တောင်ကြီး- အေးသာယာ အဆင်းလမ်းတွင် တပ်မတော်မော်တော်ယာဉ်တစ်စီး တိမ်းမှောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး- အေးသာယာ အဆင်းလမ်းတွင် တပ်မတော်မော်တော်ယာဉ်တစ်စီး တိမ်းမှောက်

စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာအဆင်းလမ်း၊ ပစောက်ကွေ့ အနီးတွင် ယနေ့ ဒီဇင်ဘာလ ၂၄ ရက်၊ ညနေ ၃ နာရီခွဲခန့်က တပ်မတော် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.
.
“တပ်က ယာဉ်တစ်စီး မှောက်တယ်။ ဒဏ်ရာရရှိမှုတော့ ကြီးကြီးမားမား မရှိဘူး။ ပွန်းရုံပဲ့ရုံ လောက်ပဲ ရှိပါတယ်။ တိတိကျကျတော့ မသိရသေး။ မော်တော်ယာဉ်ဥပဒေ အရ အရေးယူမှာပါ" ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး မျိုးဇော်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအား မော်တော်ယာဉ်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats