မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်တန့်ထားမှုကြောင့် ကုန်ပစ္စည်းအချို့ ဈေးနှုန်းများ ကျဆင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်တန့်ထားမှုကြောင့် ကုန်ပစ္စည်းအချို့ ဈေးနှုန်းများ ကျဆင်းနေ


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၏ အဓိကနယ်စပ် ကုန်သွယ်ပေါက် ဖြစ်သော မူဆယ် နယ်စပ်မှနေ၍ တရုတ်နိုင်ငံသို့ ကုန် စည်ပစ္စည်း တင်ပို့မှုမှာ ယခုလပိုင်းအ တွင်း၌ တရုတ်နိုင်ငံဘက်မှ ဖမ်းဆီးမှု များကြောင့် ကုန်သွယ်ရေး ရပ်တန့် ထားရသည့်အတွက် ဆန်၊ သကြား၊ ပြောင်းဈေးနှုန်းများ ကျဆင်းလျက်ရှိ ကြောင်း သိရသည်။
.
.
''တင်ပို့တာရော တင်သွင်းတာ ရောက လုံးဝမရှိတော့သလို ဖြစ်သွား တယ်။ အကုန်လုံးကို သိမ်းထားရတဲ့ သဘော ဖြစ်နေတယ်။ အခုလို တား ဆီးမှုတွေက ဘယ်လောက်ထိ ကြာ မယ်တော့ မသိသေးဘူး။ အခုလက် ရှိကတော့ ဆန်က တရုတ်ယွမ်ငွေ ၂ဝ လောက် ဈေးကျသွားတယ်။ သ ကြားနဲ့ ပြောင်းက ၅ ယွမ်လောက်ကျ သွားတယ်''ဟု မူဆယ်မြို့နေ ကုန်သည်တစ်ဦးမှ ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ ဖမ်းဆီးမှုများကြောင့် လွန်ခဲ့သည့် သြဂုတ်လမှ စတင်ကာ ကုန်ပစ္စည်းများ အရောင်းအဝယ် ရပ် တန့်ခဲ့သည်မှာ ၂ လနီးပါးခန့် ကြာ မြင့်နေပြီ ဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လည်တင်ပို့မှုများ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
.
တရုတ်နိုင်ငံမှ မှောင်ခိုတားဆီး ရေး စီမံချက်ကို နိုင်ငံတော်အဆင့် ချ မှတ်ပေးခဲ့သည့်အတွက် ယခုကဲ့သို့တ ရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးမှု များကို ထိရောက်ပြင်းထန်စွာ ပြုလုပ် နေခြင်း ဖြစ်ကြောင်း သိရသည်။
.
မူဆယ် ၁ဝ၅ မိုင် ကုန်စည်ဒိုင် မှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင် အနည်းဆုံး ဆန်တန်ချိန် တစ် ထောင်၊ အိတ်ရေ ၂ သောင်းခန့်၊ သကြားတန်ချိန် ၃ ထောင်၊ အိတ်ရေ ၆ သောင်းခန့်၊ ပြောင်းတန်ချိန် ၂ ထောင်၊ အိတ်ရေ ၄ သောင်းခန့် တင်ပို့လျက်ရှိရာ ယခုအခါ အဆိုပါ ကုန်စည်များ လုံးဝ ထွက်ရှိနိုင်ခြင်း မရှိကြောင်း သိရသည်။
.
ယင်း မူဆယ် ၁ဝ၅ မိုင်၌ ဧည့်မ ထဆန် တစ်အိတ်လျှင် ၂၁ဝဝဝ ကျပ်၊ ဇီယာ တစ်အိတ်လျှင် ၂၁၂ဝဝ ကျပ်၊ ဆန်ကွဲ တစ်အိတ်လျှင် ၁၇ ၇ဝဝ ကျပ်၊ သကြား တစ်ပိဿာ ၁၁ဝဝ ကျပ်၊ ပြောင်း တစ်အိတ်လျှင် ၂၅၅ဝဝ ကျပ် ပေါက်ဈေးရှိ၍ ကုန် ဈေးနှုန်းများ ကျဆင်းသွားခဲ့သည်။
.
ထို့ပြင် အောက်တိုဘာလဆန်း ပိုင်းမှ စတင်၍ တရုတ်နိုင်ငံဘက်မှ လုံ ခြုံရေး တင်းကြပ်စွာ ချထားမှုကြောင့် ပို့ကုန်တင်ပို့မှုများ လျော့နည်းသွား သည့်အတွက် မူဆယ်မြို့ရှိ ကုန်တင် ကုန်ချ အလုပ်သမားများ စားဝတ်နေ ရေး အခက်အခဲနှင့် ကြုံတွေ့နေရ ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats