လမ်းလျှောက်ကြပါစို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လမ်းလျှောက်ကြပါစို့


ကျော်လှ (ကျိုင်းတုံမြေ)
.

.
''စောစော အိပ်လို့၊ စောစော ထလို့၊ စော စောလမ်းလျှောက်ကြပါစို့'' ဟူသော ဂီတသံစဉ် သည်ကား မြန်မာ တစ်မျိုးသားလုံး ကျန်းမာကြံ့ ခိုင်ရေးအတွက် ကျွန်ုပ်တို့ နှလုံးအိမ် အသိစိတ် ကို လှုံ့ဆော်နှိုးဆွပေးနိုင်သော ဂီတ သံစဉ်လေး ပင် ဖြစ်ပေသည်။ ဤဂီတ သံစဉ်အား မြန်မာ့ ရေဒီယိုဆီမှ တစ်မျိုး၊ မြို့ပေါ်ရပ်ကွက်လမ်းမကြီး များပေါ်မှ မော်တော်ယာဉ်များဖြင့် လှည့်လည်လျက် အသံချဲ့စက်ကြီးများဖြင့် တစ်ဖုံ ယခုလို ဆောင်းရာသီ နံနက်ခင်း၏ အခါသမယများတွင် ငွေရေဝင် ဆောင်းနှင်းပွင့်ကလေးများဖြင့် အတူ ယှဉ်တွဲလျက် ထွက်ပေါ်လာခဲ့ရသော ဂီတသံ စဉ်လေး ပင်တည်း။ ဤဂီတသံစဉ်လေးအား ကြားလိုက်ရသည်နှင့်ပင် ကျွန်ုပ်တို့ ပြည်သူ တစ် ရပ်လုံးတို့ နိုးထကြသည်။ တက်ကြွကြသည်။ ရှိသမျှ အားမာန် အပြည့်ဖြင့် မာန်ဟုန်ဝင့်ကြွား ပါဝင်လှုပ်ရှားကြတော့သည်။ ဤသည်ကား ကျွန်ုပ်တို့ တစ်မျိုးသားလုံးတို့၏ ကျန်းမာကြံ့ခိုင် စေဖို့ရာအတွက် တက်ကြွသော လမ်းလျှောက်ပွဲ တော်ကြီးအား တပျော်တပါး တစိတ်တဝမ်းဖြင့် ပါဝင် ဆင်နွှဲကြခြင်းပင်တည်း။
.
ဤလမ်းလျှောက်ခြင်းသည်ကား ရာသီချိန် ခါအလိုက် မှန်မှန် ပြုလုပ်လေ့ရှိကြသည် မှန် သော်လည်း ယခုလို ငွေနှင်းဖြူများ ကြဲဖြန်းထားသော ဆောင်းခါမှီ၏ နံနက်ခင်းချိန်ခါတွင် ပြု လုပ်ကြခြင်းသည်ကား ပိုမိုပီပြင်သည်။ ပိုမိုလေး နက်သည်။ ပိုမို စိတ်အားတက်ကြွဖွယ် ကောင်းလေစွဟု ဆိုချင်ပါသည်။ ယခုလို နံနက်ခင်း ဆောင်းအလှ၏ သာယာရှုမောဖွယ်ရာ ချိန်ခါသမယ၌ လမ်းလျှောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ကိုယ် စီစိတ်နှလုံးအား သာယာကြည်နူးရွှင်ပြုံးစေမည်မှာ အမှန်ပင် ဖြစ်ပါ၏။ လမ်းလျှောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ ကျန်းမာရေးအတွက် သာမက လူ မှုရေးရာအဖြာဖြာ အရပ်ရပ်တို့ပါ လေးနက်တန် ဖိုးရှိစေမည် ဖြစ်သောကြောင့်လမ်းလျှောက်ခြင်း သည် ငွေကြေးတစ်စုံတစ်ရာ ရင်းနှီးကုန်ကျစရိတ် မလိုဘဲ ကျွန်ုပ်တို့၏ ကာယသုခနှင့် စိတ္တသုခ တည်းဟူသော နှစ်ဖြာသော အကျိုးအား ပြိုင် တူယှဉ်တွဲပေးနိုင်စွမ်း ရှိပါ၏။
.
ကာယသုခဖြစ်သော ကျန်းမာရေးအရာ၌ကား ကိုယ်ခန္ဓာ သွေးလည်ပတ်မှု စနစ်အား ကောင်းမွန်စေခြင်း၊ ဦးနှောက်နှင့်တကွ ခန္ဓာကိုယ် တစ်ခုလုံးရှိ ဆဲလ်နှင့် အာရုံကြောများတို့အား ဖွံ့ဖြိုးလန်းဆန်းစေခြင်းတစ်နည်း အားဖြင့်အာရုံ ငါးပါး စနစ်အားတို့ကိုပါ လန်းဆန်းဖွံ့ဖြိုးစေခြင်း၊ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် မလိုလားအပ် သော အဆီနှင့် ကိုလက်စထရော ဒြပ်ပေါင်းတို့ အား ဖယ်ရှားသန့်စင်ပေးနိုင်ခြင်း။ အစာကို ကောင်းမွန်ကြေညက်စေခြင်း၊ နှစ်ခြိုက်စွာ အိပ် ပျော်နိုင်ခြင်း၊ အာဟာရဓာတ်များတို့အား မှီဝဲစား သောက်လိုစိတ် ရှိလာခြင်း၊ အကြောအဆစ်နှင့်ြ<ွကက်သားများတို့အား သန်မာသွက်လက်လာ စေခြင်း စသည့်လူသားတို့အတွက် တန်ဖိုးမဖြတ် နိုင်လောက်သော ကျန်းမာရေး အကျိုးတရား များတို့အား ရရှိစေကြကာ နှလုံးရောဂါ၊ သွေး တိုးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ စသည့် ရောဂါရပ်များ တစ်ခုခုအား ကြုံတွေ့ခံ စားနေကြရသူများအဖို့လည်း ဤကဲ့သို့ နေ့စဉ် အချိန်မှန်မှန် လမ်းလျှောက်လေ့ကျင့်ပေးခြင်းဖြင့် ¤င်းတို့ လက်ငင်းကြုံတွေ့ ခံစားနေကြရသော ရောဂါရပ်များတို့အား တဖြည်းဖြည်း လျော့နည်း ပပျောက်စေကာ တစ်နေ့တစ်ခြား ကျန်းမာရေး သုခဖြင့် ပိုမိုပြည့်စုံ ခံစားကြရမည်မှာ လက်တွေ့ ဧကန်ပင် ဖြစ်ပါ၏။ ဤတွင် လမ်းလျှောက် လျက် လေကောင်းလေသန့်များတို့ကိုပါ စူးစိုက် ရှူရှိုက်ကြရသဖြင့် အဆုတ်နှင့် အသက်ရှူလမ်း ကြောင်း တစ်လျှောက်တို့အား လန်းဆန်းအား ကောင်းစေကာ ပန်းနာရင်ကြပ် ရောဂါခံရှိသူများ ကိုပါ ဤရောဂါမှ လျော့နည်းပပျောက်စေမည်သာ ဖြစ်ပေသည်။
.
ကျွန်ုပ်တို့သည် ကြိုက်သလိုစား၍ နှစ်ခြိုက်သလို အိပ်နေပြီး သင့်တော်လျောက်ပတ်သည်။ တစ်စုံတစ်ခုသော ကိုယ်လက်လှုပ်ရှားမှု အား မပြုလုပ်မိခဲ့ပါက နောင်တစ်ချိန်ချိန်တွင် အဆိုပါ ရောဂါရပ်ကြီးများထဲမှ တစ်ခုမဟုတ် တစ်ခုတော့ မိမိခန္ဓာကိုယ်ထဲဆီသို့ အလွယ်တကူ စွဲကပ်ဝင်ရောက်လာနိုင်သည်ကို အသိတရားဖြင့် သတိထား၍ အထူးသတိချပ် ဆင်ခြင် ကြရပေမည်။
.
ဤတွင် ကိုယ်လက်လှုပ်ရှား အားကစားအ မျိုးမျိုးတို့မှာ ကျားမနှင့် အသက်အရွယ်တို့ဖြင့် လျော်ညီအောင် ပိုင်းခြား၍သာ လေ့ကျင့်ကစား ကြရသည် ဖြစ်သော်လည်း လမ်းလျှောက်ခြင်း မှာမူကား အယုတ်အလပ် အမြတ်အရွေး၊ အရွယ်သုံးပါး မရွေး၊ ဥတုရာသီမရွေး မည်သည့် အကူပစ္စည်းမျှ မလိုအပ်ဘဲ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးသော ကျန်းမာရေး လေ့ကျင့်ခန်း လက်နက်ကောင်း တစ်ခုဖြစ်ကြောင်းကို ကမ္ဘာတစ်လွှားလုံးရှိ လူသားတို့ ကိုယ်စီက လက်ခံပေးထားကြပါ၏။ ဤသည်ကြောင့်ပင် လူ့သက်တမ်း အရှည်ဆုံးအဖြစ် စံချိန်တင် သော ဂျပန်ပြည်သားတို့သည် မိမိတို့လုပ်ငန်း ခွင်အရာ၌ ကိုယ်ရောစိတ်ပါ ဇောက်ချနှစ်မြှုပ်၍ ကြိုးပမ်းလုပ်ကိုင်ကြသော်လည်း မိမိတို့၏ အ လုပ်နား အပ်လပ်ချိန်လေး၌ စိတ်ပြေလက် ပျောက် လမ်းလျှောက်ပေးခြင်းကိုမူ အချိန်မှန်စွာ တလေးတစားဖြင့် အလေးထားကာ လေ့ကျင့်ပေး ကြသည်ဟူ၏။ ဤသို့ကျန်းမာ ကြံ့ခိုင်သော ပြည်သူ့အားတို့ဖြင့်ပင် ကမ္ဘာ့အလယ်တွင် ဝင့် ထယ်နိုင်သည့် ခေတ်မီဂျပန်ပြည်ကြီးကို တည် ဆောက်ပေးနိုင်ခဲ့ကြလေပြီ မဟုတ်ပါလား။
.
ဘာသာရေးဘက်ဆီမှ လေ့လာကြည့်ပြန် ရင်လည်း ဗုဒ္ဓဘုရားရှင်၏ နိဗ္ဗာန်ရောက်ကြောင်း ဝိပသနာ တရားတော် ကျင့်စဉ်တွင် ''အိပ်ထိုင် ရပ်သွား ဣရိယာပုဒ်လေးပါး''တွင်း လမ်း လျှောက်ကြွချီ လျက်ပင် ဘဝနာတရားတော်ကို အားထုတ်ရှူမှတ်နိုင်ကြောင်းကိုပါ အတိအလင်း ညွှန်ပြထားပေသည်။ ထို့ကြောင့် ဘာသာရေး ကိုင်းရှိုင်းသူများ အဖို့လည်း လမ်းလျှောက်ရင်းပင် ကာယနုပဿနာ သတိပဌာန် တရားများအား ပွားများကာ သတ္တဝါဝေနေယျ အပေါင်းတို့အား မေတ္တာဘာဝနာများ ပွားများလျက် ထူးမြတ်လှ စွာသော ကုသိုလ်တရားတို့ကိုပါ အမိအရလှမ်း ယူနိုင်ကြပေမည်တည်း။
.
လမ်းမှန်မှန်လျှောက်ခြင်းဖြင့် ဝဖြိုးနေသူ များတို့အား အသားအရေ ကျစ်လျစ်လာစေပြီး ပိန်ရှုံ့နေသူတို့အားလည်း ကျန်းမာဝဖြိုးအလှတိုး စေမည်သာ ဖြစ်၏။ လူတစ်ဦးဦးသည် ကိုယ် ရောစိတ်ပါ နွမ်းလျရှုပ်ထွေးနေပါက ပတ်ဝန်း ကျင် သန့်ရှင်းသာယာမှုရှိ၍ လေကောင်းလေ သန့်ကို ရရှိစေနိုင်သော တစ်နေရာရာ၌ စိတ်ပြေ လက်ပြေလမ်းလျှောက်ရင်း အပန်းဖြေလိုက်ပါ က သူ့၌ ခံစားနေရသော ကိုယ်စိတ် အမူအရာ အခြေအနေများ ရုတ်ချည်းပြောင်းလဲသွားကာ ပြန်လည်လန်းဆန်း ပေါ့ပါးသွက်လက်လာရမည် မှာ ဧကန်အမှန်ပင် ဖြစ်ပေ၏။ လမ်းလျှောက် ပေးခြင်းဖြင့် အိုမင်းရင့်ရော် စေသော ကိုယ်ခန္ဓာ ဆဲလ်ကလပ်စည်းများတို့အား ချေဖျက်ပေးနိုင် လျက် ၄င်းနေရာများတွင် ဆဲလ်ကလပ်စည်း သစ်များတို့အား အစားထိုး တည်ဆောက်ပေး နိုင်ခြင်းကြောင့် လမ်းလျှောက်ခြင်းသည် ကျွန်ုပ် တို့ ခန္ဓာကိုယ်ကြီးအား အစဉ်နုပျိုလန်းဆန်းမှုကို ပေးနိုင်စွမ်းရှိသော ကမ္ဘာပေါ်တွင် အကောင်းဆုံး သော မအိုဆေးတစ်ခွက် ဖြစ်ကြောင်းကိုပါ ကမ္ဘာ့ဆေးသိပ္ပံ သုတေသီများတို့က လက်တွေ့ ပြုလုပ် ထောက်ခံမှု ပေးထားကြပေသည်။
.
ဤသို့အားဖြင့် လမ်းလျှောက်ခြင်းသည် ဦး နှောက်ဆဲလ် ကလပ်စည်းများတို့အား အစဉ် သစ်လွင် ဖွံ့ဖြိုးစေ၍ စိတ်ဓာတ်အင်အား တက်ကြွကာ သက်လုံကောင်းစေခြင်းကြောင့် ငယ် ရွယ်သူများအား ပင်ကိုယ်ဉာဏ်စွမ်းရည် ပိုမိုခိုင် ခန့်မြင့်မား အားကောင်းစေကာ အသက်အရွယ် ကြီးရင့်သူများအဖို့လည်း ဦးနှောက်မှတ်ဉာဏ် စွမ်းရည်အား ပိုမိုခိုင်မြဲစေနိုင်သည့် အလျောက် အရွယ်ကြီးရင့်သူများ၏ သူငယ်ပြန်မေ့လျော့မှု ပြဿနာ (အယ်လ်ဇိုင်းမားရောဂါ)ရပ်ကိုပါ ကာ ကွယ်တားဆီးနိုင်ပေမည်။ ¤င်းအပြင် လမ်း လျှောက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်လျက် မိမိတို့ ၏ လုပ်ငန်းဆောင်တာများကိုပါ တစ်စိုက်မတ် မတ် လုပ်ဆောင်နိုင်စွမ်း ရှိမည်ဖြစ်၍ အခြားတစ် ဖက်၌လည်း ''ကျွဲကူးရေပါ''ဆိုသလို လူမှုရေး ရာ အဖြာဖြာတို့၌ လည်းကောင်း၊ စီးပွားရေး ကျ အဖက်ဖက်တို့၌ လည်းကောင်း ဆထက်တံ ပိုး စွမ်းဆောင်ပြည့်စုံလာနိုင်မည်မှာလည်း မုချ ဧကန်ပင် ဖြစ်ပါ၏။
.
ကျွန်ုပ်တို့ မြန်မာပြည်၌ ယခုလို ငွေနှင်းတွေ ဝေသော ဆောင်းချမ်းမြမြ  ဒီဇင်ဘာလချိန်ခါ တွင် ရာသီဥတုနှင့် သဘာဝအခြေအနေရပ်များ အထူးပင် အေးချမ်းသာယာ လှသဖြင့် တစ်မျိုး သားလုံးတို့၏ လူထုအားကစားလအဖြစ် သတ် မှတ်ပေးထားကာ မြန်မာပြည်တစ်လွှား တစ်နံ တစ်လျားအသီးသီးရှိ အမြို့မြို့ အနယ်နယ် အ ရပ်ရပ်တို့ဆီ၌ ဤဒီဇင်ဘာ အားကစားလပွဲ တော်ကြီးအား နည်းစုံဘက်စုံဖြင့် အစဉ်ကျင်းပ ဆင်နွှဲကြမြဲဖြစ်ရာ ဤလမ်းလျှောက်ပွဲတော်ကြီး မှာကား လူထုတစ်ရပ်လုံးတို့က တစည်းတလုံး တည်း အများဆုံး တက်ညီလက်ညီဖြင့် တစ် တပ်တစ်အား ပါဝင်ဆင်နွှဲကြရာ ပွဲတော်ကြီးတစ် ရပ်ပင် ဖြစ်ပေ၏။ ထို့ကြောင့်ပင် ဤလမ်း လျှောက်အားကစား ပွဲတော်ကြီးအား အမျိုးသား စည်းလုံးမှု အင်အားကို ပြသသော ပွဲတော်ကြီး တစ်ရပ်အဖြစ် ရည်ညွှန်းပါက မမှားနိုင်သလို ဤသို့ အမျိုးသား အားကစားလမ်းလျှောက်ပွဲ တော်ကြီး၌ နိုင်ငံတကာဆီမှ နိုင်ငံရပ်ခြားသားတို့ ကပင် တပျော်တပါး အားတက်သရောဖြင့် ပါ ဝင်ဆင်နွှဲကြလေ့ ရှိရာမြန်မာအမျိုးသားတို့ တစ် စိတ်တစ်ဝမ်း စည်းလုံးမှု အင်အားတို့ကို ကမ္ဘာ တိုင်းရပ်ခြား တိုင်းတစ်ပါးတို့ကပင် လက်ခံအ သိအမှတ် ပြုပေးနေကြသည့် ပွဲတော်ကြီးတစ် ရပ်အဖြစ် ဆိုချေကလည်း မှန်ကန်ရာကျနိုင်ပေ မည်။
.
အလားတူစွာပင် မြန်မာ့သမိုင်း စာမျက်နှာ အား ပြန်လှန်ဆန်းစစ်ကြည့်ပါကလည်း ကမ္ဘာ တစ်လွှားတွင် ဗိုလ်ကျ စိုးမိုးနေခဲ့သည်။ နေမဝင် အင်ပါယာ နယ်ချဲ့အစိုးရတို့အား ရဲရဲဝံ့ဝံ့ ရင် ဆိုင်စိန်ခေါ်နိုင်ခဲ့သည့် (၁၃ဝဝ)ပြည့် ရေနံမြေအ လုပ်သမား အရေးတော်ပုံကြီးသည်လည်း ထို အချိန်ခါက အလုပ်သမား၊ လယ်သမား၊ ပြည် သူလူထုများ ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြ လျက် မိုင်ပေါင်း ၄ဝဝ ကျော် ကွာဝေးသည့်ရန် ကုန်မြို့အထိ တစ်မြို့ဝင်တစ်မြို့ထွက် လမ်း လျှောက်ချီတက်ခဲ့ကြကာ မြန်မာတို့၏ သူ့ကျွန် မခံသတ္တိကို နယ်ချဲ့တို့အား ရဲရင့်ပြတ်သားစွာ ပြသပေးနိုင်ခဲ့သည့် သမိုင်းစာမျက်နှာပေါ်မှ အထူးထင်ရှား ဂုဏ်ယူဖွယ် ကောင်းသော အမျိုး သားလမ်းလျှောက် ချီတက်ပွဲတော်ကြီးပင်တည်း။
.
ခြုံ၍ ပြောရပါလျှင် လမ်းလျှောက်ခြင်းဖြင့် ဘဝ ပြဿနာရပ်များအတွက် အရေးပါအလေး ထားရမည့် ရောဂါရပ်ကြီးများတို့အား မိမိခန္ဓာ ကိုယ်ထဲသို့ မစွဲကပ် မဝင်ရောက်ရလေအောင် ကြိုတင်ကာကွယ် တားဆီးပေးနိုင်သလို လက်ရှိ ကြုံတွေ့ဖြစ်ပွားနေရသည့် ရောဂါစုများတို့၏ လက္ခဏာအခြေအနေ ရပ်များတို့အားလည်း လျော့ပါး ပပျောက်သွားစေနိုင်မည်မှာ ဧကန်အ မှန်ပင် ဖြစ်ပေ၏။ ဤသို့ လမ်းမှန်မှန်လျှောက် ခြင်းဖြင့် ကျွန်ုပ်တို့၏ ကာယသုခနှင့် စိတ္တသုခ နှစ်ဖြာသော အကျိုးတရားတို့အား ချက်ချင်း လက်ငင်း ခံစားကြရမည် ဖြစ်သည့်အပြင် ဤ ကျန်းမာကြံ့ခိုင်သော ပြည်သူ့အင်အား အပေါင်း တို့ဖြင့် အမိမြန်မာပြည်ကြီးဘက်စုံဖွံ့ဖြိုး တိုးတက် စည်ပင်သာယာလာစေရေးအတွက်အုတ် တစ် ချပ် သဲတစ်ပွင့်ပမာ ကျရာအခန်းကဏ္ဍ အသီး သီးဆီမှ အားမာန်အပြည့်ဖြင့် ဆထက်ထမ်းပိုး ဝိုင်းဝန်းပါဝင် ထမ်းဆောင်သွားကြပါစို့ ဟူ၍ တိုက်တွန်းနှိုးဆော်လိုက်ရတော့သည်။
.
(ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံး လမ်း လျှောက်ခြင်းဖြင့် ကာယနှင့် စိတ္တနှစ်ဖြာသော သုခအကျိုးတို့အား ရယူပိုင်ဆိုင်နိုင်ကြပါစေ)
.
.
.
#KBZTai #Shan

Journal Download

Photo of three cats