မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုး ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
လောက်ကိုင်မြို့တွင် ဒီဇင်ဘာလ အတွင်း၌ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ကြီးမှူးကာ ရပ်ရွာအခြေပြု
ဆေးဖြတ်စခန်း ဖွင့်လှစ်သွားရန် ရှိကြောင်း
လားရှိုးမြို့၊ ပြန်လည်ထူ ထောင်ရေးစခန်း မန်နေဂျာဖြစ်သူ ဦးခိုင်ဝင်းထံက သိရသည်။
.
.
''ကိုးကန့်အုပ်ချုပ်ရေးပိုင်းက ပထမတော့ ၁ဝ ရက်က စဖွင့်ဖို့ပါပဲ။
အခု ရက်ရွှေ့မယ်ဆိုပြီး ဖုန်းမလာ သေးတော့ စောင့်နေပါတယ်။ သူတို့ရဲ့ အထောက်အပံ့နဲ့ဖွင့်မှာဖြစ်လို့
ဒီဇင်ဘာလထဲမှာ ဖွင့်ဖြစ်မှာပါ''ဟု ဦးခိုင်ဝင်းက ပြောသည်။
အဆိုပါစခန်းကို မူလက ဒီဇင်ဘာ ၁ဝ ရက်မှ ၂ဝ၁၉၊ ဇန်နဝါရီလ၊ ပထမပတ်အထိ
သင်တန်းသား ၅ဝ ဦးဖြင့် ဖွင့်လှစ်ရန်လျာထားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆေးဝါးအကူအညီ
နည်းဖြင့် ဆေးဖြတ်မည့်စခန်း အမျိုး အစားဖြစ်ကြောင်း ¤င်းကပြောသည်။
.
တာချီလိတ်တွင် ဖွင့်လှစ်နေသည့် ဟိုရမ်းဆေးဖြတ်စခန်း၌ တက်ရောက်နေသည့်
သင်တန်းသား ၃ဝ ဦးအနက် ၂၅ ဦးမှာ လုံးဝဆေး ပြတ်နေကြောင်း တွေ့ရှိရပြီး ယင်း စခန်းမန်နေဂျာ
ဦးနိုင်စိုးမြင့်မှ မူလကတည်းက ဆေးပြတ် လိုသည့် ဆန္ဒပြင်းပြသူများအနေဖြင့် ဆေးပြတ် ရန်
မခက်ခဲဘဲ သင်တန်းရက်ရှည် ဖြစ်သည့်အပြင် ပြန်လည်ထူထောင်ရေး ကာလများတွင်ပါ ဂရုတစိုက်ကုသပြုပြင်မှုကြောင့်
ဆေးပြတ်သူရာခိုင်နှုန်း မြင့်မားလာရခြင်းဖြစ်ကြောင်း ပြောသည်။
.
''ဖြတ်ကာစ ၁ဝ ရက်လောက်တော့ ခံရတယ်။ အခုတော့ ဆေးလုံးဝပြတ်ပါပြီ။
ရှေ့အနာဂတ်ကို ကောင်းကောင်း မြင်ခွင့်ရပါပြီ''ဟု တာချီလိတ်မြို့၊ ဟိုရမ်းဆေးဖြတ်စ ခန်းတွင်
ဆေးဖြတ်နေသူ မိုင်းခုတ် မြို့မှ လူငယ်တစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ယင်းစခန်းမှ ဆေးဖြတ်သူ အသက် ၃၆ နှစ်အရွယ် အိမ်ထောင်သည် လူငယ်တစ်ဦးမှလည်း
''ဆေးဖြတ်တာ ၄ ခါရှိပြီ၊ မပြတ်ခဲ့ဘူး။ အခုတော့ အိမ်ထောင်နဲ့လည်းကွဲသ လို ဖြစ်နေတယ်။
အရွယ်မရောက် သေးတဲ့ ကလေး ၂ ယောက် ကိုလည်း မိဘဆီမှာ ပစ်ထားရတာမို့ နောင် တတရားတွေနဲ့
ဆေးဖြတ်တာ ခု တော့ တကယ်ပြတ်ပါပြီ။ အဓိကတော့ စိတ်က တကယ်ပြတ်ချင်ရင် ပြတ်ပါ တယ်၊ မိန်းမကလည်း
ကျောင်းဆရာ မဆိုတော့ ပြန်လည်ထူထောင်ရေး စခန်းမှာနေပြီးရင် ပြန်ပေါင်းမယ် ပြောလာနေပြီ၊
ဘဝအတွက် အမှန် တကယ် ဝမ်းမြောက်မိပါတယ်''ဟု ပြောဆိုသည်။
.
မူဆယ်တွင် ယခင်က ပီးမ အမည်ရ ဆေးဖြတ်စခန်းကိုဖွင့်လှစ် ခဲ့သော်လည်း
လက်နက်ကိုင်များ ဝင်ရောက် ပစ်ခတ်မှုကြောင့် ပျက် စီးသွားခဲ့ပြီးနောက် ဆေးဖြတ် စခန်းမရှိတော့သည့်အတွက်
ဆေး ဖြတ်လိုသူများ အနေဖြင့် စခန်းများ ဖွင့်လှစ်နိုင်ရန် မျှော်လင့်လျက်ရှိ ကြောင်း
သိရသည်။
.
ဆေးဖြတ်စခန်းအမျိုးအစားများ တွင် အကြမ်းဖြတ်စခန်း၊ ဆေးအ ကူ ဖြင့်
ဖြတ်စခန်းနှင့်ဘာသာရေးအရ ဆေးဖြတ်စခန်းများဟု ခွဲခြားထားရှိရာ ဆေးဖြတ်သူ အများစုအနေဖြင့်
ဆေးအကူဖြင့်ဆေးဖြတ်စခန်းများ တွင် တက်ရောက်၍ ဆေးဖြတ်လိုကြ ကြောင်း သိရသည်။
.
ဆေးအကူဖြင့်ဆေးဖြတ်စခန်းတွင် ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူ ထောင်ပေးခြင်း၊
စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသက် မွေးဝမ်းကြောင်းပညာသင်ကြားပေး ခြင်းနှင့်
နောက်ဆက်တွဲစောင့်ရှောက် မှုလုပ်ငန်းများ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း
သိရှိရသည်။
.
.
.
#KBZTai #Shan