ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလမှစတင် ၍ ယခုနှစ် နိုဝင်ဘာလ ၁၆ ရက်အ ထိ ပြည်ပသို့
ကျွဲနွားများကို တရားဝင် တင်ပို့ရာမှ အမေရိကန်ဒေါ်လာ သန်း ၂၆ဝ ကျော် ရရှိထားကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
.
.
ပြည်ပသို့ တရားဝင် တင်ပို့ခွင့်ပြု ခဲ့သည့် ကျွဲ၊ နွားအရေအတွက်မှာ
ကျွဲ ၂၈၆၃၂ ကောင်၊ နွား ၁၈၆၇ဝ၁ ကောင် တင်ပို့ခဲ့ပြီး တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၂၆၁
ဒသမ ၂၆၄ သန်း ရရှိခဲ့ကြောင်းနှင့် ရောဂါကင်းရှင်း သည့် ကျွဲ၊နွားများတင်ပို့နိုင်ရေး
အတွက်ကိုလည်း တရုတ်နိုင်ငံ ယူနန် ပြည်နယ်ရှိ ကုန်ပစ္စည်း အရည်အသွေး ထိန်းချုပ်ရေး၊ စစ်ဆေးရေးနှင့်
ပိုးမွှား ကင်းစင်ရေးအထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့နှင့် မြန်မာနိုင်ငံမွေး မြူရေးနှင့်
ကုသရေး ဦးစီးဌာနတို့အ ကြား နားလည်မှု စာချွန်လွှာ ရေးထိုး နိုင်အောင် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း
သိရသည်။
''ပြည်ပကို တင်ပို့တဲ့နေရာမှာ တော့ တရားဝင်လမ်းကြောင်းရော၊ တရားမဝင်
လမ်းကြောင်းရော နှစ်ခု စလုံးကနေ တင်ပို့နေကြတာပါ။ အဲဒါကြောင့် တရားမဝင် တင်ပို့မှုတွေ
လျော့ကျသွားစေဖို့အတွက် စီးပွားကူးသန်း အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတာတွေ ရှိပါတယ်။
အခုဆိုရင် ရှမ်းပြည်နယ်က တာချီလိတ်နဲ့ ကျိုင်းတုံ မြို့တွေမှာ ပို့ကုန်လိုင်စင် ထုတ်ပေးနိုင်ဖို့
စီစဉ်နေပါတယ်။ ရည်ရွယ်ချက်ကတော့ တရားမဝင် တင်ပို့မှုကိုလျှော့ ချနိုင်သလို နိုင်ငံတော်
အတွက်လည်း အခွန်အခတွေ တိုးလာစေဖို့အတွက် ပါ''ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး
ဝန်ကြီးဌာန၊ ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က
ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
မြန်မာနိုင်ငံမှ ကျွဲနွားများအား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့
၈၆၄၆၆ ကောင် တရားမဝင် တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံများသို့လည်း
တရားမဝင် တင်ပို့ခဲ့ကြောင်း သိရသည်။
.
ကျွဲ၊ နွားအရှင်များအား ပြည်ပသို့ တရားမဝင် တင်ပို့မှုလျော့နည်းစေရေး
နိုင်ငံ၏ ပို့ကုန်ဝင်ငွေနှင့် အခွန်တိုး မြှင့်နိုင်စေရေး၊ တရားဝင် တင်ပို့ခြင်း အားဖြင့်
နိုင်ငံတော်မှ ရသင့်ရထိုက် သည့် အခွန်အခများ ရရှိစေရေး၊နယ် စပ်ဖြတ်ကျော် ကူးစက်ရောဂါများအား
ထိန်းချုပ်စေနိုင်ရေးအတွက် ပြည်ပ ရောင်းချခွင့်ကို ၂ဝ၁၇ ခုနှစ် အောက် တိုဘာလ ၉ ရက်နေ့က
ခွင့်ပြုပေး ထားကြောင်း သိရသည်။
.
ယင်းကဲ့သို့ ပြည်ပသို့ တင်ပို့ခွင့် ပြုရာမှာ အသက် ၅ နှစ်နှင့်အထက်
ကျွဲနွားများကိုသာ တင်ပို့ခွင့် ပြုထား ပြီး နွားထီးပို့မည်ဆိုပါက သင်းကွပ် ပြီးမှသာ
တင်ပို့စေခြင်းဖြစ်ကာ ကျွဲ၊ နွားများအား ဒေသတစ်ခုမှ တစ်ခုသို့ သယ်ဆောင်ရာတွင် လူကို
ကူးစက် အန္တရာယ်ဖြစ်စေသည့် ရောဂါများ မ ဖြစ်ပွားစေရန်အတွက် တိရစ္ဆာန်ကျန်း မာရေး ထောက်ခံချက်လက်မှတ်
ဗီံ။ဏဃ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ်များ၊ တရား ဝင် ကိုင်ဆောင်၍ သယ်ယူခွင့်ပြုခြင်း၊
သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၏ နွားပွဲဈေးအရောင်းအ ဝယ် လက်မှတ်ကိုင်ဆောင်ကာ
သယ် ဆောင်ခွင့်ပြုခြင်းများ ဆောင်ရွက် ထားကြောင်း သိရသည်။
.
ယခုနှစ် တိရစ္ဆာန်ကောင်ရေ စာ ရင်းကောက်ယူခြင်း ရှေ့ပြေးစီမံကိန်း
အကောင်အထည်ဖော် ဆောင်ရွက်မှု ကိန်းဂဏန်းအရ မြန်မာနိုင်ငံတွင် ကျွဲ ၁၈ သိန်း၊ နွား ၉၇
သိန်းရှိကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan