ကုန်စည်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြရန်အတွက် အချိန်တိုးမြှင့်ပေးရန် လိုအပ်နေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကုန်စည်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြရန်အတွက် အချိန်တိုးမြှင့်ပေးရန် လိုအပ်နေဟု ဆို


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
စားသုံးသူ အကာအကွယ်ပေး ရေး ဗဟိုကော်မတီက ထုတ်ပြန်ခဲ့ သည့် ကုန်စည်များ ရောင်းချရာတွင် (၆) လအတွင်း မြန်မာဘာသာဖြင့် ဖော်ပြရမည်ဆိုသည့်အပေါ် အချိန် တိုးမြှင့်ပေးရန် လိုအပ်နေသည်ဟု ကုန်သည်အချို့မှ ပြောဆိုလျက်ရှိ သည်။
.
.
''၆ လအတွင်း ကုန်ပစ္စည်းအ ကုန်ကို မြန်မာဘာသာ ပြောင်းဖို့ ထုတ်လုပ်သူတွေ အနေနဲ့ အချိန် အားဖြင့် မလောက်နိုင်ပါဘူး။ အဲဒီ ကာလအတွင်း မကုန်နိုင်တဲ့ ပစ္စည်း တွေရှိနေရင် ဘယ်လိုလုပ်မလဲ။ ဒီ ကြားထဲမှာ ထုတ်လုပ်သူတွေရောင်း ချသူတွေ အနေနဲ့ အစိုးရဌာနနဲ့ တွေ့ ဆုံပြီး တိကျတဲ့လမ်း ညွှန်ချက်တွေ ညှိနှိုင်းမှုတွေ လုပ်ပြီးတော့ ဆောင်ရွက်စေချင်တယ်။ အဲလိုမှမဟုတ်ရင် ထိခိုက်နစ်နာတဲ့သူတွေ အရမ်းများသွားလိမ့်မယ်'' ဟုမူဆယ်မြို့ရှိကုန်သည် ဦးစိုင်းအေးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံစားသုံးသူအကာအကွယ်ရေးဗဟိုကော်မတီက ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက် တွင် ပြည်တွင်းရှိ ကုန်စည်များ ရောင်းချရာတွင် ၆ လအတွင်း မြန် မာဘာသာဖြင့်ဖော်ပြရမည်ဟု ထုတ် ပြန်ထားပြီး ဖြစ်ကြောင်း သိရသည်။
.
အဆိုပါထုတ်ပြန်ကြေညာချက် အရ စားသုံးသူများ ဘေးကင်းလုံခြုံ ရေးအတွက် အစားအသောက်၊  အီလက်ထရောနစ်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာ၊ပိုးသတ်ဆေး၊ အလှကုန်ပစ္စည်းများ၊ သွားတိုက်ဆေး၊ ဆပ်ပြာစသည့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ကုန်သွယ်ခြင်း တို့တွင် ¤င်း ပစ္စည်းကို သုံးစွဲပုံ၊ ထားသိုပုံ၊ ဓာတ် မတည့်ကြောင်းနှင့်အခြားသော သတိပေးချက်များ၊ ဘေးထွက်ဆိုး ကျိုးများကို မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာ၊ အခြားဘာသာ စကား တွဲလျက်ဖြစ်စေ ဖော်ပြပေးရ မည်ဟု မြန်မာနိုင်ငံစားသုံးသူအကာ အကွယ်ပေးရေး ဗဟိုကော်မတီက ထုတ်ပြန်ထားပြီး ယင်းအချက်များ ကိုလိုက်နာခြင်းမရှိသည့် စီးပွားရေး လုပ်ငန်းရှင်များကိုစားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေပုဒ်မ ၁၉ အရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့အချိန်လုံလောက် မှုမရှိသဖြင့် မြန်မာနိုင်ငံ လက်လီ ရောင်းချသူများအသင်း အနေဖြင့် ၂ နှစ် အချိန်တိုးမြှင့်ပေးရန်တောင်း ဆိုထားပြီး စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီအနေဖြင့် အကြောင်းပြန်ကြားပေးမည်ဟု ပြောထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats