မိုင်းတုံမြို့နယ်တွင် မိုင်းဖုန်းဆရာတော် တည်ထားကိုးကွယ်မည့် ကိုးတောင်ပြည့်စေတီတော်အား ''ဝ''တပ်ဖွဲ့(ဗဟို)မှ ပြန်လည်ခွင့်ပြု - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, December 19, 2018

မိုင်းတုံမြို့နယ်တွင် မိုင်းဖုန်းဆရာတော် တည်ထားကိုးကွယ်မည့် ကိုးတောင်ပြည့်စေတီတော်အား ''ဝ''တပ်ဖွဲ့(ဗဟို)မှ ပြန်လည်ခွင့်ပြု



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ ဟွေအောကျေး ရွာတွင် မိုင်းဖုန်းဆရာတော်မှ တည်ထားကိုးကွယ်မည့် ကိုးတောင်ပြည့် စေတီတော် အုတ်မြစ်ချနေရာအား ''ဝ''တပ်ဖွဲ့ ဗဟိုမှခွင့်ပြုချက်မရဟု ဆိုကာ ဒီဇင်ဘာလ ၁၁ ရက်၊ ညနေ ပိုင်းတွင် ''ဝ'' (၁၇၁) စစ်ဒေသခေါင်း ဆောင်များမှ လာရောက်တားမြစ်သဖြင့် လုပ်ငန်းများ ရပ်နားခဲ့ရပြီး ဒီဇင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် အထက်မှ ခွင့်ပြုချက်ရပြီ ဖြစ်ကြောင်း ပြန်လည် ပြောကြားလာသဖြင့် စေတီတော် တည်ထား ကိုးကွယ်မည့် ကိစ္စရပ်များကို မူလအတိုင်း ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပုံပါကျင်မြို့နေ ယခင်ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဟောင်းဖြစ်သူ မိုင်းတုံမြို့နယ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဦးစိုင်းဝင်းမြတ်ဦးထံမှ သိရသည်။
.
.
''၁၁ ရက်နေ့ကတော့ အထက်က ခွင့်ပြုချက်မရလို့ဆိုပြီး လာတားတယ်။ ၁၂ ရက်၊ မနက်မှာ ခွင့်ပြုချက်ရလို့ လုပ်ဆောင်နိုင်ပြီပြောတဲ့အတွက် မူလအတိုင်း ဆက်လက်လုပ် ဆောင်သွားမှာဖြစ်ပါတယ်''ဟု ဦး စိုင်းဝင်းမြတ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ဒီဇင်ဘာ ၁၁ ရက်၊ ညနေပိုင်းက စေတီတော် ဆက်လက် တည်ထားကိုးကွယ်ခြင်းမပြုရန် ''ဝ''တပ်ဖွဲ့ မှ လာရောက်ပြောကြားသဖြင့် မိုင်းဖုန်းဆရာတော်ဘုရားကြီး စေ တီတည်ရန် ရေစက်ချခဲ့သည့် မြေ နေရာအား ပြုပြင်ဆောင်ရွက်မှု လုပ်ငန်းများကို ဘက်ဟိုးဖြင့် ပြန်လည်မြေ ဖို့ခဲ့ပြီး တရားဟောစင်မှအစ ကုဋီ (အိမ်သာ)များအား ဖျက်သိမ်းခဲ့ရပြီး ဆရာတော်ကြီး၏ ရုပ်တုကိုပြန်လည် ပင့်ဆောင်ခဲ့ရကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းက အဆိုပါ စေတီတော် တည်ထားကိုးကွယ်မည့် နေရာသို့ မိုင်းဖုန်း ဆရာတော်ကြီးကြွရောက်ကာ ရေစက်ချမင်္ဂလာတရားတော်နာ ပြုလုပ်ပြီး နယ်မြေခံဗျူဟာမှူးနှင့် ''ဝ''တပ်ဖွဲ့ ခေါင်းဆောင်များအား စေတီတော် တည်ထားကိုးကွယ်မှု ပြီး မြောက်အောင် ကူညီဆောင်ရွက်ပေး ရန် မိန့်ကြားခဲ့ကြောင်း သိရသည်။
.
''ဆရာတော်ကြီး ပြန်အကြွမှာ ခေါင်းဆောင်တွေကိုမှာတယ်။ ပြီးတော့ ဒီမှာကျန်ခဲ့တဲ့ဆရာတော် ၁၂ ပါးကိုလည်း စေတီတည်မယ့်မြေနေရာမှာ ၇ ရက် သီလ၊ သမာဓိဆောက်တည် တရားကျင့်ပြီး လုပ်ဆောင်ဖို့ မိန့်မှာခဲ့တယ်''ဟု သစ္စာသမ္မဏဆရာ တော် ဦးဥာဏသီရိကမိန့်ကြားခဲ့ သည်။
.
၎င်းအနေဖြင့် မိုင်းဖုန်းဆရာတော် ရေစက်ချနေသည့် ပုံတော် နှင့် အလှူခံဖြတ်ပိုင်းများအား ဟွေအော စေတီတော်တည်မည့် နေရာသို့ ပို့ဆောင်ပေးရန်ရှိကြောင်း ဆက်လက်မိန့်ကြားသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ''ဝ''တောင်ပိုင်း ဆက်ဆံရေးမှူး ဦး ဆန်လောက ''နားလည်မှု လွဲတာပါ။ ကျွန်တော်တို့က ကန့်ကွက်စရာမရှိပါဘူး။ အစကတည်းကလည်း ခွင့်ပြုထားပါတယ်။ ဖျက်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဘာမှမရှိသေးတာပါ။ မြေလွတ်မြေရိုင်းကြီးပါ။ ပြောတာတစ်မျိုး၊ လုပ်တာတစ်မျိုးတွေ ဖြစ်နေလို့ သွားညှိတာပါ။ အခု ဘာပြဿနာမှ မရှိတော့ပါဘူး။ အဆင်ပြေသွားပါ ပြီ''ဟု ပြောသည်။
.
အလားတူ UWSA ''ဝ'' ဒေသ အမှတ်(၁၇၁)စစ်ဒေသ၏ စစ်ဦးစီး မှူး ဦးရန်ကွေကျုံးကလည်း ''အား လုံးပူးပေါင်း တည်ဆောက်မယ့် ကိစ္စ မှာ ရပ်ရွာအနေနဲ့ လုပ်ဆောင်ခဲ့တာ ကနေ စပြီးတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့နားလည်မှု လွဲမှားကြတာ ဖြစ်ပါတယ်။ အထက်ဌာနကိုလည်း တင်ပြထားပြီး အတည်ပြုချက်ရရှိပြီဖြစ်လို့ အားလုံး ချစ်ချစ်ခင်ခင် အလှူဒါနပြုလုပ်ပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။
.
ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာ ရီတွင်မူ UWSA ''ဝ'' တပ်မဟာ (၇၇၅)မှ ဒုနိုင်ငံရေးမှူးတာထွန်း ဦး ဆောင်သည့်တပ်ဖွဲ့ဝင် ၄၆  ဦးတို့သည် ဘက်ဟိုး ၁ စီးနှင့် အတူစေတီတော် တည်ထားကိုးကွယ်မည့် မြေနေရာ အား မြေတူးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ရပ်ရွာလူ ထုများနှင့်အတူ လုပ်ဆောင်ခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား ရပ်ရွာလူထုအလှူရှင်များနှင့်အတူ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး၊ ဒီဇင်ဘာ ၁၄ ရက်နေ့ တွင်လည်း ''ဝ''ရွာ ၇ ရွာမှ ရွာသူရွာသားများ စေတီတည်ရာတွင် လာရောက်လုပ် အားပေးခဲ့ကြောင်း သိရှိရသည်။
.
ဟွေအောရှိ မိုင်းဖုန်းဆရာတော် ဘုရားကြီး၏ ကိုးတောင်ပြည့်စေတီတော် တည်ထားမည့်မြေနေရာမှာ ယခင် မြန်မာဘုရင် ဘုရင့်နောင်လက် ထက်က ထိုင်းနိုင်ငံဘက်မှ စစ်ချီလာ သည့် ဖရနလိစွန် (ဗြနရာဇ်) မင်းသား လည်ပင်းတွင် အနာစိမ်းပေါက် ကာ နတ်ရွာစံခဲ့သည့်နေရာဖြစ်ပြီး ၎င်း၏ ဂူဗိမာန်နှင့် စေတီတော်ဟောင်းများ တည်ရှိသည့် သမိုင်းဝင်ဝတ္တက နယ်မြေနှင့် နီးကပ်စွာ တည်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Recent Tube