ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ပြည်တွင်းအရက်ချက်စက်ရုံများအား ရေဆိုးစွန့်ပစ်စနစ်လုပ်ဆောင်ရန်အတွက်
၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် အပြီးသတ်ဆောင်ရွက်ရန် ညွှန်ထားပြီးဖြစ်သော်လည်း ရေဆိုး စနစ်တကျ
စွန့်ပစ်မှု လုပ်ဆောင်ရန် အတွက် မြေနေရာ အကျယ်အဝန်း လုံလောက်မှု မရှိခြင်း၊ ကုန်ကျစရိတ်
နှင့် နည်းပညာ အခက်အခဲများ ရှိ နေကြောင်း သိရသည်။
.
.
''ရေဆိုးစွန့်ပစ်မှု လုပ်ဆောင် ဖို့အတွက် မြေနေရာအကျယ်အဝန်း လိုအပ်တယ်။
စက်ရုံတွေကလည်း အကုန်လုံး အခက်အခဲတွေ ရှိနေ ကြတယ်။ ဒီလုပ်ငန်းလုပ်ကိုင်ဖို့အတွက် အများကြီး
ရင်းနှီးထားရတာလေ။ ရေဆိုးစွန့်ပစ်တာကို တရား ဝင်လုပ်ဆောင်ဖို့ သတ်မှတ်ထား ပြီးသားပါ။
အဲဒါကို မလုပ်ဆောင် နိုင်ဘူးဆိုရင်တော့ စက်ရုံ ပိတ်သိမ်း ရမယ့်အခြေအနေလိုဖြစ်နေတယ်။
ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးကလည်း အခက်အခဲဖြစ်သွားနိုင်တယ်'' ဟု လိမ္မော်ဖြူအရက်ချက်စက်ရုံမှတာ
ဝန်ရှိသူတစ်ဦးက ပြောသည်။
အရက်ချက်စက်ရုံများတွင် ရေ ဆိုးစနစ်တကျ စွန့်ပစ်မှုလုပ်ဆောင် ရန်အတွက်
အဓိကကြုံတွေ့နေရသည့် အခက်အခဲမှာ စက်ရုံမြေနေရာ အကျယ်အဝန်းအပြင် ရင်းနှီးမြှုပ်နှံမှု
ပမာဏကြီးမားခြင်းတို့ဖြစ်ကြောင်း သိရသည်။
.
အရက်ချက်စက်ရုံများ၏ ရေဆိုး စွန့်ပစ်ခြင်းကို လုပ်ငန်းရှင်များအနေ
ဖြင့် လိုက်နာဆောင်ရွက်ရမည် ဖြစ် သော်လည်း ယင်းလုပ်ငန်းမှာ ငွေကုန် ကြေးကျ များပြားခြင်း၊
အချိန်ကာလ အတိုင်းအတာတစ်ခု လိုအပ်ခြင်းတို့ ကြောင့် စက်ရုံလုပ်ငန်းရှင် တချို့ အ ခက်အခဲဖြစ်
နေရခြင်းကို အသင်း အနေဖြင့် နိုင်ငံတော်အကြီးအကဲများ နှင့် သက်ဆိုင်ရာ ဌာနများထံသို့
အကျိုးအကြောင်း ပြည့်စုံစွာ ဖော်ပြပြီး အသနားခံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
.
''ရေဆိုး စနစ်ကတော့ အမှန်တ ကယ်ကို လိုအပ်နေတာပါ။ စက်ရုံ က ထွက်တဲ့
အနံ့တွေကြောင့် ကျွန် တော်တို့ ပြည်သူတွေ စားမဝင်အိပ် မပျော်တာတွေဖြစ်ရပါတယ်။ ခေါင်း
ကိုက်ပြီး အသက်ရှူကြပ်တာတွေ ဖြစ်ရပါတယ်။ ဒီစက်ရုံက အရင်က လည်း အနံ့တွေထွက်တယ်။ ဒီနှစ်မှာ
တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်လာတာပါ။ စက်ရုံက စွန့်ပစ်တဲ့ ရေဆိုးတွေကြောင့်
လယ်ယာတွေ ပျက်စီးတယ်။ ရေချိုးရေခပ် လုပ်နေတဲ့ ရေချောင်းလေး ပျက်စီးသွားတယ်။ သူ တို့
စွန့်ပစ်လိုက်တဲ့ရေဆိုးတွေက လယ်ကွက်တွေထဲအထိ ရောက်လာ တဲ့အခါ ထိမိတဲ့တောင်သူတွေ ယား
နာပေါက်တာမျိုး ဖြစ်ပါတယ်''ဟု တောင်ကြီးမြို့နယ်၊ ဖက်နမ်ကျေး ရွာနေ ဒေသခံပြည်သူ ဦးဝင်းမောင်
က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်း၌ လက်ရှိ လည်ပတ်နေသည့် အရက်ချက်စက် ရုံပေါင်း
၃၇ ရုံရှိပြီး ယင်းအနက် ရေ ဆိုးစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ လက်ရှိတွင်လုပ်ဆောင်မှု ပြီးစီးသည့်
စက်ရုံမှာ အနည်းငယ်သာရှိသေး ကြောင်းနှင့် ရှမ်းပြည်နယ်၌လည်း အ ရက်ချက်စက်ရုံ ၇ ရုံရှိရာ
၂ ရုံသာ လည်ပတ်လျက်ရှိပြီး ယင်းစက်ရုံ များအား ရေဆိုးစနစ်ပြုလုပ်ရန်ညွှန်ကြားထားပြီးဖြစ်ကြောင်းသိရသည်။
.
အရက်ချက်စက်ရုံ လည်ပတ်ပြီ ဆိုပါက ရေဆိုးစွန့်ပစ်မှုကိစ္စများကို လုပ်ဆောင်ရန်အတွက်
ညွှန်ကြား ထားပြီး အစိုးရမှ ရေဆိုးစနစ်လုပ် ဆောင်ရန် အတွက် လုပ်ငန်းရှင်များ သို့ လာမည့်
၂ဝ၁၉ ခုနှစ် ဇန်နဝါ ရီလအထိ နောက်ဆုံးလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan