တာချီလိတ်တွင် အလယ်တန်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ပတ်သက်၍ အမှတ်ပေးဒိုင်များကို စစ်ဆေးအရေးယူပေးရန် ရှမ်းပြည်နယ်လူမှုရေး ဝန်ကြီးထံ တိုင်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် အလယ်တန်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ပတ်သက်၍ အမှတ်ပေးဒိုင်များကို စစ်ဆေးအရေးယူပေးရန် ရှမ်းပြည်နယ်လူမှုရေး ဝန်ကြီးထံ တိုင်ကြား


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် အခြေခံပညာ အလယ်တန်းအဆင့် အင်္ဂလိပ်စာ ပြိုင်ပွဲ၌ ပဉ္စမတန်းမှ ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသူ တစ်ဦး၏ အင်္ဂလိပ်စာစွမ်းရည် အရည် အချင်းနှင့်ပတ်သက်၍ အကဲဖြတ် အမှတ်ပေးဒိုင်များမှ ဘက်လိုက်မှု၊ တရားမျှတမှု၊ ပုဂ္ဂိုလ်ရေးသြဇာ လွှမ်းမိုး မှု ရှိ/မရှိ စစ်ဆေးပေးရန် ပြိုင်ပွဲဝင် ကျောင်းသူတစ်ဦး၏ ဖခင်ဖြစ်သူမှ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည် နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုး ထွန်းထံသို့ တိုင်ကြားခဲ့ကြောင်း သိ ရသည်။
.


.
တာချီလိတ်မြို့၊ မကာအိုခမ်းရပ် ကွက်ရှိ အခြေခံ ပညာအထက်တန်း ကျောင်းတွင် ဒီဇင်ဘာလ ၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အင်္ဂလိပ်စာစွမ်း ရည်ပြိုင်ပွဲတွင် အခြေခံပညာအလယ် တန်းအဆင့်၊ ပဉ္စမတန်းမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသူတစ်ဦးနှင့် ပတ်သက်၍ အကဲဖြတ် အမှတ်ပေး ဒိုင်များမှ ဘက်လိုက်မှု၊ တရားမျှတမှု၊ ပုဂ္ဂိုလ်ရေးသြဇာ ပါဝင်မှု ရှိ/မရှိ စစ် ဆေးပေးရန် ပြိုင်ပွဲဝင် ကျောင်းသူ တစ်ဦး၏ ဖခင် ဦးဝဏ္ဏဌေးမှ ဒီဇင် ဘာလ ၇ ရက်တွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
.
၎င်း၏ တိုင်ကြားစာတွင် အ မှတ်ပေး အကဲဖြတ်ဒိုင်များ၏ ပေးထားသော ရမှတ်သည် ကလေး၏ အရည်အချင်းနှင့် ကိုက်ညီမှု မရှိဘဲ ရမှတ်များကို နှိမ့်ချ ပေးထားခြင်းဖြစ် ပြီး ဘက်လိုက်မှုများ ရှိနေသည်ဟု ထင်မြင် သုံးသပ်မိကြောင်းနှင့် ၄င်း ၏ သမီးမှာ အခြေခံပညာ ကျောင်း ပေါင်းစုံအဆင့် ပြိုင်ပွဲများ ဖြစ်သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ စာစီစာကုံး၊ ပုံပြော၊ မြန်မာစာနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများ၊ ကွန်ပျူတာပန်းချီ၊ ဆေးရောင် ချယ်ပြိုင်ပွဲများ အပါအဝင် ပြိုင်ပွဲပေါင်း စုံ၌ ဆုပေါင်းများစွာလက်ခံရရှိထား သူဖြစ်သည်ဟု ဖော်ပြပါရှိသည်။
.
''ကျွန်တော့်သမီးနဲ့ ပါဝင်ယှဉ် ပြိုင်ကြတဲ့ ကလေးတွေကို အရည်အ ချင်း အစစ်အမှန် အတိုင်းဘက်လိုက် မှု မရှိဘဲ သမာသမတ်ကျကျနဲ့ အမှတ်ပေး စေချင်ပါတယ်။ အခုက အကဲဖြတ်ဒိုင်တွေက မရိုးသားဘူးလို့ ယူဆရတဲ့ အတွက်တိုင်ကြားရတာ ဖြစ်ပါတယ်။ အဖြစ်မှန်အတွက် ပြန် လည် စစ်ဆေးပေးစေချင်ပါတယ်''ဟု တိုင်ကြားသူ ဦးဝဏ္ဏဌေး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ပြည်နယ်ပညာရေးမှူး (ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေး မှူး ဦးတင့်ဆွေက ''မြို့နယ်အဆင့်က နေ အမှန်တကယ် ထူးချွန်အောင်မြင် လာတဲ့ ကလေးတွေကို ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ ရှမ်းပြည်နယ်အဆင့် အင်္ဂလိပ်စာနဲ့ သချာင်္စွမ်းရည် ပြိုင်ပွဲ လုပ်ပါတယ်။ ရှမ်းအရှေ့မှာရှိတဲ့ မြို့ နယ်နဲ့ ကျောင်းအသီးသီးက ဆရာ/ ဆရာမတွေကို တာဝန်ပေးထားပါ တယ်''ဟု ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အင်္ဂ လိပ်စာနှင့် သချာင်္စွမ်းရည် ထူးချွန်သူ ကျောင်းသူ/ကျောင်းသားများ အနက် မှ စတုတ္ထတန်းမှ အဋ္ဌမတန်းအထိ ကျောင်းသား/ကျောင်းသူ ၁၂၈ ဦး အား ဘာသာရပ် တစ်ခုချင်းစီ၏ အ ကောင်းဆုံး ပထမဆု ရွေးချယ်ပြီးနေ ပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဗ ဟိုအဆင့် အင်္ဂလိပ်စာနှင့် သချာင်္စွမ်း ရည်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စေ မည်ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တိုင်ကြားစာပေးပို့ ထားသည့် ဦးဝဏ္ဏဌေး၏ သမီးဖြစ် သူမှာ တာချီလိတ်မြို့၊ မကာအိုခမ်း ရပ်ကွက်ရှိ Nelson English Language Center (NELC)  ကျောင်းတွင် Englisn World -5(A) Level ၌ ပညာသင်ကြားနေသော ကျောင်းသူတစ်ဦး ဖြစ်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats