ရှမ်းပြည်နယ်၌ ၂ဝ၁၈ ခုနှစ်အတွင်း လူကုန်ကူးမှု ၅၂ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ထက် ၂ မှု လျော့နည်းလာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, December 22, 2018

ရှမ်းပြည်နယ်၌ ၂ဝ၁၈ ခုနှစ်အတွင်း လူကုန်ကူးမှု ၅၂ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ထက် ၂ မှု လျော့နည်းလာ



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်း၌ ၂ဝ၁၈ ခု နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာ လ ၂ ရက်အထိ လူကုန်ကူးမှု ၅၂ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ် ပါက ၂ မှုလျော့နည်းလာခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။
.
 
.
''ဒီလ ၂ ရက်အထိတော့ ကျွန် တော်တို့ ရှမ်းပြည်နယ်အတွင်းမှာ လူ ကုန်ကူးမှု ၅၂ မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီအရေအတွက်ဟာ မနှစ်ကထက် တော့ ၂ မှု လျော့နည်းလာပါတယ်။ အများဆုံး ဖြစ်ပွားတဲ့ နေရာက ရှမ်း ပြည်နယ်မြောက်ပိုင်းပါ''ဟု ရှမ်းပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ် ဦးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့ သည်။
.
ဖြစ်ပွားခဲ့သည့် အမှုများမှာ ရှမ်း ပြည်နယ်တောင်ပိုင်းတွင် ၂ မှု၊ ရှမ်း ပြည်နယ်အရှေ့ပိုင်းတွင် ၂ မှုနှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် ၄၈ မှုဖြစ် ပြီး ၄၇ မှုအား အမှုဖွင့် အရေးယူထား ပြီးဖြစ်ကာ အရေးယူရန် ၁ မှု ကျန်ရှိ နေကြောင်း သိရသည်။
.
''လူကုန်ကူးခံရမှုတွေနဲ့ ပတ် သက်ပြီး ပြောရမယ်ဆိုရင် အရင်တုန်း ကတော့ တရားမဝင် သွားလာကြတဲ့ လူတွေက အများစုပါ။ ပွဲစားတွေက သွေးဆောင်ဖြားယောင်းလို့ သွားနေ ကြတယ်။ မက်လုံးတွေ ပေးပြီး ခေါ် သွားကြတယ်။ တရားမဝင် သွားနေ ကြတဲ့ သူတွေကတော့ အခက်အခဲ မျိုးစုံ တွေကြုံတွေ့ပြီး ပြန်ရောက်လာ ကြတာတွေ ရှိတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရဘူး။ အခုနှစ် ပိုင်းတွေရောက်မှ ထိုင်းနိုင်ငံကလည်း ဥပဒေတင်းကြပ်လိုက်သလို ပြည်သူ တွေကလည်း တရားမဝင်သွားတာ ထက် တရားဝင် သွားတာပိုကောင်း တယ်ဆိုတဲ့ အသိလေးတွေ တိုးပွား လာတဲ့အတွက်ကြောင့် တရားဝင်သွား တာတွေများလာပါတယ်။ တရားမဝင် သွားရင် ဘာတွေကြုံတွေ့ ရနိုင်လဲဆို တော့ ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေ မရဘူး။ ခေါင်းပုံဖြတ်ခံရမယ်။ အပြင်ထွက်ချင်တိုင်းလည်း မထွက်ရ ဘူး။ အဲဒါကြောင့် တရားဝင်သာ သွားလာကြပါလို့ တိုက်တွန်းချင်ပါ တယ်''ဟု ရှမ်းပြည်နယ် အလုပ်သ မားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးဟန်ဝင်းအောင်မှ ကမ္ဘော ဇတိုင်းသို့ ပြောကြားသည်။
.
ရှမ်းပြည်နယ်အတွင်း၌ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ၈ နှစ်တာ ကာလအတွင်း လူကုန်ကူးခံရမှု ၃၉၅ မှု ဖြစ်ပွားခဲ့ပြီး ၃၈၉ မှုအား အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ခဲ့ကာ ၁ မှု ပိတ်သိမ်းခဲ့ပြီး အရေးယူရန် ၅ မှု ကျန်ရှိနေကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Recent Tube