ယုတ္တိယုတ္တာ ဘယ်သင်းဘယ်ဟာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, December 25, 2018

ယုတ္တိယုတ္တာ ဘယ်သင်းဘယ်ဟာ


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
.
စကားဖိုမ
.
သတ္တလောကကြီးထဲ၌ သတ္တဝါအများစုတို့ သည် ဖိုနှင့်မ ဒွယံအစုံအတွဲလိုက် နှစ်မျိုးနှစ်ဘာသာ နှစ်ဘာဝရှိစမြဲဖြစ်၏။ လျှပ်စစ်ဓာတ်သဘော ၌လည်း လျှပ်စစ်ဖိုနှင့် လျှပ်စစ်မ အပေါင်းလက္ခဏာနှင့် အနုတ်လက္ခဏာနှစ်မျိုးနှစ်စားရှိနေ၏။ အဖိုနှင့် အမတို့သည် ကပ်ငြိတတ်သည့် အစွမ်းသတ္တိကြောင့်ပင် ပူးတွဲပေါင်းစပ်ကြတတ်၏။ မိုးရာသီကောင်းကင်တစ်ခွင် တစ်ပြင်၊ တိမ်မည်းညိုတွေသိုင်းဖွဲ့အုံ့မှိုင်းလျက် ရွှေအမ္ဗုန် မိုးက သဲကြီးမဲကြီးရွာသွန်းတော့မည့် ဟန်ပြင် နေပြီဆိုက ရှေ့တော်ပြေးအဖြစ်နှင့် လျှပ်စီးတွေ ပြက်ဝင်းဝင်းလက်လက် ရုတ်ခြည်းရုတ်ခြည်း ပေါ်လာစမြဲဖြစ်သည်။ အင်အားနည်းသောလျှပ် စစ်ဖိုနှင့် လျှပ်စစ်မတို့ ပူးပေါင်းဓာတ်ပြုခြင်း ပြယုဂ်ဖြစ်၏။ အင်အားအလွန်မတန်ကြီးလျှင် အကြီးအကျယ်လျှပ်ပြက်ပြီးနောက် မိုးချုန်းသံကြီး က မြည်ဟည်းလျက် မိုးကြိုးပစ်ချပါတော့သည်။ လူ့လောက၌လည်း ဤသို့အတူပင် ဖိုမတို့ အချင်းချင်း မျက်စိသံဝါကြောင့် အချစ်ရမ္မက်သံ ဝါ ဖြစ်ပေါ်လာ၏။ အင်အားနည်းသေးလျှင်                                        ဣနြေ္ဒဆောင်နိုင်ဟန်ဆောင်နိုင်သေးသည်။ အင်အားကြီးမားပြင်းထန်လာပါက ဣနြေ္ဒလည်း မထိန်းနိုင် ဟန်ပန်လေးတောင်မပြုနိုင်ဘဲ ပေါက်ကွဲတော့သည်မဟုတ်ပါလား။
.
ကျွန်တော်တို့ မြန်မာစကားပုံများ၌ ကြောက်လွဲရဲမင်းဖြစ်တဲ့။ တစ်ရွာမပြောင်းသူ ကောင်းမဖြစ်။ သေချင်တဲ့ကျား တောပြောင်းတဲ့။  စသည်အားဖြင့် ဆန့်ကျင်ဘက်သဘောပြတွေ ရှိ၏။ စကားပုံ ဖိုမတွေဖြစ်ကြ၏။ အလားတူစွာ ပင် နေ့စဉ်သုံးစကားလုံးတွေ ဝေါဟာရတွေထဲ ၌လည်း တပည့်တပန်းစသည်အားဖြင့် စကား ဖိုမအတွဲတွေရှိ၏။ တွဲပြောမှလည်း ပြည့်စုံသော စကားအရာဖြစ်၏။ တပည့်ကတော့ ဟုတ်ပါပြီ။ တပန်းကဘာများပါလိမ့်ဟု ကျွန်တော်ကပ်သီး ကပ်သတ်အမြဲတွေးမိနေတတ်၏။ ကျွန်တော်တို့ ငယ်ရွယ်စဉ်တုန်းက အဓိပ္ပာယ်ရှိရှိ မရှိရှိ စိတ် ထင်တိုင်းအလေနတော စကားများဝိုင်းဖွဲ့ပြော ဖြစ်ကြလျှင် လူကြီးမိဘဘိုးဘွားတွေ ''အယု တ္တက အနတ္တစကားတွေ မပြောကြနဲ့၊ အရည် မရအဖတ်မရ ဘာမှလည်း အကျိုးမရှိတဲ့ဟာ တွေပြောပြီး အချိန်ဖြုန်းမနေကြနဲ့'' စသည်အား ဖြင့် ဆိုဆုံးမတတ်ကြ၏။ စကားဖို စကားမများ တွဲဖက်ပါဝင်နေသည်ကို ဟိုစဉ်တုန်းက နားမ လည်ခဲ့ကြပါ။ စာတွေဖတ်လာ၊ အသက်ကြီးလာ ပြီး အတွေ့အကြုံရင့်ကျက်တွေးခေါ်တတ်လာ တော့မှ အဓိပ္ပာယ်တွေကို ရေးတေးတေးသိသလို လိုရှိလာ၏။ သတ်ပုံကျမ်းတွေ၊ အဘိဓာန်တွေ မှာ ဖတ်မိတော့မှ နီးနီးစပ်စပ် ရိပ်မိသိရှိပါတော့ သည်။ မြန်မာစာ၊ မြန်မာစကားများသည် ပါဠိ တို့သက္ကထ ပေါရာဏတို့များစြွာ>ွပမ်းတီးရောစပ် နေကြရာ ခြေခြေမြစ်မြစ် မလေ့လာဘဲနှင့်တော့ တိကျစွာရေရေလည်လည် နားမလည်အသိမ ရှင်းနိုင်ပါပေ။
.
ယုတ္တိယုတ္တာစကားဖို စကားမအကြောင်း အရာနှင့် ပတ်သက်၍ ကျွန်တော်ဆောင်းပါး တစ်ပုဒ်စာ ရေးပါဦးမည်ဟု တေးမှတ်ထားခဲ့ သည်မှာ တစ်လမက ကြာမြင့်သွားခဲ့ပြီ။ ရာသီ စာလေးတွကို အလှည့်ဦးစားပေးရင်းနှင့် ယခုမှ ပင် ခေါင်းစီးကြီးတင်ကာ တကယ်ရေးဖြစ်ပါပြီ။ အကြောင်းခံက ဤသို့ရှိပါသည်။
.        
ဖုန်းမျက်နှာပြင်
.
ဒီနေ့ ဖေဖေနဲ့ စကားပြောရင်း ဖေဖေ့ဆီ က စကားဆန်းတစ်ခွန်းကြားလိုက်ရတယ်။ မင်းဟာက ယုတ္တိတော့ရှိပါတယ်။ ယုတ္တာတော့ မရှိနိုင်ပါဘူးတဲ့။ ယုတ္တာ ဘာလဲ၊ ယုတ္တာပေါ့။ ယုတ္တိရှိတယ်ဆိုတာ ကျိုးကြောင်းညီညွတ်မှုရှိ တယ်။ ဆီလျော်တယ်။ စဉ်းစားကြည့်ရင် Logic ကျတယ်ပေါ့။ ဒါပေမဲ့ လက်တွေ့မှာ မ ဖြစ်နိုင်ဘူး။ Reality မှာ မဖြစ်နိုင်ဘူးဆိုတာ ကို ယုတ္တာမရှိဘူးလို့ပြောတာတဲ့။ ယုတ္တာတော့ဖြစ် နိုင်တယ်ဆိုတဲ့ ကိစ္စကော ကြားဖူးလားတဲ့။ ရှင်းပြပါဦးဆိုတော့ ဥပမာအနေနဲ့ ဆင်တစ် ကောင်ရဲ့ ခြေရာမြစ်ထဲကို မျောပါသွားတယ်။ ဖြစ်နိုင်လားတဲ့။ စဉ်းစားကြည့်ရင် ဆင်ခြေရာ ရေထဲမှာ မျောပါသွားဖို့ မဖြစ်နိုင်ဘူးပေါ့။ စဉ်း စားလို့ မဖြစ်နိုင်တော့ ယုတ္တိမရှိဘူးပေါ့။ ဒါပေမဲ့ ယုတ္တာတော့ဖြစ်နိုင်တယ်တဲ့။ ဟင်၊ ဘယ်လိုဖြစ် နိုင်လဲ။ ဆင်အုပ်ထဲက ဆင်တစ်ကောင်က ရှေ့ကနေသွားရင်း ချေးပါချခဲ့တယ်။ အဲ့ချေးပုံ ပေါ် နောက်ကလိုက်လာတဲ့ ဆင်က နင်းလိုက် တော့ ခြေရာပေါ်သွားရော။ အဲဒီဆင်ခြေရာပေါ် နေတဲ့ ချေးပုံက နေပြင်းပြင်းပူလို့ ခြောက်သွား တယ်။ ဆင်ခြေရာထင်နေတဲ့ ဆင်ချေးခြောက်။ တစ်ရက်မိုးကြီးရွာ၊ ရေတိုက်စားလို့ အဲဒီဆင်ခြေ ရာပါတဲ့ ချေးခြောက်က မြစ်ထဲမျောပါသွားတော့ တယ်။ ဒါကြောင့် လက်တွေ့မှာ ဖြစ်နိုင်တာကို ယုတ္တာတော့ဖြစ်တယ်လို့ ပြောတာပါတဲ့။ ရှား ပါးထူးဆန်းတဲ့အသုံးအနှုန်းဖြစ်တဲ့ယုတ္တာအ ကြောင်း ပြန်လည်ဝေမျှပါတယ်။
.
အထက်ဖော်ပြပါ စာပိုဒ်လေးမှာ သား၏ လက်ကိုင်ဖုန်းပြားကြီး(အိုင်ပက်ဆိုလားတက်ပ လက်ဆိုလား၊ ကျွန်တော်ကတော့ ခေတ်မမီ၊ နောက်ဆုံးပေါ်တိုင်းသူတို့က ခေတ်မီစွာလဲကိုင် ကြ)ရဲ့ မျက်နှာပြင်ပေါ်မှာ တင်လိုက်တာကို လာပြ၍ ဖတ်ရပြီး ကူးထားလိုက်ခြင်းမို့ ဆောင်း ပါးတွင်ဖော်ပြလိုက်နိုင်ခြင်းပါ။ သားတို့သမီးတို့ က အိုးခွဲအိမ်ခွဲတွေမို့ သူတို့လာလည်မှပဲ တွေ့ ဆုံစကားပြောဖြစ်ကြသည်။ လမ်းတစ်ဘက်၊ ရှေ့ခြမ်းကပ်လျက်နေကြ သော်လည်း သူ့အ လုပ်နှင့် သူ အမြဲရှုပ်နေသဖြင့် ကျွန်တော်တို့ မိဘနှစ်ဦးကလည်း အိမ်လည်ဝါသနာမပါကြ တော့ သိပ်မတွေ့ဖြစ်၊ တွေ့ဖြစ်လည်း ခဏ တစ်ဖြုတ် သာကြောင်းမာကြောင်းလောက်သာ ပြောဖြစ်ကြ၏။ တစ်နေ့ သူစိတ်လိုစိတ်ရအချိန် ပေးပြီး စကားဖောင်ဖွဲ့ဖြစ်ကြ၍ သားမကြားဖူး သော ယုတ္တာကိစ္စအထူးအဆန်းလုပ်ပြီး သူ့ အကောင့်ဖွင့်ထားတဲ့ ဖေ့ဘုတ်ပေါ်တင်ပါသတဲ့။ မြန်လိုက်တဲ့ခေတ်၊ တစ်ခဏချင်းမှာ ကွန်မင့် ဆိုသည့် သဘောထားမှတ်ချက်တွေတက်လာ၊ ပြန်ဖြန့်ဝေ၊ လိုက်ဆိုသော ကြိုက်တွေရာချီပြီး တက်လာတော့ သူဝမ်းသာအားရ ခေတ်နောက် ကျနေသော ကျွန်တော့်ကို လာပြခြင်းဖြစ်ပါ သည်။ ဖြူအေးအမည်ရှိ မိန်းကလေး(ထင်ပါရဲ့) ''၂ ခါဖတ်တာ ရေးရေးလေးတော့ သိတယ်။ ထပ်ဖတ်လိုက်ဦးမယ်''၊ တစ်ခုကတော့ ''ဟန် မဆောင်တမ်း အရှိအတိုင်း အရင်းအတိုင်းဖော် ပြလာလို့ သူ့အရေးအသားကပဲ မရှင်းလင်းလို့ လား''ဟု သားက ကျွန်တော့်ကိုမှတ်ချက်ပြန် တောင်းခံလာပါတယ်။ အရေးရှင်းသားပဲ။ အ တွေးမရှင်း၊ အလျင်လိုနေ၍ ဖြစ်ပါလိမ့်မည်။
.        
ယုတ်
.
မြန်မာစာအရေးအသားတွင် ယုတ်အသံ ထွက်ကို ပသတ်နှင့်ပေါင်းသော ယုပ်လုံးဝမရှိ ပါ။ ယုဂ်တော့ ဂငယ်သတ်ဖြင့်ရှိပါ၏။ ယုဂမှ လာလေသလားဟု ကျွန်တော်အစက တွေး တောမိ၏။ ပါဠိမြန်မာအဘိဓာန်၌ ရှာဖွေကြည့် သောအခါ ထမ်းပိုးနှင့်အစုံဟူ၍ အနက်နှစ်မျိုး ပြသည်။ ယုဂ်ကို ကလိယုဂ်ဆိုသောအသုံးနှင့် ရင်းနှီးကြပြီးဖြစ်၏။ ခေတ်ပျက်ခေတ်ကြမ်းမ ကောင်းသော ကပ်၊ တစ်နည်းကပ်ဆိုးဆိုသော အဓိပ္ပာယ်ရှိ၏။ ကျွန်တော်တို့ကြုံတွေ့နေရသော ခေတ်ကိုကလိယုဂ်၊ ဆုတ်ကပ်ကြီးဟု လူကြီး တွေညည်းညူတတ်ကြလှ၏။ ယုဂ်လေးပါးရှိ သည်ဟုလည်း ကြားဖူးမှတ်သားဖူးပါ၏။ ရုပ်နှင့်ရုတ်၊ အသံထွက်ချင်းတူသည့် ရကောက် နှင့် ပေါင်းသောရုပ်တွေရုတ်တွေကတော့ ဤဆောင်းပါးနှင့် မသက်ဆိုင်၍ အကျယ်မချဲ့ တော့ပြီ။ ယုတ်ကမူ ယုတ်လျော့ခြင်း အနက် လည်းထွက်၏။ စိတ်တစ်ခုယုတ်ကိုးဆယ်ဆိုရာ ၌ ၈၉ ကိုဆို၏။ ရုပ်ပေါင်းကိုးဆယ်မဆိုလိုပါ။ ဆုတ်ယုတ်သုံးရာ၌ လျော့ပါး အဓိပ္ပာယ်ပင်။ မကောင်းသော အဓိပ္ပာယ်ထွက်သည့် ယုတ် ကန်း ယုတ်နိမ့် ယုတ်ညံ့၊ ယုတ်ပတ်၊ ယုတ်မာ၊ ယုတ်တန်တို့အပြင် ယုတ်စွအဆုံး အသုံးကား အနည်းဆုံးအနိမ့်ဆုံးအားဖြင့် သဘောဖြစ်၏။ 
.
ယုတ္တိကို မြန်မာအဘိဓာန်၌ လက်ခံယုံ ကြည့်လောက်သည့် အထောက်အထားအ ကြောင်းအချက်ဟု လည်းကောင်း၊ ဆင်ခြင်နှိုင်း စာရန် အချက်အလက်ဟုလည်းကောင်းပြသည်။ ယုတ္တိစမ်းဆိုသော စကားအဆန်းရှိသေး၏။ ခု ခေတ်မသုံးလေတော့ပါ။ ရှေးစာ၌''လူ့ဘောင် ဖြစ်တန်၊ ယုတ္တိစမ်း၍ ချီးမွမ်းဖွယ်မော''ဟု တွေ့ရ၏။ မိမိရရယုံကြည်ခြင်းငှာ သင့်မသင့် အကြောင်းရင်းလျော်မလျော်ကို ဆင်ခြင်ဝေဖန် စစ်ဆေးသည့် သဘောအနက်ဆောင်၏တဲ့။ ယုတ္တိတန်ကမူ ယုတ္တိမရှိမဟုတ်မူဘဲ ယုံကြည် လက်ခံဖွယ် အကြောင်းအချက်အထောက်အ ထားရှိခြင်းပါတဲ့။ ''အယုတ္တက''ကိုမူ ယခုအခါ သုံးလေ့မရှိတော့၍ မကြားရသလောက်ဖြစ်ပြီ။ ''အယုတ္တကအနတ္ထ''ဟူ၍ လူကြီးတွေတွဲသုံး လေ့ရှိခဲ့၏။ အနတ္တကို အစိုးရမရှိခြင်း၊ အစိုးမရ ခြင်း အနက်ဖြင့် အားလုံးရင်းနှီးပြီးသားပါ။ လက္ခဏာရေးသုံးပါး၌ ပါ၍နားယဉ်နေပြီ။ အ နတ္ထဟူ၍ အောက်ဆင့်ဗျည်းက တဝမ်းပူမဟုတ် ဘဲ ထဆင့်ထူးဖြစ်နေရာ ပါဠိမြန်မာအဘိဓာန် တွင် အကျိုးမရှိ အနက်မရှိဟုပြသည်။
.
အယုတ္တကကို မသင့်လျော်သော မ လျောက်ပတ်သော အနက်ဖွင့်၏။ ယုတ္တကို ယှဉ်အပ်သည်။ သင့်သည်၊ သင့်လျော်သည်အ နက်ဖွင့်သဖြင့် ပါဠိ၌ ''အ''သည် ''မ'' အနက် မို့ ကကြီးမပါဘဲ အယုတ္တသည် မသင့်လျော် အနက်ပင်ဖြစ်ရာ အယုတ္တကနှင့် တူညီမည်။ ထို့ကြောင့် လူကြီးတွေပြောလျှင် ''က''မပါ တတ်သည်ကို သတိပြုမိ၏။ အဓိပ္ပာယ်မှာ အ ခြေအမြစ်မရှိ မသင့်တော်မလျောက်ပတ်သော ဟူသည့် အနက်ထွက်သည်။ ယုတ္တိနှင့် ယုတ္တ သည် ပါဠိဘာသာချည်းဖြစ်သော်လည်း ယုတ္တ ချည်းသီးသန့်သုံးလေ့မရှိပါတဲ့။ မြန်မာမှုတွင် သာ ယုတ္တိယုတ္တာဟု စကားဖိုမအဖြစ်သုံးခြင်း သာဖြစ်၏တဲ့။
.        
ယုံမှာလား
.
မျက်မှောက်ခေတ်တွင် ယုတ္တိစကားကိုသုံး စွဲနေကျဖြစ်သော်လည်း စကားဖိုနှင့် စကားမ ဖြစ်သော ယုတ္တာကို ယုတ္တိဖြင့်တွဲလျက် ယုတ္တိ ယုတ္တာဟု အပြည့်သုံးလေ့မရှိတော့သောကြောင့် စာအတော်ဖတ်သည့် ကျွန်တော့်သား အသက် ၄ဝ ကျော်သည်ပင် ယုတ္တာကိုအကျွမ်းတဝင် ရှိမနေခြင်းဖြစ်၏။ လွန်ခဲ့သော နှစ် ၆ဝ ကျော် ကာလတုန်းက ကျွန်တော်ဆယ်နှစ်သားအရွယ် မှာမူ ယုတ္တိယုတ္တာရှိရှိပြောစမ်းပါကွာ။ မင်းဟာ က ယုတ္တိရှိ ယုတ္တာမရှိနဲ့ ဘယ်သူကယုံမှာတဲ့ လဲ။ ယုန်ရုပ်ယုန်ကောင်ဆွဲပြီး ပြောတာတောင် ယုံမှာမဟုတ်။ စသည်အားဖြင့် သမားရိုးကျပြော ဆိုခဲ့ကြ၏။ စကားကပ်ပြီး ပြောတတ်သူတွေက တော့ ယုတ္တိတော့ရှိပါရဲ့၊ ယုတ္တာမဖြစ်နိုင်ဘူး။ ယုတ္တိတော့မရှိဘူး၊ ယုတ္တာမှာဖြစ်နိုင်ခြေရှိပါရဲ့ ဟူ၍ တစ်ခါတလေ ရှားပါးပြောကြားလို့ ကြုံ ရဖူး၏။ သို့သော် အနက်အဓိပ္ပာယ်ကွဲပြားအောင် မဖော်နိုင်ခဲ့သည်ကို ဝန်ခံရပါမည်။ ဆရာတစ်ဦး ရှင်းပြသည်ကို မှတ်သားဖူး၍ သားကိုပြန်ပြော ပြနိုင်ခြင်းပါ။ ယုတ္တိက အတွေးအခေါ်၊ ယုတ္တာ ကမူ မျက်မြင်လက်တွေ့။
.
ဆိုကြပါစို့ မိုးထိအောင်လှေကားထောင်၊ လူမရောက် မြင့်မိုရ်တောင် ခွေးမရောက် အိမ် မိုးခေါင်၊ ခုခေတ်ရာသီဥတုပြောင်းလဲလာ၍ မိုး ကြီးရေလျှံရေမြုပ်ဒုက္ခသည်များ လူရောခွေးပါ အိမ်အထက်ထပ်မက ခေါင်မိုးပေါ်တောင်ရောက် နေကြရတာ မျက်မြင်ကိုယ်တွေ့။ မီးသတ်ကား နှင့် အထပ်မြင့်အိမ်များတွင် စက်အကူအညီဖြင့်  လှေကားကို ခေါင်းမိုးကျော်လွန်ကာ မိုးမြင့်ထိ ထောင်နိုင်တက်နိုင်နေပြီ။ ရှေးကယုတ္တိမရှိ ယု တ္တာမရှိတွေ အခုခေတ်မှာ ယုတ္တာရှိလာကုန်ပြီ။ အဲ မြင့်မိုရ်တောင်ကိစ္စကတော့ သီးခြားပြောရ မည့် ကိစ္စထားကြစို့။ လေးကျွန်းတစ်မြင့်မိုရ် အဆိုကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ ကျွန် တော်တို့၏ ဗုဒ္ဓပွင့်ရာ ဇမ္ဗူဒိတ်လက်ယာတောင် ကျွန်းကတော့ ဟုတ်ပါပြီ။ မြောက်ကျွန်း၊ အ ရှေ့ကျွန်း၊ အနောက်ကျွန်းတို့က ဘယ်တိုက် ဘယ်နိုင်ငံတွေဖြစ်မည်နည်။ ခေတ်လူငယ်တို့ သိလိုစူးစမ်းကြ၏။ အဋ္ဌကထာကျမ်းစာများတွင် နတ်ဝှက်ထားသတဲ့။ လူတို့မမြင်မရောက်နိုင်ပါ တဲ့။
.
၇ ဝါမြောက်ဝါဆိုဖို့ ဂေါတမမြတ်စွာ၊ ဝါ ဆိုလပြည့်နေ့ မြင့်မိုရ်တောင်ထိပ်မှ တာဝတိံ သာနတ်ပြည်သို့ ခြေနှစ်လှမ်းသုံးဖဝါးဖြင့် ကြွ တော်မူ၏။ သီတင်းကျွတ်လပြည့်ညချမ်းချိန်ခါ လူ့ပြည်ပြန်အဆင်း၌ ရွှေငွေပတ္တမြားစောင်းတန်း သုံးသွယ်ဖြင့် နတ်ဗြဟ္မာတို့လိုက်ပို့ဆောင်၏။ သင်္ကဿနဂိုရ်ပြည်ဆင်းသက်ရာဌာနကို အုတ်ခုံပလ္လင်အမှတ်အသားပြရှိထားဆဲပါ။ ယု တ္တိယုတ္တာဖြင့် မည်သို့ချိန်ထိုးဝေဖန်ကြမည် နည်း။ ကျွန်တော် ဥာဏ်မမီ၍ စာဖတ်သူတို့ လေ့ကျင့်ခန်းပြုကြည့်ရန် ''တရားမျှတ လွတ် လပ်ရေးနှင့်မသွေ၊ များလူခမ်းသိမ်း ငြိမ်းချမ်း စေဖို့ ခွင့်တူမည်မျှ ဝါဒဖြူစင်တဲ့ ပြည်၊ တို့ ပြည်တို့မြေ''၊ ယုတ္တိယုတ္တာ ရှိ မရှိ အဖြေညှိစေ လိုကြောင်း။ ။
.

No comments:

Post a Comment

Recent Tube