ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ပုန်းတလုတ်ရေကန် ပတ်လမ်းတစ်လျှောက်တွင် လမ်းလျှောက်သူများနှင့် စည်ကား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ပုန်းတလုတ်ရေကန် ပတ်လမ်းတစ်လျှောက်တွင် လမ်းလျှောက်သူများနှင့် စည်ကား


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ ပင်းတယ မြို့ရှိ ရှေးသမိုင်းဝင် ပုန်းတလုတ် ရေကန်ပတ်လမ်းတစ်လျှောက်၌ ဆောင်းရာသီကာလများတွင် လမ်း လျှောက်သူများနှင့် ကိုယ်လက်လှုပ် ရှား ကျန်းမာရေးလေ့ကျင့်ခန်း ပြု လုပ်သူများဖြင့် စည်ကားလျက်ရှိ ကြောင်းသိရသည်။
.
 
.
အဆိုပါ လမ်းလျှောက်သူများ၊ ကိုယ်လက်ကျန်းမာရေး ပြုလုပ်သူများသည် နံနက် ၅ နာရီမှ ၇ နာရီ အထိ တစ်ကြိမ်၊ ညနေ ၅ နာရီမှ ၇ နာရီအထိတစ်ကြိမ် ပုန်းတလုတ် ရေကန် ကန်ပတ်လမ်းတစ်လျှောက်တွင် လမ်းလျှောက်ခြင်း၊ အပြေးလေ့ ကျင့်ခြင်းနှင့် ကိုယ်လက် ကျန်းမာရေး လေ့ကျင့်ခြင်းများကို လာရောက် ပြုလုပ်ကြပြီး ၈၂ ဧကကျော် ကျယ်ဝန်းသည့် ပုန်းတလုတ် ရေကန်ကန် ပတ်လမ်း တစ်လျှောက်တွင် လေညှင်းခံ လေကောင်းလေသန့် ရှူ ရှိုက်ကြကြောင်းနှင့် ကန်ပတ်လမ်း ၏ တောင်ဘက်၊ အရှေ့ဘက်၊ အ နောက်ဘက်တို့တွင် အခမဲ့ တပ်ဆင် ပေးထားသော ကိုယ်လက်လေ့ကျင့် ခန်းပြုလုပ်နိုင်သည့် အားကစား ပစ္စည်းများ၊ နားနေခုံများပေါ်တွင်လေ့ ကျင့်ခန်းပြုလုပ်အနားယူအပန်းဖြေ ကြကြောင်း သိရသည်။
.
''ဒီဆေးရုံမှာ ကျွန်မရဲ့သမီးက မွေးလူနာအဖြစ် ဆေးကုသနေတာပါ။ ဆေးလာကုရတာ စိတ်ချမ်းသာတဲ့ အပြင် အခုလို ပုန်းတလုတ်ရေကန် နံဘေးမှာ လမ်းလျှောက် ရတာ၊ ကိုယ်လက်ကျန်းမာရေးပြုလုပ်ရတာ သဘာဝ လေကောင်းလေသန့်ကို ရှူရှိုက်ပြီး အပန်းဖြေအနားယူရတာ တကယ်ကောင်းတာပဲ''ဟု ရွာငံမြို့ နယ်မှ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ပင်းတယမြို့၏ အသည်းနှလုံးနေရာတစ်ခုဖြစ်သော နာဂဓိဌာန် ပုန်းတလုတ်နတ်ရေကန်သည် ရှေးသမိုင်းဝင် ဖြစ်သည်နှင့်အညီ ရွှေဥမင်ဘုရားသို့ ဘုရားဖူးလာသော ဘုရားဖူး ဧည့်သည်များ၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအတွက် အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်းနှင့် လမ်းလျှောက် လည်ပတ်ခြင်းများ လာရောက်ပြု လုပ်ကြ၍ ဒေသခံ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ပလောင်၊ ရှမ်း အစရှိသော တိုင်းရင်းသားများ၏ သန့်ရှင်းရေး၊ ကျန်းမာရေးအတွက်လည်း အဓိက ကျသည့် နေရာတစ်ခုဖြစ်ပြီး ပင်း တယဆေးရုံကြီးသို့ လာရောက်၍ ဆေးဝါးကုသနေကြသည့် လူနာ များနှင့် လူနာရှင်များအတွက် ကိုယ် စိတ်ကျန်းမာရေး အထောက်အကူ ပြုသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats