ရွာငံမြို့နယ်တွင် သစ်မှောင်ခို ယာဉ် တစ်စီး တိမ်းမှောက်ကာ လူ ၂ ဦး ဒဏ်ရာ ရရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, December 25, 2018

ရွာငံမြို့နယ်တွင် သစ်မှောင်ခို ယာဉ် တစ်စီး တိမ်းမှောက်ကာ လူ ၂ ဦး ဒဏ်ရာ ရရှိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းက တရားမ၀င် သစ်တင်ယာဉ် တစ်စီး ချောက်ထဲသို့တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ဒဏ်ရာရရှိကာ ဆေးရုံသို့ တင်ပို့၍ ကုသမှု ခံယူနေရကြောင်း ရွာငံမြို့မ ရဲစခန်းမှ သိရသည်။
.

" သစ်တောအနေနဲ့ သစ်တောဥပဒေအရ အမှု သီးခြားဖွင့်သလို ရဲစခန်းကလည်း သီးခြားဖွင့်ပါတယ်။ ဒရိုင်ဘာက
မြို့ကြီးဆေးရုံမှာ တင်ထားပြီး စပယ်ယာကိုတော့ ကျောက်ဆည်ဆေးရုံမှာ တင်ထားပါတယ်။ ဆေးရုံက ဆေးကုသမှု ပြီးတာနဲ့ ဖမ်းဆီးမှာ ဖြစ်ပါတယ်။" ဟု ရွာငံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်ဝင်းက ပြောသည်။
.
ဖြစ်စဉ်မှာ တောင်ကြီး-ရွာငံ-မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် ဒီဇင်ဘာလ ၂၄ ရက်၊ နံနက် ၈ နာရီခွဲခန့်က တရားမ၀င် သစ်များ တင်ဆောင်လာသည့် ၁၀ ဘီးယာဉ် တစ်စီးသည် ရွာငံ-မြို့ကြီး ကားလမ်း မိုင်တိုင်အမှတ် ၁၈/၆ နှင့် ၇ အကြား လမ်း၏ ၀ဲဘက်ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ရပ်စောက်မြို့နယ်၊ အင်တောမြို့နေ  ကိုစိုးညွန့်နှင့် ယာဉ်နောက်လိုက်ဖြစ်သူ ရပ်စောက်မြို့နယ်၊ ကျောက်ကြီးနားကျင်းကျေးရွာနေ အောင်မြတ်သူ (ခ) အောင်မင်းသူတို့မှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် မြို့ကြီးဆေးရုံနှင့် ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရခြင်း ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ ယာဉ်တိမ်းမှောက်မှုအား ရွာငံမြို့မရဲစခန်းမှ ယာဉ်(ပ) ၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး တိမ်းမှောက်ခဲ့သည့် မော်တော်ယာဉ်ပေါ်တွင် တရားမ၀င်သစ် ကျွန်းခွဲသား ဆိုဒ်စုံ (၄၅)ချောင်း ၁ ဒသမ ၅၉၈၆ တန်၊ ပိတောက် သစ်ခွဲသား ဆိုဒ်စုံ (၄၆၇၃)ချောင်း၊ ၈ ဒသမ ၂၁၇၀ တန်တို့ကို တွေ့ရှိရသဖြင့် ရွာငံသစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့်မှ တရားလိုပြုလုပ်ကာ ရွာငံမြို့မရဲစခန်းတွင် (ပ) ၇၂/၂၀၁၈၊ သစ်တောဥပဒေ ပုဒ်မ ၄၂(က)/၄၃(က) ဖြင့် ထပ်မံ အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats