ကျိုင်းတုံမြို့တွင် အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ်က လမ်းဘေးရှိ ဆိုင်ကယ်အား ဝင်တိုက်၍ ဆိုင်ကယ်မောင်းသူများ ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, December 30, 2018

ကျိုင်းတုံမြို့တွင် အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ်က လမ်းဘေးရှိ ဆိုင်ကယ်အား ဝင်တိုက်၍ ဆိုင်ကယ်မောင်းသူများ ဒဏ်ရာရ


.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့လယ်ရှိ မဟာမြတ်မုနိ အဝိုင်းပတ်နေရာ၌ ဒီဇင်ဘာလ ၃၀ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်တွင် မော်တော်ယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသည့် ဆိုင်ကယ်အား နှစ်ဆင့် ဝင်ရောက်တိုက်မိပြီးနောက် ပလက်ဖောင်းပေါ်သို့ ရောက်ရှိကာ ထိခိုက် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့်အပြင် ဆိုင်ကယ်မောင်းသူများ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.

(ဓါတ်ပုံ - အင်တာနက်)
 
အဆိုပါ မော်တော်ယာဉ်မှာ Honda Fit အမျိုးအစား ယာဉ် ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ စိုင်းဆမ်လွန်းမှ လေယာဉ်ကွင်း လမ်းဖက်မှ မဟာမြတ်မုနိ အဝိုင်းပတ်နေရာသို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ညာဖက်ရှိ ဆိုင်ကယ်အား နှစ်ဆင့် ဝင်တိုက်မိကာ လမ်းပလက်ဖောင်းပေါ်ထိ တိုက်မိ၍ ရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်တိုက်မှုအား မျက်မြင်တွေ့ရှိခဲ့သူများထံမှ သိရသည်။
.
"ကံကောင်းလို့ လူထိခိုက်တာ နည်းတာပါ။ ခုဖြစ်တဲ့ အဝိုင်းပတ်နေရာမှာ ယာဉ်တွေ စည်းကမ်းမရှိ အရှိန်နဲ့ မောင်းပြီး အရှိန်နဲ့ကွေ့တာမျိုး မလုပ်သင့်ပါဘူး" ဟု ယာဉ်တိုက်မှု ဖြစ်ပွားသည့် နေရာ အနီးတွင် ရောက်ရှိနေသည့် ဦးလှသူက ပြောကြားခဲ့သည်။
.
 

(ဓါတ်ပုံ - အင်တာနက်)
 
ယင်းကဲ့သို့ အရှိန်မထိန်းနိုင်ဘဲ ယာဉ်မဆင်မခြင် မောင်းနှင်ခဲ့မှုကြောင့် လမ်းဘေးရှိ ဆိုင်ကယ် ၂ စီးအား ဝင်ရောက်တိုက်မိခြင်းကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူ ၂ ဦးမှာ ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူလျက်ရှိပြီး အဆိုပါ ယာဉ် မဆင်မခြင် မောင်းနှင်သူ စိုင်းဆမ်လွန်းအား ကျိုင်းတုံမြို့ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဥပဒေအရ အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

Recent Tube