ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ပြည်တွင်း၌ စက်သုံးဆီဈေး ပြန်လည်ကျဆင်းလာလျက်ရှိပြီး ထပ်မံ ကျဆင်းဖွယ်ရှိသောကြောင့်
အခြေခံလူတန်းစားများအတွက်အဆင်ပြေလျက်ရှိကြောင်းသိရသည်။
.
.
တောင်ကြီးမြို့၌ လွန်ခဲ့သည့် နို ဝင်ဘာလ ၁၉ ရက်က အောက်တိန်း ၉၂
တစ်လီတာလျှင် ၉၅၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁ဝ၇၃ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၁ဝ၅ ကျပ်၊
ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၁၃ဝ ကျပ် ရှိခဲ့ရာမှ ဒီဇင်ဘာလ ၇ ရက်တွင် အောက်တိန်း ၉၂
တစ် လီတာလျှင် ၈၉၅ ကျပ်၊ အောက် တိန်း ၉၅ တစ်လီတာလျှင် ၉၈၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင်
၁ဝ၃၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁ဝ၆ဝ ကျပ်အထိ ဈေးနှုန်းကျဆင်း သွားခဲ့ကြောင်း
သိရသည်။
''ဒေါ်လာဈေး ကျလာသလို စက်သုံးဆီဈေးလည်း ကျလာတော့ ကျွန်တော်တို့လို
အခြေခံလူတန်းစား တွေကတော့ ဝမ်းသာတာပေါ့။ ဈေးကျလာဖို့အတွက် ပြည်သူလူ ထုတွေအကုန်လုံး
မျှော်လင့်နေကြ တာပါ။ အခုလက်ရှိ ဈေးကတော့ ရောင်းချသူအတွက်ရော၊ သုံးစွဲတဲ့ သူတွေအတွက်ပါ
အဆင်ပြေတဲ့ ဈေး နှုန်းပါ။ ဒီထက်လည်း ဈေးက ထပ် ကျဦးမယ်လို့ ကြားနေရပါတယ်''ဟု တောင်ကြီးမြို့မှ
ဒေသခံ ကိုစိုင်းအေးက ကမ္ဘောဇတိုင်းသို့ ပြောကြား ခဲ့သည်။
.
တောင်ကြီး၌ ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်ကထက် အောက်တိန်း ၉၂
တစ်လီတာလျှင် ၆ဝ ကျပ်၊ အောက်တိန်း ၉၅ တစ် လီ တာလျှင် ၈၈ ကျပ်၊ ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင်
၇ဝ ကျပ်စီ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
.
ထို့အပြင်ပြည်ပ စက်သုံးဆီ
ဈေးနှုန်းများသည်လည်း အမေရိကန် ဒေါ်လာ ၁ မှ ၂ ဒေါ်လာအထိ ထပ်မံ ကျဆင်းကြောင်း စက်သုံးဆီဈေး
ကွက်အတွင်းမှ သိရသည်။
.
နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းက အောက်တိန်းတစ်လီတာ လျှင် ၂၅ ကျပ်မှ
၅ဝ ကျပ်နှင့် ဒီ ဇယ်တစ်လီတာလျှင် ၃ဝ ကျပ် ခန့် ကျဆင်းနေရာ ဆက်လက်ကျဆင်း လာခြင်းဖြစ်ပြီး
ဒီဇယ်ဈေးနှုန်းများ သည် အောက်တိန်းဆီများ ကျဆင်း ခဲ့စဉ်က မကျခဲ့ဘဲ ယခုနောက်ပိုင်းမှ
သာ ဆက်တိုက်ကျဆင်းလာခဲ့ခြင်း ဖြစ်သည့်အတွက် အောက်တိန်းဆီ ဈေးထက် ဆက်လက်ကျဆင်းနိုင်
ခြေပိုများကြောင်း သိရသည်။
.
ထို့ပြင် ယခုနောက်ပိုင်း အမေရိကန် ဒေါ်လာဈေးနှုန်းများ ပြန်လည် ကျဆင်းလာခြင်းကြောင့်
စက်သုံး ဆီဈေးနှုန်းများ ထပ်မံကျဆင်းလာ နိုင်ကြောင်း ¤င်းတို့ကဆိုသည်။
.
လက်ရှိ ပြည်ပစက်သုံးဆီဈေးမှာ အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန်ဒေါ်လာ
၅၉ ကျော်၊ အောက်တိန်း ၉၅ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၆ဝ ကျော်၊ ဒီဇယ် တစ်စည်လျှင် အမေရိကန်
ဒေါ်လာ ၇၂ ကျော်နှင့် အဆင့်မြင့် ဒီဇယ် တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၇၂ ကျော် ဈေးရှိကြောင်း
ဈေးကွက်အတွင်းမှ သိရသည်။
.
ပြည်တွင်း၌ လိုအပ်သော စက်သုံးဆီများအား စင်ကာပူနိုင်ငံမှ အဓိက မှာယူတင်သွင်းနေရခြင်းဖြစ်ပြီး
နိုင်ငံခြားဆီ ဈေးအတက်အကျ၊ အ မေရိကန်ဒေါ်လာဈေး အတက်အကျ ပေါ်မူတည်ကာ ပြည်တွင်းစက်သုံး
ဆီဈေး အနိမ့်အမြင့် အတက် အ ကျ ဖြစ်ပေါ်နေရခြင်းဖြစ်ပြီး နယ်မြို့များတွင် သယ်ယူပို့ဆောင်ရေး
စရိတ်များကြောင့် စက်သုံးဆီဈေး အနည်းငယ်ပိုနေကြောင်း သိရသည်။
.
.
.
#KBZTai #Shan