နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့် တူမီးသေနတ် ၂ လက် ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့် တူမီးသေနတ် ၂ လက် ဖမ်းဆီးရမိ


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာတွင် ဒီဇင်ဘာ ၁၁ ရက်က မသင်္ကာဖွယ် နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တူမီးသေနတ် ၂ လက် ဖမ်းဆီးရမိခဲ့ကြောင်း နောင်ချိုမြို့မ ရဲစခန်းမှ သိရှိရသည်။  
.
 
.
နောင်ချိုနှင့် ကျောက်မဲစရဖတို့နှင်အတူ စကခကွန်မန်ဒိုတပ်ဖွဲ့၊ ပူးပေါင်းအဖွဲ့တို့သည် နောင်လင်ကျေးရွာရှိ ဦးဖိုး သူ၏နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများ၊ သုံးစွဲရာတွင်အ သုံးပြုသည့် ပစ္စည်းများနှင့်အတူ တူမီးသေနတ် ၂ လက်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
“မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေရာကနေပြီးတော့ တူမီးသေနတ်တွေပါ ဖမ်းဆီးရမိခဲ့တာပါ”ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
.
အဆိုပါ ဖမ်းဆီးရမိမှုတွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၂၀၈၁ ပြား၊ အလေးချိန် ၁၈၇ ဒသမ ၂၉ ဂရမ်၊ ကာလတန်ဖိုး ၄၁၆၂၀၀၀ ကျပ်၊ မူးယစ်ဆေးသုံးစွဲရာတွင်အသုံးပြုသည့် ခဲလိပ်နှင့် သစ်သားဖြင့် ပြုလုပ် ထားသော တူမီးသေနတ် ၂ လက်နှင့်အတူ တွေ့ရှိသူ ဦးဖိုးသူအား နောင်ချိုမြို့မရဲစခန်းက မယ (ပ)၈၈/၂၀၁၈၊ မူးစိတ်ပုဒ်မ ၁၉(က)၊ လက်နက်ပုဒ်မ ၂၂(ခ) ဖြင့် အရေးယူထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats