင်သွား၊ဘီယာဆိုင် ထိုင်သည့် အလေ့အထသည်လည်း အတော် ရေပန်းစားလာသည်။ သို့သော် ဥတုရာသီ ပြောင်းလဲခြင်း၏ အကျိုးဆက်ကြောင့် အနာ ဂတ်တွင် ဘီယာရှားပါးခြင်းနှင့် ရင်ဆိုင်ရနိုင် သည်ဟု နိုင်ငံတကာ သုတေသနအသင်းတစ်ခု ၏ တွေ့ရှိချက်အရသိရသည်။ ဗြိတိန်၊ အမေရိ ကန်၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံမှ သုတေသီ များက ဥတုရာသီပြောင်းလဲမှု၏ အကျိုးဆက် များကို လေ့လာခဲ့ရာတွင် မိုးခေါင်မှုအလွန်အကျွံ ဖြစ်ပေါ်နေခြင်း အပူရှိန်အဆမတန်မြင့်မား လာခြင်းကြောင့် ဘီယာချက်ရာတွင် အသုံးပြု သည့် မုယောစပါးခေါ် ဘာလီပင်စိုက်ပျိုးရေး ကို ထိခိုက်စေနိုင်သည်ဟု ကောက်ချက်ချခဲ့ သည်။ ယင်း၏ အကျိုးဆက်ကြောင့် တရုတ် နိုင်ငံ၏ ဘီယာသောက်ပမာဏသည် တစ်နှစ် ကို လီတာ လေးဘီလျံလောက်ကျဆင်းသွား နိုင်သည်ဟု တရုတ်နိုင်ငံမှ ရှီးဝေက ပြောဆို ခဲ့သည်။
.
ရာသီဥတုအလွန်ပြောင်းလဲလာခြင်းနှင့်အ ပူရှိန်အလွန်မြင့်တက်လာခြင်းကြောင့် ဘီယာ ထုတ်လုပ်မှုတွင် တရုတ်နိုင်ငံက ကိုးရာခိုင်နှုန်း မှ တစ်ဆယ်ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင် သည်။ ဘီယာဈေးကလည်း သိသိသာသာ ထိုးတက်သွားနိုင်သည်။ လက်ရှိအခြေအနေ တွင် တရုတ်နိုင်ငံ၌ ငါးရာဂရမ်ပါသည့် ဘီယာ တစ်ပုလင်းကို အမေရိကန်ဒေါ်လာခုနှစ်ဆယ့် သုံးဆင့်နှင့်ညီမျှသည့် တရုတ်ငွေကိုပေးရသည်။ ယင်းသည် ဘားဆိုင်များတွင် ဝန်ဆောင်ခပေး ပြီး ရောင်းသည့်ဈေးမဟုတ်၊ ပြင်ပစတိုးဆိုင် များတွင် ရောင်းချသည့်ဈေးဖြစ်သည်။ လေ့ လာတွေ့ရှိချက်များအရ ဘီယာဈေးသည် အ မေရိကန်ဒေါ်လာငါးဆယ့်ရှစ်ဆင့်နှင့်ညီမျှသော တရုတ်ငွေ ထပ်တက်လာနိုင်သည်။ ထိုအကျိုး သက်ရောက်မှုသည် တရုတ်နိုင်ငံတစ်ခုတည်း သာမက တစ်ကမ္ဘာလုံးကို ထိခိုက်စေမည်ဟု ဆိုပါသည်။
.
တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ခြုံကြည့် လိုက်သော ဘီယာသောက်သည့်အရေအတွက် သည် ဆယ့်ခြောက်ရာခိုင်နှုန်းအထိ ကျဆင်း သွားနိုင်သည်ဟုဆိုသည်။ ကမ္ဘာတွင် ဘီယာ ဒုတိယအများဆုံးသောက်သည့် အမေရိကန် ပြည်ထောင်စုတွင် နှစ်ဆယ်ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်သည်။ အာဂျင်တီးနားနိုင်ငံတွင် သုံးဆယ့်နှစ်ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင် သည်။ ဘီယာထုတ်လုပ်သည့် ပမာဏနှင့် ဝယ် ယူသောက်သုံးသည့် ပမာဏအရေအတွက် မမျှတခြင်းကြောင့် အချို့နိုင်ငံများတွင် ဘီယာ ဈေးသည် နှစ်ဆအထိ မြင့်တက်သွားနိုင်သည် ဟု ဆိုကြသည်။ ကမ္ဘာတစ်ဝန်းတွင် ဘီယာ သည် အရေအတွက်အရ လူသောက်အများဆုံး အဖျော်ယမကာတစ်ခုဖြစ်သည်ဟု သုတေသန ကို ဦးဆောင်ပြုလုပ်ခဲ့သူ ဗြိတိန်နိုင်ငံသားတစ် ဦးကဆိုသည်။
.
ဘီယာသည် ဧည့်ခံဖျော်ဖြေရေးအပါအဝင် လူမှုရေးအရ အရေးပါသည့်အခန်းကဏ္ဍတွင် ရှိနေဆဲဖြစ်သည်။ အပူချိန်မြင့်တက်မှုကြောင့် မုယောစပါးစိုက်ပျိုးမှုကို ထိခိုက်စေမည်။ ထို အခါ ဘီယာထုတ်လုပ်မှုကျဆင်းသွားနိုင်ပါ သည်။ အကျိုးဆက်အဖြစ် ဘီယာသောက်သုံး မှုကို ထိခိုက်စေပါသည်။ ကမ္ဘာတစ်ဝန်း မု ယောစပါးအဓိကထုတ်လုပ်သည့်နိုင်ငံများတွင် အပူချိန်မြင့်တက်လာမှုနှင့် ဥတုရာသီပြောင်းလဲ မှုများကို သုတေသီများက လေ့လာခဲ့သည်။ လေ့လာတွေ့ရှိချက်များအရ မိုးခေါင်မှုနှင့် အပူ ချိန်မြင့်တက်မှုများက မုယောစပါးစိုက်ပျိုးထုတ် လုပ်မှုကို ထိခိုက်စေသည်ဟုဆိုသည်။
.
အစွန်းရောက် မိုးလေဝသအခြေအနေနှင့် မိုးခေါင်မှုများကြောင့် မုယောစပါးအပါအဝင် ကောက်ပဲသီးနှံများ ထုတ်လုပ်မှုကို ထိခိုက်စေ ပါသည်။ သြစတြေးလျ နိုင်ငံတွင်လည်း ခါ တိုင်းထက် ခြောက်သွေ့သည့် ဆောင်းရာသီ နှင့် ကြုံတွေ့ခဲ့ခြင်းကြောင့် တိုင်းပြည်အတွင်းမှ နေရာတော်တော်များများကို မိုးခေါင်သည့်ဒေသ များအဖြစ် ကြေညာထားရသည်။ ထိုလေ့လာ တွေ့ရှိချက်ကို ရှင်းပြသည့် ကျွမ်းကျင်သူတစ်ဦး က တွက်ချက်ခဲ့သည့်နည်းမှာ မိုးခေါင်မှုနှင့်အပူ ချိန်မြင့်မားမှုများသည် ရာစုနှစ်ကုန်သည်အထိ အကျိုးသက်ရောက်မှု မည်မျှရှိပြီး ဆုံးရှုံးမှု မည် မျှအထိရှိသည်။ ယင်းသည် ယနေ့စီးပွားရေးအ ပေါ် မည်မျှသက်ရောက်ခဲ့သည်တို့ကို ထည့် သွင်းစဉ်းစားခဲ့သည်။ အနာဂတ်တွင် နေ့စဉ် အခြေအနေများအပေါ် မည်သို့သက်ရောက်မှု ရှိသည်ကို သိနိုင်မှန်းဆနိုင်သည်ဟုဆိုသည်။
.
တရုတ်နိုင်ငံသည် ကမ္ဘာတွင် ဘီယာအ များဆုံး သောက်သုံးသည့်နိုင်ငံဖြစ်ပြီး တစ်နှစ် ကို လီတာပေါင်းလေးဆယ့်ကိုးဘီလျံသောက် သုံးသည်ဟုဆိုသည်။ တရုတ်နိုင်ငံတွင် ဘီယာ ထုတ်လုပ်ရန် လိုအပ်သည့် မုယောစပါးရှစ် ဆယ်ရာခိုင်နှုန်းကို သြစတြေးလျနိုင်ငံမှ တင် သွင်းရသည်။ သြစတြေးလျမှာ ဥတုရာသီ ပြောင်းလဲမှုနှင့် ကြုံတိုင်းတရုတ်ပြည်၏ ဘီယာ ထုတ်လုပ်မှုကို ထိခိုက်စေသည်ဟု ပီကင်း တက္ကသိုလ်မှ ရှီးဝေကဆိုပါသည်။ ယင်းပြဿ နာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုမှာ မုယော စပါးစိုက်ပျိုးမြေကို တိုးချဲ့ခြင်းသာဖြစ်သည်။ ဘီယာထုတ်လုပ်သည့် စံချိန် ပြည့်မီသည့် မုယောစပါးစိုက်ပျိုးခြင်းကို တရုတ်ပြည်တွင် ကုန်ကြမ်း ပြည့်မီအောင် စိုက်ပျိုးခြင်းဖြစ် သည်။     
.
၂ဝ၁၅ နှစ်က ဗင်နီဇွဲလားနိုင်ငံတွင် မု ယောစပါးရှားပါးမှုကြောင့် တိုင်းပြည်အတွင်းက ဘီယာအမြောက်အများ ထုတ်လုပ်သည့် စက်ရုံ အချို့လည်း ပိတ်ခဲ့ရသည်။ ရာသီဥတုပြောင်းလဲ မှုကို အချိန်မီ သုတေသနများ မလုပ်နေဆာင်ခဲ့ သော် အလားတူဖြစ်ရပ်များ အနာဂတ်တွင် ကြုံတွေ့နိုင်သည်ဟု သုတေသနပညာရှင်များ က ပြောကြသည်။ ''ကျွန်တော်တို့တွေက ဘီ ယာ၊ ချောကလက်၊ ကော်ဖီ၊ လက်ဖက်ရည် များကို ဆက်လက်အသုံးပြုလိုလျှင် ရာသီဥတု ပြောင်းလဲလာမှုက အဲဒါအတွက် အထောက်အ ကူပြုမှာ မဟုတ်ပါ၊ ဒီလို ဇိမ်ခံပစ္စည်းတွေကို ဆက်လိုချင်ရင် ဓာတ်ငွေ့များထုတ်လွှင့်မှုကို လျှော့ချပြီး ရာသီဥတုပြောင်းလဲလာမှုကို တိုက် ဖျက်ရန် အရေးကြီးပါသည်။''ဟု ဆိုခဲ့ပါသည်။ အောက်တိုဘာ ၁၅ ရက်နေ့က ထုတ်ပြန်သည့် ဤသုတေသနစာတမ်းကို နေချားပလန့်ဂျာနယ် တွင် ဖော်ပြခဲ့ပါသည်။ ဗြိတိန်မှ စီးပွားရေး၊ လူ မှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အ စည်းများက အထောက်အပံ့ပေးခဲ့သည်ဟု ဆို ပါသည်။ ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats