လားရှိုးတွင် ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းအားကစားပြိုင်ပွဲများ စတင်ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းအားကစားပြိုင်ပွဲများ စတင်ကျင်းပ


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြည်နယ်ဝန်ကြီးချုပ်ဖလား (TSDP) မြို့နယ်ပေါင်းစုံအလွတ်တန်း အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်က လားရှိုးမြို့ရှိ ပြည်ထောင်စုအားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ဝန်ကြီးချုပ်ဖလား (TSDP)အစီအစဉ်အရ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ် ပေါင်းစုံ အလွတ်တန်းပြိုင်ပွဲများကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
“ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူများကို လမ်းမှားသို့မရောက်ရှိစေဘဲ၊ ကစားခုန်က စားခြင်းများကို စိတ်ပါဝင်စားလာစေပြီး မိမိတို့ရဲ့အားလပ်တဲ့အချိန်များကို အကျိုးရှိစွာအသုံးချတတ်စေတဲ့ အလေ့အကျင့်၊ စုပေါင်းဆောင်ရွက်တတ်တဲ့အလေ့အကျင့်ကောင်းများရရှိစေရေး ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းကပြောသည်။
.
အဆိုပါပြိုင်ပွဲများအား “မူးယစ်ဆေးဝါးကင်းစင်ရေး အားကစားကိုလှုပ်ရှားပေး” ဆောင်ပုဒ်နှင့်အညီ ပြိုင်ပွဲဝင်အား ကစားမောင်မယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားနိုင်ကြစေရန်နှင့် အားကစားသမားအချင်းချင်း ချစ် ကြည်ရင်းနှီးမှုရရှိ၍ အားကစားလောကတိုးတက်ဖွံ့ဖြိုးရေး၊ မြို့နယ်၊ ပြည်နယ်၊ နိုင်ငံတော်၏ဂုဏ်ကိုအားကစား ဖြင့် မြှင့်တင်နိုင်စေရေးနှင့် ထူးချွန်သောအားကစားသမားကောင်းများထွက်ပေါ်လာစေရေး ကျင်းပရခြင်းဖြစ် ကြောင်း သိရသည်။
.
“မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်ရေးအတွက်ရည်ရွယ်ပြီး မြို့နယ်ပေါင်းစုံအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဘတ်စကတ်ဘောပြိုင်ပွဲ၊ ရိုး ရာခြင်းလုံးပြိုင်ပွဲများ ကျင်းပသွားမှာဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျောက်မဲ၊ ကွမ်းလုံ၊ နမ္မတူ၊ မိုင်းရယ်၊ တန့်ယန်း၊ ကွတ်ခိုင်မြို့နယ်များ၌ အားကစားပြိုင်ပွဲများ ကျင်းပခဲ့ပြီးဖြစ်ကာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တွင်လည်း မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
.
လက်ရှိကျင်းပနေသည့်ပြိုင်ပွဲသို့ မြို့နယ် ၁၇ မြို့နယ်မှ အားကစားသမားများ လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်း ကျောင်းမှ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats