သီပေါမြို့နယ်၊ မန်ဆန်ကျေးရွာရှိ တိုက်ပွဲရှောင်များအား သီပေါဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့နယ်၊ မန်ဆန်ကျေးရွာရှိ တိုက်ပွဲရှောင်များအား သီပေါဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးမည်


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်ဆန်ကြီး ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသော တိုက်ပွဲရှောင် ရွာသားများအား သီပေါဆေးရုံ တာဝန်ရှိသူများမှ ဒီဇင်ဘာလ ၆ ရက်မှ စတင်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။   
.
 
.
သီပေါမြို့နယ်၊ မန်ဆန်ကျေးရွာအုပ်စု၊ မန်ဆန်ကြီး ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော ကျေးရွာ ၅ ရွာမှ ရွာသားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သီပေါဆေးရုံအုပ်ကြီး ကိုယ်တိုင်သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“လမ်းကြောင်းကလုံခြုံရေးအခြေအနေအရ စောင့်ကြည့်ပြီး သွားခဲပါတယ်။”ဟု သီပေါဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းက ပြောသည်။
.
အဆိုပါ ဘုန်းကြီးကျောင်းတွင် မန်ဆန်ကြီးကျေးရွာအနီးရှိ ကျေးရွာ ၅ ရွာမှ လာရောက်ခိုလှုံနေကြသည့် လူဦးရေ ၅၀၀ ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုပေးမည်ဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော်တို့ ပရဟိတအသင်းတွေအနေနဲ့ကတော့ စားသောက်တာတွေ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ လှူတာလောက်ပဲ တတ်နိုင်ပါတယ်။ ကျန်းမာရေးအပိုင်းကျတော့ ကျန်းမာရေးဝန်ထမ်းတွေ သွားရောက်တာက ပိုပြီး သင့်တော်ပါတယ်”ဟု နယ်စည်းမခြား ပရဟိတအသင်း (သီပေါ)မှ ကိုမျိုးက ပြောသည်။
.
သီပေါမြို့နယ်အတွင်း အဆိုပါကျေးရွာ၌ တိုက်ပွဲရှောင်များရှိသလို နမ့်လန်အုပ်စု၊ နောင်ကော်ကြီးကျေးရွာ ဘုန်း ကြီးကျောင်းတွင်လည်း တိုက်ပွဲရှောင်ရွာသား ၃၀၀ ကျော်ခိုလှုံနေကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats