ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့ရှိ ဈေးများအတွင်း၌ရောင်းချ
နေသည့် ငါးပိနှင့် ငါးများတွင် ယင်မ နားဆေး သုံးစွဲ၍ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက
စားသုံးသူများအ တွက် ဘေးအန္တရာယ်ရှိသဖြင့် ပစ္စည်း များ သိမ်းယူကာ အရေးယူသွားမည် ဖြစ်ကြောင်း
ရှမ်းပြည်နယ် စားသုံးသူ ရေးရာဦးစီးဌာနမှ သိရသည်။
.
.
''ငါးပိနဲ့ ငါးတွေကို ယင်မနား ဆေး သုံးစွဲပြီး ရောင်းချနေတာက စား
သုံးသူတွေအတွက် အင်မတန်အန္တ ရာယ် ရှိပါတယ်။
ဘယ်ငါးပိတွေ၊ ဘယ်ငါးခြောက်တွေမှာ ယင်မနား ဆေး သုံးတာလဲဆိုတာ တပ်အပ်တော့ ပြောလို့မရဘူး။
စစ်ဆေး တွေ့ရှိရင် တော့ သိမ်းဆည်းမယ်၊ ဖမ်းမယ်ပေါ့။ တချို့ သုံးနေကြတယ် ဆိုတာတော့ ကြားထားတာတွေ
ရှိတယ်။ ဒါပေမဲ့ လက်တွေ့ မပြနိုင်ဘဲနဲ့ သွားဖမ်းလို့ မရသေးဘူး။ အဲဒီ ယင်မနားဆေးဆို
တာက ပိုးသတ်ဆေးလို အဆိပ်တစ် မျိုးပဲလေ။ ဘေးအန္တရာယ် တော်တော် ဆိုးတယ်။ ရောင်းချတဲ့ လူတွေက
လည်း မရောင်းသင့်သလို စားသုံးသူ တွေကလည်း ဝယ်မစားသင့်ပါဘူး'' ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦး မင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
အဆိုပါ ယင်မနားဆေးကို မည် ကဲ့သို့ သုံးစွဲကြောင်း ရောင်းချသူများ
က တိတိကျကျ ပြောကြားခြင်း မရှိ ဘဲ မျှင်ငါးပိ၊ စိမ်းစားငါပိများကို စစ်ဆေးမှသာလျှင်
ယင်မနားဆေး သုံး/ မသုံး စစ်ဆေးသိရှိ နိုင်မည်ဖြစ် ကြောင်း သိရသည်။
.
ငါးပိနှင့် ငါးများကို ဝယ်ယူစားသုံး နေကြသည့် ပြည်သူများအနေဖြင့်
ယင်မနားသည့် ငါးပိနှင့် ငါးများမှာ ယင်မနားဆေး သုံးစွဲနိုင်သဖြင့် ယင် နားသော်လည်း
သန့်ရှင်းလတ်ဆတ် သည့် ငါးပိနှင့် ငါးများကိုသာ ဝယ်ယူ စားသုံးသင့်ကြောင်း ¤င်းက ဆက်
လက်ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့ပေါ်တွင် မြို့မ ဈေး၊ စဝ်စံထွန်းဈေး၊ အမှတ် (၅)
ဈေး၊ ရဲဘော်ဈေး၊ ဘူတာဈေးဟူ၍ ဈေး ၅ ခု ရှိပြီး ငါးပိနှင့် ငါးများကို လက်လီ လက်ကား
ရောင်းချနေသူ အများအပြား ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan