ရုရှား-ယူကရိန်း စစ်ရေးပြင်ဆင်မှုမှသည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, December 31, 2018

ရုရှား-ယူကရိန်း စစ်ရေးပြင်ဆင်မှုမှသည်



စိုင်းကွမ်းမိုင်း
.
Photo - Internet
.
ယူကရိန်းမှ စစ်အတွက် ပြင်ဆင်နေပြီး
.
ယူကရိန်းမှ စစ်ဆင်နွှဲရန် လေ့ကျင့်နေပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည့် (၃ဝ- ၁၁-၂ဝ၁၈) တွင် အငြင်းပွားဖွယ်ရာ ကရိုင်းမီး ယားဒေသအား ဒုံးကျည်ကာကွယ်ရေး စနစ်များကို ရုရှားမှ ပေးပို့ထားသည်။ (၂၅-၁၁-၂ဝ၁၈) နေ့က ဖြစ်ပွားခဲ့သည့် ရေကြောင်းအငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်းကြောင့် တင်းမာမှုများ တစ်စထက်တစ်စ မြင့်တက်တော့သည်။ ထို့ကြောင့်လည်း ရုရှားမှ Pantsir-S ဒုံး စွင့်ဒုံးနှင့် လေယာဉ်ပစ် လက်နက် စနစ်များကို ယူကရိန်းတွင် ဖြန့်ကျက်လာခဲ့သည်။ ရုရှားမှ ဤဒုံးစွင့်ဒုံးကျည်များကို ကာပွတ်စမ်းသပ်စခန်း တွင် စမ်းသပ်ပစ်ခတ်အပြီး၌ ကရိုင်းမီးယားတွင် ဖြန့်ကျက်ထားခြင်း ဖြစ်ကြောင်း ယူကရိန်းမှ ထုတ်ဖော်ပြောဆိုသည်။ ထိုနည်းတူစွာ ကရာဆနိုဒါနယ်မြေတွင် ရုရှားအထူးတပ်များ၊ Pantsir-S ဒုံးကျည်ပစ် သင်တန်းများ တက်ရောက်ပြီးမှသာ ကရိုင်းမီးယားတွင် ဖြန့်ကျက်ထားခြင်းဖြစ် သည်။
.
သဏ္ဍာန်လုပ် လေ့ကျင့်သည့် တိုက်ခိုက်မှုတို့ တွင် လေယာဉ်ပျံများ၊ ဒရုန်းများ၊ ဒုံးကျည်များ နှင့် ပစ်မလွဲကျည် အသုံးပြု တိုက်ခိုက်ခြင်းများကို ကာကွယ်နိုင်ရန် လေ့ကျင့်ကြသည်။ ထို့ ပြင် အီလက်ထရောနစ် စစ်ဆင်ရေး ကိုလည်း လေ့ကျင့်ခဲ့ရာတွင် ဝေဟင်ပစ်မှတ် ၅ဝ ကျော်အား ထိမှန်ရန် တိုက်ခိုက်နိုင်ခဲ့သည်ဟု ရုရှား စစ်ဘက်မှ ထုတ်ဖော်ခဲ့သည်။ Pantsir-S ဒုံး ကျည်များကို S-400 ဒုံးကျည် ကာကွယ်ရေး စနစ်ဖြန့်ကျက်ပြီးနောက်မှသာ နေရာချထားခြင်း ဖြစ်သည်။ (၂၇-၁၁-၂ဝ၁၈)တွင် Kh-35 BAL ကမ်းရိုးတန်း ကာကွယ်ရေး လက်နက်များကို ရုရှားက ဖြန့်ကျက်ထားသည်။ ရုရှားတောင်ပိုင်း စစ်နယ်မြေမှလည်း အမြန်စစ်ဆင်ရေးအတွက် အသင့်ဖြစ်စေရန် ပြင်ဆင်ထားကြောင်း ပြောဆို ကြသည်။ ယူကရိန်းတပ်များကလည်း လေယာဉ်ပစ် လက်နက်စနစ်များ စမ်းသပ်ပစ်ခတ် ခြင်း၊ SU-25 တိုက်လေယာဉ်များကို စမ်းသပ် မောင်းနှင်ပြီး ယူကရိန်းကမ်းရိုးတန်းတွင် ပျံ သန်းပြခဲ့သည်။ (၂၅-၁၁-၂ဝ၁၈)နေ့တွင် ရေ တပ် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နေရာအနီးတွင် ယူကရိန်းက MI-24 ရဟတ်ယာဉ်များနှင့် ပျံသန်း ခဲ့သည်။ ထို့ပြင် ရုရှားနှင့် နယ်ချင်းထိစပ်နေ သည့်ဒေသ ၁ဝ ခုတွင် ရက် ၃ဝ ကြာ စစ်အုပ် ချုပ်ရေးအမိန့်ကို ယူကရိန်းသမ္မတ ပိုရိုရှန်ကို က (၂၈-၁၁-၂ဝ၁၈)ရက်၌ ကြေညာခဲ့သည်။ အမေရိကန်နှင့် NATO အဖွဲ့မှ ယူကရိန်း သဘောင်္သားများအား လွှတ်ပေးရေးအတွက် တောင်းဆိုထားပြီး ထရမ့်ကလည်း မျှော်လင့် ထားသည့် ပူတင်နှင့် တွေ့ဆုံရေးကို ဖျက်သိမ်း ပြီး ဖိအားပေးလာတော့သည်။
.
ယူကရိန်းနယ်စပ်မှ ရုရှားတပ်ဖွဲ့အင်အား
.
ယူကရိန်းသမ္မတ ပိုရိုရှန်ကိုသည် တွစ်တာမှတဆင့် ခြောက်ခြားဖွယ်ကောင်းသည့် သတင်းကို ထုတ်ပြန်ရာတွင် ရုရှားသည် ယူကရိန်း၏ လွတ်လပ်ရေးအား ပြောင်းပြန်လှန်ပစ်လိုကြောင်း ဖော်ပြလိုက်သည်။ ဤထုတ်ပြန်ချက် သည် ယူကရိန်းစစ်သဘောင်္များနှင့် ရေတပ်သားများကို ရုရှားမှ ဖမ်းဆီးထားပြီးသည့်နောက် ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။ တွစ်တာတွင် ပိုရိုရှန်ကိုက ကရိုင်းမီးယားနှင့် ဒွန်ဘက်စ်ဒေသ များအပြင် ယူကရိန်းတောင်ပိုင်း အရှေ့ပိုင်း များ၌ ရုရှားတပ်အင်အားများ စုရုံးနေရာများ၌ ယ ခုဆိုလျှင် ရုရှားတပ်သား ၈ဝဝဝဝဝ တင့်ကား ၉ဝဝ နှင့် သံချပ်ကာ ယာဉ် ၂၃ဝဝ တို့သည် ယူကရိန်း ပိုင်နယ်တွင်းသို့ ရောက်ရှိနေကြောင်း ဖော်ပြထားသည်။ ဤတပ်များကို အထောက်အကူပြုအမြောက် ၁၄ဝဝ၊ ဒုံးကျည်စနစ်များ၊ လေ ယာဉ် ၅ဝ နှင့် ရဟတ်ယာဉ် ၃ဝဝ လည်း ရုရှားမှ ဖြန့်ကျက်ထားကြောင်းနှင့် ဤအချက် များသည် ယူကရိန်းအား ထိုးစစ်ဆင် တိုက်ခိုက်မည့် သက်သေသာဓက ဖြစ်ကြောင်း ပိုရိုရှန်ကို က ပြောဆိုထားသည်။
.
(၂၅-၁၁-၂ဝ၁၈)ရက်နေ့တွင် ကာ့ခ်ျရေ လက်ကြားမှ တဆင့် ကရိုင်းမီးယားဒေသအား ဖြတ်သန်းရန် ကြိုးပမ်းသည့် ယူကရိန်းသဘောင်္ သုံးစီးအား ရုရှားတပ်များမှ ဖမ်းဆီးခဲ့သည်။ ရုရှားတပ်မှ ပစ်ခတ်ရာ၌ ယူကရိန်းသဘောင်္သား များ ဒဏ်ရာရရှိခဲ့သည်။ ယူကရိန်းသဘောင်္သား ၁၂ ဦးကို ရုရှားပိုင်နက် ချိုးဖောက်မှုဖြင့် တရားစီရင်မည်ဖြစ်ပြီး ယခုလောလောဆယ်တွင် နှစ်လကြာ ထိန်းသိမ်းထားရန် ရုရှားတရားရုံးက အမိန့်ချမှတ်ထားသည်။ ဤသည်ကို တုံ့ပြန် သည့်အနေဖြင့် ပိုရိုရှန်ကိုက ရုရှားနှင့်နီးစပ်သည့် ဒေသ ၁ဝ ခုတွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထား သည်။ ယူကရိန်းနှင့် ရုရှားပဋိပက္ခ  ကျယ်ပြန့်လာခြင်းနှင့် ပတ်သက်၍ အာဂျင်တီး နားတွင် ကျင်းပလျက်ရှိသည့် G-20 ထိပ်သီး ဆွေးနွေးပွဲတွင် ရုရှားသမ္မတ ပူတင်က လက်ရှိ ယူကရိန်းအာဏာပိုင်များသည် ပဋိပက္ခများအား ဖြေရှင်းရန် စိတ်ဝင်စားခြင်း မရှိကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြား ခဲ့သည်။ ယူကရိန်း သဘောင်္သားများအားစောလျင်စွာ ပြန်လွှတ်ပေးရန် ထရမ့်နှင့် နိုင်ငံတကာ မှ တောင်းဆိုချက်ကို ရုရှားမှ ပယ်ချခဲ့သည်။ လက်ရှိယူကရိန်း ခေါင်းဆောင်အာဏာရှိနေသရွေ့ ကာလပတ်လုံး စစ်မက်ရေးရာ ဆက်လက် ဖြစ်ပွားနေမည်ဖြစ်ကြောင်း ပူတင်က သတင်းထောက်များသို့ ထုတ်ဖော်ပြောကြားခဲ့သည်။
.
ယူကရိန်းအား NATO ထောက်ခံ
.
မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ NATO က ယူကရိန်းနှင့် ရုရှား ၄ နှစ် ကြာရေတပ်ချင်း ပဋိပက္ခဖြစ်ပွားပြီးနောက် စစ်ရေးပဋိပက္ခတင်းမာစွာ ဖြစ်ပွားနေသည့် အကျပ်အတည်းကြားမှ ပင် ယူကရိန်းနိုင်ငံအား ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယူကရိန်းသဘောင်္များနှင့် ရေတပ်သဘောင်္များအပေါ် ရုရှားတို့ စစ်အင်အား အသုံးပြုမှုသည် တရားမျှတသည်ဟု ကြောင်းကျိုးခိုင်လုံစွာ ပြသနိုင်ခြင်း မရှိ ကြောင်း NATO မဟာမိတ်အဖွဲ့၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ မဟာမိတ်အဖွဲ့က ယူကရိန်းသဘောင်္နှင့် သဘောင်္သားများကိုချက် ချင်းလွှတ်ပေးရန်လည်း တောင်းဆိုထားသည်။ ရုရှားက ယူကရိန်းသဘောင်္နှင့် ရေတပ်သားများကို အကြမ်းဖက်ထားခြင်းကို လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ဖော်ပြထားသည်။ အဇော့ဗ်ပင်လယ် အနီးနှင့် ကက်ခ်ျရေလက်ကြားတွင် ယူကရိန်း အား စစ်အင်အားအသုံးပြုခြင်းနှင့် ပတ်သက် ၍ NATO က ရုရှားတို့အား ယူကရိန်းသဘောင်္များကို အဟန့်အတားမဲ့စွာ သွားလာခွင့်ပြုရေးနှင့် လွတ်လပ်စွာရေကြောင်းလှိုင်း၌ သွားလာ ခွင့်ပြုရေးအတွက် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။ NATO သည် ယူကရိန်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် နယ်နိမိတ်နှင့် နိုင်ငံတကာ ရေမျက်နှာပြင်အတွင်း နယ်မြေတည်တံ့ခိုင်မြဲ ရေးကို အပြည့်အဝ ထောက်ခံသည်ဟူ၍ ဆက်လက်ဖော်ပြထားသည်။ NATO က ရုရှား၏ ဥပဒေနှင့် ညီညွတ်မှု မရှိသည့် ယူကရိန်းပိုင် ကရိုင်းမီးယားအား သိမ်းပိုက်ခြင်းကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး သိမ်းပိုက်မှုကို အသိအမှတ် မပြုကြောင်း ဆက်လက်ဖော်ပြထားသည်။ ယူကရိန်းသဘောင်္များသည် ပဋိပက္ခဖြစ်ပွားရန် လှုံ့ဆော်သည့်အနေဖြင့် ရုရှားအာဏာပိုင်ထံသို့ ခွင့်ပြုချက် မယူဘဲ ရေလက်ကြားထဲသို့ ဝင်ရောက်လာ သောကြောင့် ရုရှားတို့မှ ယူကရိန်း သဘောင်္နှစ်စီးနှင့် ဆဲသဘောင်္တစ်စီး အပါအဝင် သဘောင်္သားများကို ဖမ်းဆီးရခြင်းသာဖြစ် ကြောင်း ရုရှားတို့က ထုတ်ပြန်သည်။
.
စစ်အင်အားချင်း အားပြိုင်မှု
.
နိုင်ငံရေး မငြိမ်သက်မှုများ ဖြစ်ပွားနေသည့် ၂ဝ၁၄ ခုနှစ်အတွင်းတွင် ရုရှားက ကရိုင်းမီးယား အား သိမ်းသွင်းခဲ့သည့် အချိန်၌ ရုရှားနှင့် ယူကရိန်းတို့သည် ပြင်းထန်သည့် ရင်ဆိုင်ရေး ပဋိပက္ခလမ်းကြောင်းပေါ်သို့ ရောက်ရှိလာကြ သည်။ နိုင်ငံရေး ကျွမ်းကျင်သူများက နှစ်နိုင်ငံ စစ်ဖြစ်တော့မည်ဖြစ်ကြောင်း မှန်းဆတွက်ချက် လာကြသည်။ ယူကရိန်းသည် နျူကလီးယား ခုခံစစ်အတွက် အင်အားမရှိသည့်ပြင် သမားရိုးကျတပ်အားလည်း နည်းပါးခြင်း ကြောင့် ကရိုင်းမီးယားကျွန်းဆွယ်ကို ပြန်သိမ်းရန် အင်အား လုံလောက်သည့် အခြေအနေ မရှိပေ။ ယူကရိန်း အရှေ့ပိုင်းမှ ခွဲထွက်ရေး သူပုန်နှိမ်နင်းရန်ပင် အမေရိကန်စစ်အကြံပေးများနှင့် ဒေသဆိုင် ရာ ပြည်သူ့စစ်များထဲမှ အကူအညီရရှိနေသော် လည်း ရုန်းကန်ကာ တိုက်ပွဲဝင်နေရပေသည်။
.
စစ်သည်အင်အား
.
(၂၆-၁၁-၂ဝ၁၈) ရက်နေ့က တပ်လှန့်ထား သည့် ယူကရိန်းတပ်အင်အားသည် ၂၅ဝဝဝဝ ရှိပြီး ရုရှားတပ်အင်အားသည် ၁ ဒသမ ၉ သန်း ရှိနေသည်။ ကာကွယ်ရေး အသုံးစရိတ်သည် ၂ဝ၁၇ ခုနှစ်၌ ရုရှားသည် အမြင့်ဆုံးစာရင်း သည် ဒေါ်လာ ၆၆ ဒသမ ၃ ဘီလီယံရှိပြီး ယူ ကရိန်းသည် ၃ ဒသမ ၆ ဒေါ်လာ ဘီလီယံသာ ရှိနေသည်ကို တွေ့ရှိရသည်။
.
တင့်ကားအင်အား
.
ရုရှားသည် ကမ္ဘာ့အကြီးမားဆုံး တင့်ကား တပ်ဖွဲ့ရှိသည်။ အရေအတွက်အားဖြင့် ၂ဝဝဝဝ ရှိပြီး သူပုန်များ အသုံးပြုခဲ့သည့် တင့်ကား ကား ၆ဝ ရှိနေကြောင်း ယူကရိန်း အစိုးရမှဖော် ပြထားသည်။ ရုရှားတင့်ကား အရေအတွက် သည် ဗြိတိန်နှင့် ဂျာမနီနှစ်နိုင်ငံပေါင်း အရေ အတွက်ထက်ပင် သာလွန်လျက်ရှိသည်။ ရုရှား တင့်ကားများနှင့် ဒွန်ဘတ်စ်သူပုန်များကို လျှို့ ဝှက်စွာ လှုပ်ရှားပြီး အကူအညီပေးနေသည်။
.
ရေတပ်
.
ကရိုင်းမီးယားအား ရုရှားတို့ထိန်း ချုပ်စဉ်မှစ၍ ယူကရိန်းစစ်သဘောင်္ အများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ (၂၅-၁၁- ၂ဝ၁၈)ရက်နေ့တွင် ယူကရိန်းစစ်သဘောင်္ ၃  စီးလည်း ထပ်မံအဖမ်းခံလိုက်ရတော့သည်။ တစ်စီးတည်းသော လေယာဉ်တင်သဘာင်္လွန်း တင်နေ့စဉ် မတော်တဆ ဖြစ်မှုကြောင့် ဆုံးရှုံး သွားရသော်လည်း ရုရှားပင်လယ်နက် ရေတပ် တွင် စစ်သဘောင်္ ဒါဇင်ပေါင်းများရှိနေပြီး ယခု နှစ်အကုန်တွင် စစ်သဘောင်္ ၂၆ စီးကို ထပ်မံ ဖြည့်တင်းမည် ဖြစ်သည်။ ယူကရိန်းအတွက်တွင် ကားပင်လယ်ပြင်၌ ရုရှားနှင့် ရင်ဆိုင်ရန် အသင့်မဖြစ်သေးချေ။ ရုရှားကသာ ကုန်းရေ နှစ်ထွေ သွားယာဉ်များနှင့် အာဇော့ဗ်ပင်လယ် ကမ်းရိုးတန်းအား စီးနင်းတိုက်ခိုက်လာပါက ယူ ကရိန်း၏ ခုခံအနည်းအကျဉ်းသာ ရှိနိုင်သည်။
.
လေတပ်
.
ကရိုင်းမီးယားကို ရုရှားမှ သိမ်းသွင်းသည့်အထဲတွင် ယူကရိန်းလေယာဉ်များ ဒါဇင်နှင့်ချီကာ ပါရှိသွားခဲ့ရသည်။ ယူကရိန်း လက်ထဲတွင် လေယာဉ်ရှိနေသည့်တိုင် ပျံသန်း၍ မရနိုင်သည့် လေယာဉ်များသာ ဖြစ်နေသည်။ ၂ဝ၁၄ ခုနှစ်တွင် လေ့လာသူတစ်ဦးမှ ဖော်ပြခဲ့ သည့် လေ့လာချက်အရ ကရိုင်းမီးယားကို ရု ရှားသိမ်းသွင်းစဉ်ကာလ တွင် Su-27 လေယာဉ် ၁၆ စီး၊ Mix-29 ၂၄ စီး၊ Su-24 ၃၅ စီးနှင့် Su-25 ၂၄ စီးတို့သည် ပျံသန်းနိုင်သည့် အဆင့်၌ ရှိနေသည်။ ရုရှားဘက်မှ လေတပ်အင်အားကို ၂ဝ၁၇ ခုနှစ်ကာကွယ်ရေး ထောက်လှမ်းမှု အေ ဂျင်စီ၏ ဖော်ပြချက်၌ ဗုံးကြဲလေယာဉ် ၁၄၁ စီး၊ တိုက်လေယာဉ် ၄၂ဝ စီး၊ တိုက်ခိုက်ရေးတိုက် လေယာဉ် ၃၄၅ စီး၊ လေကြောင်းချီကြိုတင် သတင်းပေး ထိန်းချုပ်ရေးလေယာဉ် ၂၂ စီး၊ ကွပ် ကဲရေးနှင့် ထိန်းချုပ်ရေးလေယာဉ် ၆ စီး ဆီ ဆင်လေယာဉ် ၁၅ စီး၊ သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးများနှင့် ကင်းထောက်လေယာဉ် နှင့် ရဟတ်ယာဉ် မြောက်များစွာ ရှိသည်။
.
ယူကရိန်း၏ အသာစီး
.
နိုင်ငံခြားရေး မူဝါဒ သုတေသနမှ ဖော်ပြ ရာ၌ သုတေသီ ဒင်နီဇာလူစင်က ယူကရိန်းတင့် ကားတပ်တွင် တပ်သား ၇၈ဝဝဝဝ၊ တင့်ကား ၆၅ဝဝ၊ တိုက်ခိုက်ရေးလေယာဉ် ၁၁ဝဝ နှင့် သဘောင်္ ၅ဝဝ ရှိရာမှ စစ်သည် ၈၄ဝဝဝ၊ တင့် ကား ၇ဝဝ နှင့် သဘောင်္ ၅ဝဝ ရှိရာမှ စစ်သည် ၈၄ဝဝဝ၊ တင့်ကား ၇ဝဝ နှင့် တိုက်ခိုက်ရေး လေယာဉ် ၁၇ဝ အပြင် စစ်သဘောင်္၂၂ စီးထိ ကျဆင်းသွားကြောင်း ဖော်ပြထားသည်။ ယူက ရိန်းစစ်တပ် ပြုပြင်ပြောင်းလဲရေးကို ၂ဝ၂ဝ ပြည့် နှစ်တွင် အပြီးသတ်အကောင်အထည်ဖော်ရန် ရှိနေသည်။ ယူကရိန်းသည် NATO အဖွဲ့ဝင် မဟုတ်ခြင်းကြောင့် NATO မှ တရားဝင်ကူညီ နိုင်ခြင်း မရှိပေ။ အမျိုးသားအစိုးရ စီးပွားရေးဌာ န ကျွမ်းကျင်သူ မိုင်ဘိုလာမှ ယူကရိန်းအစိုးရ သည် ၂ဝ၁၄ ခုနှစ်မှ စတင်၍ ကာကွယ်ရေးအ သုံးစရိတ်ကို တိုးမြှင့်သုံးစွဲလျက် စတုတ္ထမျိုးဆက် တိုက်လေယာဉ် ၇၁ စီးနှင့် တင့်ကားနှင့် သံချပ် ကာ ၄၁၄၂ စီး ရရှိထားကြောင်း ဝန်ခံထား သည်။
.
ရုရှားနိုင်ငံ ပြိုကွဲ ပျက်စီးသွားနိုင်
.
အကယ်၍သာ ယူကရိန်းအား သိမ်းပိုက်ခဲ့ မည်ဆိုပါလျှင် ရုရှားတို့ လိုအပ်သော အရင်း အမြစ်များ မရနိုင်သကဲ့သို့ အရုပ်ဆိုး အကျည်း တန်မှုနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်ကာ ကြာရှည် သည့် ယူကရိန်းပျောက်ကြားတို့၏ ခုခံတော်လှန် ရေးနှင့် ရင်ဆိုင်ရကာ ရုရှားဖို့မှ အရှုံးဖြင့်လက် ဝယ်ပိုက်ရ၍ အနောက်နိုင်ငံများ၏ တုံ့ပြန်လာ မှုကို ခံရမည်ဖြစ်သည်။ အနောက်နိုင်ငံတို့၏ စီး ပွားရေး ပိတ်ဆို့မှုကြောင့် ရုရှားတွင်ဒေဝါလီခံ ရလုနီးပါးသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ရုရှားသည် အရှေ့ဥရောပရှိ ဆိုဗီယက်အင်ပါယာ အားလုံးအား ပြန်လည်သိမ်းပိုက် ရန်အတွက် ယူကရိန်းအား ရန်စမှုမှာ ပထမခြေလှမ်းဖြစ်ကြောင်း NATO မှ သုံးသပ်ထားသည်။ အင်ပါယာပြန် လည်ထူထောင်ရန် ရုရှားတို့ ဆက်လက်၍ ကြိုး ပမ်းနေမည်ဆိုပါက လက်နက်ကြီးငယ်များကို ထပ်မံတပ်ဆင် နေမည်ဆိုပါက ရုရှားနိုင်ငံသည် အလိုလိုနေရင်းဖြင့်ပင် ပြိုလဲပျက်စီးကာ ကမ္ဘာ့ မြေပုံပေါ်တွင် ရှာမရတော့သည့် အနေအထား သို့ ရောက်ရှိသွားနိုင်သည်။ စစ်အေးကာလအ တွင်း ရုရှားသည် အနောက်နိုင်ငံများနှင့် စစ် ရေးအသုံးစရိတ် ယှဉ်ပြိုင်အသုံးပြုနိုင်ရန် ကြိုး ပမ်းခဲ့ခြင်းကြောင့် ကွန်မြူနစ်တစ်ခုလုံး ကမ္ဘာ မြေပေါ်မှ ပျောက်ကွယ်သွားရတော့သည်။
.
နိဂုံးချုပ်ရသော် ရုရှားနှင့် ယူကရိန်းတို့ သည် ရင်ဆိုင်စစ်ဆင်နွှဲနိုင်သော်လည်း ယူက ရိန်းတွင် စစ်အင်အား လွန်စွာနည်းပါးလျက်ရှိ နေပါကြောင်း စစ်ဖြစ်ခဲ့မည် ဆိုလျှင်လည်း။
.

Recent Tube