ပထမကမ္ဘာစစ်၏အကျိုးအပြစ်များ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပထမကမ္ဘာစစ်၏အကျိုးအပြစ်များ


စိုင်းကွမ်းမိုင်း
.
.
၁၉၁၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်မှ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်ထိ ဖြစ်ပွားခဲ့သည့် ပထမကမ္ဘာစစ်သည် ကမ္ဘာ့လူသားများအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာအတိနှင့် ကြုံခဲ့ရသကဲ့ သို့ လူ့အသက်ပေါင်းမြောက်များစွာလည်း ပေးဆပ်ခဲ့ကြရသည်။ သွေးချောင်းစီး တိုက်ခိုက်ခဲ့သည့် မဟာမိတ်အင်အားစုများနှင့် ဝင်ရိုးတန်း နိုင်ငံများကြား ဖြစ်ပွားခဲ့သော လေးနှစ်ကျော် ကြာမြင့်သည့် ပထမကမ္ဘာစစ်တွင် နှစ်ဘက် ပြည်သူနှင့် စစ်သားပေါင်းသိန်းသန်းချီ၍ သေဆုံးခဲ့ကြရသည်။ ၁၁-၁၁-၂ဝ၁၈ ရက်နေ့ဆို လျှင် ပထမကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သည်ကား နှစ် ၁ဝဝ ပြည့်ခဲ့ပြီ ဖြစ်သဖြင့် ကျွန်ုပ်တို့အား ပထမကမ္ဘာကြီးမှ ပေးသော သင်ခန်းစာများကို အောက်မေ့လွမ်းဆွတ်နေမည်ဖြစ်သည်။ ၁၉၁၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် သြစတြေီးယား-ဟန်ဂေရီထီးနန်းဆက်ခံမည့် အိမ်ရှေ့မင်းသား ဖရန့်စ်ဖာဒီနန် နှင့် ကြင်ယာတော် ဆိုဖီတို့ကို ဆားဗီးယားနိုင်ငံ၊ ဆာရာဂျေဗို မြို့လယ်လမ်းမ ကြီးပေါ်၌ လူထုတန်းစီပွဲအတွင်း ပါဝင်ဆင်နွှဲ ရာ ဆားဗီးယားလူမျိုး အသက် ၁၉ နှစ်အရွယ်ရှိ အေဗရာကို့စ်ဆိုသူ၏ ပစ်ခတ်လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်။
.
သြစတြေီးယား-ဟန်ဂေရီ အာဏာပိုင်များက ထိုလုပ်ကြံမှုနှင့် ပတ်သက်၍ ဆာဗီးယား အစိုးရအား အပြစ်တင်ခဲ့သည်။ ထိုမျှသာမက စစ်ပွဲတစ်ပွဲ ဆင်နွှဲနိုင်ရန်အတွက် ဂျာမဏီဘုရင် ကိုင်ဇာဝေါဟိန်း၂ ထံမှ စစ်ရေးအကူအညီများ ရယူကာ သြစတြီးယား-ဟန်ဂေရီအင်ပိုင်ယာက ပထမကမ္ဘာစစ်အတွက် စစ်ပြင်ဆင်ခဲ့သည်။ ထိုအချိန်တွင် ဆိုဗီယက်(ယခုရုရှား)က ဆားဗီး ယားနိုင်ငံအား ထောက်ခံခဲ့သည်။ သို့ဖြစ်၍ ၁၉၁၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် သြစတြေီးယား-ဟန်ဂေရီအင်ပိုင်ယာက ပထမ ကမ္ဘာ စစ်ပွဲကြေညာခဲ့သည်။
.
ထိုစစ်ပွဲတွင် ဆားဗီးယားကတစ်ဖက်၊ သြစတြီးယား-ဟန်ဂေရီအင်ပိုင်ယာကတစ်ဖက် စစ်ပွဲစတင်ခဲ့သော်လည်း နောက်ပိုင်း၌ နှစ်ဖက် စလုံးတွင် အင်အားကြီး မဟာမိတ်များပေါင်းစုံ ပါဝင်ကာ ပထမကမ္ဘာစစ်ကြီးစတင်ခဲ့ရသည်။ ပြင်သစ်-ရုရှားနှင့် ဗြိတိန်တို့က တစ်ဖက်နှင့် အီတလီအပါအဝင် မဟာမိတ်များ ဖွဲ့စည်းကာ စစ်ပွဲစတင်ဖြစ်ပွားခဲ့ရသည်။ ဩစတီးယား- ဟန်ဂေရီဘက်မှ ဘယ်လ်ဂျီယံ၊ ဂရိ၊ အီတလီ၊ မွန်တီနီဂရိုး၊ ပေါ်တူဂီ၊ ရိုမေနီးယားနှင့် ဆားဗီးယားတို့က ပါဝင်တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် အီတလီနိုင်ငံက ဗဟိုအင်အားကြီးနိုင်ငံအပေါ် သစ္စာခံယူမှုသည် သေချာရေရာမှု မရှိသော်လည်း အော်တိုမန်အင်ပိုင်ယာနှင့် ဆူလ်ဂေးရီး ယားနိုင်ငံတို့က ထိုစစ်ပွဲတွင် ရောနှောတိုက်ခိုက် ခဲ့သည်။ စစ်ပွဲအစတွင် အမေရိကန်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အမေရိကန်သမ္မတ ဘူထရိုဝီလ်ဆင်သည် အမေရိကန်ပြည်သူလူထု ၏ ထောက်ခံမှုဖြင့် ကြားနေမည်ဟု ပြောဆိုခဲ့ သော်လည်း (၆/၄/၁၉၁၇)ရက်နေ့တွင် ဂျာမန် ယူဘုတ်စစ်သင်္ဘောများက အမေရိကန်ကုန် သင်္ဘောများကို ပစ်ခတ်နှစ်မြှုပ်ခဲ့သဖြင့် ဂျာမနီ အား စစ်ကြေညာခဲ့ရခြင်းဖြစ်သည်။
.
၁၉၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ တစ်ရက်တည်း၌ကပင် ဗြိတိသျှစစ်သား ၁၉၂၄ဝ ဦးသေဆုံးခဲ့ရပြီး ၅၉၉၈၂ ထိခိုက်ဒဏ်ရာ ရခဲ့သည်။ ဘာဒန်စစ်ပွဲတွင် ရက်ပေါင်း ၃ဝဝ ထိ တိုက်ခိုက်ခဲ့ရပြီး ထိုကဲ့သို့ ဗြိတိသျှ စစ်သား များ ကျဆုံးခဲ့ရခြင်းဖြစ်သည့် ပြင်သစ်စစ်သား ၈၅၇၆၅၂ ထိ ထိခိုက်ဒဏ်ရာ များရရှိစေရန် ဂျာမနီတပ်မှ အမြောက်ကြီးများဖြင့် ပစ်ခတ်ကာ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ယင်းသို့ဖြင့် ပြင်သစ်မြို့ကြီးသည် ပြန်လည် တည်ဆောက်၍ မရနိုင်သည်ထိ ပျက်စီးခဲ့ ရပြီး ယနေ့တိုင်အောင်ပင် ထိုပြင်သစ်မြို့ကြီး များကို မြေပုံပေါ်တွင် ယနေ့တိုင် တွေ့မြင်နေ ရဆဲဖြစ်သည်။
.
ထိုအချိန်က ရုရှားတပ်ဖွဲ့များသည် ရုရှား အမျိုးသမီးများကိုလည်း တပ်ရင်းများဖွဲ့စည်း ကာ စစ်ပွဲတွင်းသို့ ဝင်ရောက်တိုက်ခိုက်စေခဲ့ သည်။ ထိုစစ်ပွဲများ၌ စိတ်ဓာတ်မြှင့်တင်ပေးရန် အတွက် ထိုကဲ့သို့အမျိုးသမီး တပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်စေခဲ့ခြင်းဖြစ်သည်။ ထိုသို့ ရုရှားအမျိုးသမီးစစ်သည်များ ဝင်ရောက်တိုက် ခိုက်ခဲ့ရာတွင် တပ်စုတစ်စု ကျဆုံးခဲ့သော်လည်း အခြား ရုရှားအမျိုးသမီးများသည် စိတ်ဓါတ်ကျ ဆင်းခြင်းမရှိဘဲ ပုံမှန်တပ်စုများသို့ စိတ်အား တက်ကြွစွာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ လန်ဒန်မြို့မှ ကြားနေရသည့် Ypers ဒေသ ပေါက်ကွဲမှုများတွင် ဗြိတိသျှစစ်သားများ အကျ အဆုံးများခဲ့သည်။ ဗြိတိသျှနိုင်ငံအတွင်းတွင် ရှိသည့် ဂျာမန်ရှေ့တန်းစခန်းများအနီးတွင် ပေါင်ငွေတစ်သန်းခန့် တန်ဖိုးရှိသော ပေါက်ကွဲ ပစ္စည်းများ မြှုပ်နှံခဲ့ကြပြီး ကတုတ်ကျင်းများ လည်း တူးဖော်ခဲ့ကြသည်။ ထိုအချိန်က ဗြိတိ သျှစစ်သားတို့၏ ခြေဆောင့်သံများကို ပြင်သစ် နိုင်ငံမှနေ၍ ငလျင်ပဲ့တင်သံအဖြစ် ကြားနေရ သည်။ ထိုစစ်ပွဲအား မက်ဆင်ဟု ခေါ်ဆိုပြီး နျူ ကလီးယားစစ်ပွဲမတိုင်မီ ကြီးမားသောပေါက်ကွဲ မှုများကဲ့သို့ ထိုစဉ်က လူသားများ ပြုလုပ်သည့် အကြီးမားဆုံးသော ပေါက်ကွဲမှုများလည်းဖြစ် သည်။ ထိုစဉ်က ဗြိတိန်တို့သည် ရှေ့တန်းစစ် မျက်နှာများ၌ ဆပ်ကပ်သုံးမြင်းနှင့် ဆင်များကို ပင် အသုံးချခဲ့သည်။ ခဲယမ်းမီးကျောက်များ သယ်ဆောင်ရာတွင် ဆင်နှင့်မြင်းများကို အသုံး ပြုခဲ့သည်။ ဗြိတိသျှနိုင်ငံ ရှက်မီးလ်မြို့သို့လစ်ဇစ် ဟု အမည်ရှိသော အိန္ဒိယဆင်ကို စားနပ်ရိက္ခာ နှင့် လိုအပ်သောပစ္စည်းများ သယ်ဆောင်ရန် အသုံးပြုခဲ့သည်။ ပြင်သစ်ဝန်ကြီးချုပ် ဂျော်ဂျီ ကလင်မစ်ရှောင်က ကလဲ့စားချေသည့်အနေဖြင့် မှန်များဖြင့်ကာရံထားသော ဗာဆိုင်းနန်းတော်၌ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့သည်။ ၁၉၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ဗာဆိုင်းစာချုပ် ကို လက်မှတ်ရေးထိုးကာ စစ်ပြေငြိမ်းခဲ့သည်။ သို့ရာတွင် ထိုစာချုပ်သည် ၁၉၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့ ရောက်ရှိမှသာ အ သက်ဝင်ခဲ့သည်။
.
ပထမကမ္ဘာစစ်ပွဲကြီးဖြစ်ပွားရာတွင် ဂျာမန် တို့၌သာ လုံးဝတာဝန်ရှိသည်ဟု အတင်းအ ကျပ်လက်ခံစေခဲ့သည်။ သို့ဖြစ်ပါ၍ ဂျာမန်နိုင်ငံ က ဂျာမနီနယ်မြေအများအပြားကို လက်လွတ် ဆုံးရှုံးခဲ့ရပြီး စစ်လျော်ကြေးငွေ ဒေါ်လာ ၃.၁ သန်း ပေးဆောင်ခဲ့ရသည်။ ဤသို့ဖြင့် ဂျာမန် အား ညက်ညက်ခြေကာ ပြင်သစ်တို့မှ အ မြတ် များစွာ ရရှိခဲ့သည်။ ၁၉၂ဝ ပြည့်နှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဗာဆိုင်းစာ ချုပ်အရ ပေးလျော်ရမည့်နောက်ဆုံးစစ်လျော် ကြေးကို ထုတ်ပေးရန် ဂျာမနီတို့က ငြင်းဆိုခဲ့ သည်။ ဂျာမနီနိုင်ငံတွင် အဒေါ့ဖ်ဟစ်တလာ အာဏာရရှိလာပြီးနောက် နှစ်စဉ်ပေးဆောင်ရ မည့် စစ်လျော်ကြေးများကို ဖြတ်တောက်ခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးကပ်ဆိုက်ခဲ့ သည်။
.
လစ်သူယေးနီးယား၊ လက်ဗီးယား၊ ဖင်လန်၊ ပိုလန်၊ သြစတြီးယား၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗက်တီးယား၊ ယူဂိုစလားဗီးယားနှင့် အက်စတိုးနီးယားဟူ၍ နိုင်ငံသစ် ၉ နိုင်ငံပေါ် ထွက်ခဲ့ရသည်။ ဩစတီးယား-ဟန်ဂေရီအင် ပိုင်ယာ ပြိုကွဲပြီးနောက် ထို ၉ နိုင်ငံသည် နိုင်ငံလွတ်လပ်ရေးအတွက် ကမ္ဘာသိကြေညာ နိုင်ခဲ့သည်။
.
ယင်းတို့အနက် ချက်ကိုစလိုဗက်ကီးယား နှင့် ယူဂိုစလားဗီးယားနိုင်ငံတို့သည် အသစ် တည်ထောင်သည့် နိုင်ငံများဖြစ်လာကြသည်။ ပထမကမ္ဘာစစ်ပြီးဆုံးပြီးနောက် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးတို့ကို ရယူနိုင်ရန်အတွက် နိုင်ငံပေါင်းချုပ်အသီးကြီးအား ထူထောင်ဖွဲ့စည်းနိုင်ခဲ့ သည်။ နိုင်ငံပေါင်းချုပ်အသင်းကြီးသည် အဆို ပါ အရေးသုံးပါးအား ဆောင်ရွက်နိုင်ခြင်းများ ပြုလုပ်မှု မရရှိခဲ့သော် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးဖွဲ့စည်းထူထောင်နိုင်ရန်အတွက် အုတ်မြစ် ချပေးနိုင်ခဲ့သည်။ ဂျာမဏီအာဏာရှင် ဟစ်တလာအာဏာရရှိလာပြီးနောက် နိုင်ငံပေါင်းချုပ် အသင်းကြီးသည်လည်း ပြိုကွဲပျက်စီးခဲ့ရပေ သည်။ သို့သော် ယင်းနိုင်ငံပေါင်းချုပ်အသင်း ကြီး၏ အမြတ်ထွက်ရှိလာမှုသည်ကား အဖွဲ့ဝင် ၁၉၇ နိုင်ငံပါဝင်သည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်ထွန်းလာခဲ့ရပေသည်။ ထိုကုလသမဂ္ဂမှ ကမ္ဘာ့လူသားများအတွက် အကျိုးပြုနိုင်စေရန် အသင်းခွဲ အဖွဲ့ခွဲပေါင်း ၁၆၇ ခု ရှိသည်ထိ ဖွဲ့ စည်းထူထောင်ပေးနိုင်ခဲ့သည်။
.
(၁၁-၁၁-၂ဝ၁၈)ရက်နေ့တွင် ပြီးဆုံးသွား သည့်နှစ်တစ်ရာပြည့် ပထမကမ္ဘာ့စစ်သို့)
.
.
.
#KBZTai #Shan

Journal Download

Photo of three cats