ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ရာတွင် သဘောထားကွဲလွဲမှု၊ ပဋိပက္ခဖြင့် တည်ဆောက်နိုင်မည် မဟုတ်ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြောကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, December 31, 2018

ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ရာတွင် သဘောထားကွဲလွဲမှု၊ ပဋိပက္ခဖြင့် တည်ဆောက်နိုင်မည် မဟုတ်ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြောကြား



ထက်တိုင်းကျော်
.
အာခါတိုင်းရင်းသားများ၏ (၄၄) ကြိမ်မြောက် စုပေါင်း နှစ်သစ်ကူးပွဲ တော်နှင့် အာခါအမျိုးသားနေ့ကို ဒီ ဇင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ မြို့နယ်အားကစားကွင်းတွင် ကျင်းပ ပြုလုပ်ရာ အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရာတွင် သဘောထား ကွဲလွဲမှုနှင့် ပဋိပက္ခဖြစ်မှုများဖြင့်တည် ဆောက်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
.
.
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က အာခါတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်နှင့် အမျိုးသားနေ့ အခါသမယတွင် တိုင်းရင်းသားညီအစ် ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ကောင်းကျိုး မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါ စေကြောင်း၊ မြန်မာနိုင်ငံတွင် လွတ် လပ်ရေးရပြီးချိန်မှစ၍ မိမိတို့နိုင်ငံအပေါ် ဖိစီးနေသည့် လက်နက်ကိုင် ပဋိပက္ခပြီးဆုံးရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံတွင် ဆောင်ရွက်လျက် ရှိပြီး လူမျိုးပေါင်းစုံ တည်ဆောက်ထားသည့် ထာဝရ တည်တံ့ခိုင်မြဲနေ သော စည်းလုံးညီညွတ်မှု အခြေခံဖက်ဒရယ် ဒီမိုကရေစီ လူ့ဘောင်အား တည်ဆောက်ရန် ရည်မှန်းထားကာ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ် ရေးအတွက် အပြုသဘော ဆောင် ရွက်ရာ၌ သဘောထား ကွဲလွဲမှုနှင့် ပဋိပက္ခဖြစ်မှုဖြင့် တည်ဆောက်နိုင် မည် မဟုတ်ဘဲ တိုင်းရင်းသားပြည်သူ အချင်းချင်း အပြန်အလှန် နားလည် မှုရှိစွာ အတူလက်တွဲ ပူးပေါင်းဆောင် ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း နှုတ်ခွန်းဆက် အမှာစကားပြောကြား ခဲ့သည်။
.
အာခါ တိုင်းရင်းသား စုပေါင်းနှစ် သစ်ကူးပွဲတော်နှင့် အမျိုးသားနေ့ ကျင်းပမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်မှ ပွဲတော်ကျင်းပရာ ကျိုင်းတုံမြို့နယ်သို့ လာရောက် ဆင်နွှဲသည့် ဒေါ်အေးဗျော ဆိုသူမှ ''ယုံကြည်မှုဘာသာ ကွဲ ပြားနေတာနဲ့ နေထိုင်ရာဒေသ ကွဲ ပြားကြတာတွေ ရှိပေမယ့်တို့အားလုံး က အာခါတိုင်းရင်းသားတွေ ဖြစ်ကြ တယ်ဆိုတဲ့ ခံယူချက် စိတ်တွေရှိနေ တော့ ဘယ်လောက်ဝေးနေပါစေ ဒီ နေ့၊ ဒီနေရာကိုတော့ အာခါလူမျိုးတွေ ရောက်အောင် လာတတ်ကြပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အာခါတိုင်းရင်းသားများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်များတွင် အများဆုံး နေထိုင်ကြပြီး လူဦးရေ ၂ သိန်းခန့် ရှိနေသည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် အာခါ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလထံမှ သိရသည်။
.
အဆိုပါ အာခါတိုင်းရင်းသားများ ၏ (၄၄) ကြိမ်မြောက် နှစ်သစ်ကူးပွဲ တော်နှင့် အာခါအမျိုးသားနေ့ ပွဲတော် သို့ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အာခါ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသအ တွင်းရှိ အာခါတိုင်းရင်းသား/သူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ များနှင့် လူမှုရေးအသင်းအဖွဲ့များတက် ရောက်ခဲ့ကြောင်း သိရသည်။
.

Recent Tube